ဆာရာ ကေအက်စ် (ဆွဲလ်(Swell) ကုမ္ပဏီ တည်ထောင်သူ)

0
434
Photo Credit: http://www.forefrontmag.com/

ဆာရာ ကော့စ်(Sara Kauss) ဟာ ယခုနိုင်ငံတကာ ထင်ပေါ်ကျော်ကြားနေတဲ့ ဒီဇိုင်းလှပသွက်လက်ပြီး လူသုံးများနေတဲ့ Swell ဆိုတဲ့ ရေဗူးတွေကို တီထွင်ခဲ့သူပါ။ ဟားဘတ်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့ပြီး အားနပ်စ် အန် ယန်း(Ernst & Young) အဖွဲ့မှာ အကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

ဆွဲလ် ကုမ္ပဏီရဲ့ ဒီဇိုင်းတွေနဲ့ ပစ္စည်းအရည်အသွေးဟာ ဈေးကွက်ထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေကို နိုင်ငံပေါင်း (၃၅) နိုင်ငံထိ ဖြန့်ဝေရောင်းချနေပါတယ်။

ရေဘူး တစ်ဘူးချင်းစီရဲ့ ရောင်းရငွေမှ ပရဟိတ အသင်းအဖွဲတွေနဲ့ချိတ်ဆက်ပြီး ပြန်လည် လှူဒါန်းပါသေးတယ်။ သူမရဲ့ဝင်ငွေဟာ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ဒေါ်လာ (၁၀) မီလီယန်နဲ့ အထက်ထိ၊ ပုံမှန်ဝင်ငွေထက် သုံးဆ တိုးမြင့်လာခဲ့ပါတယ်။

ဆာရာ(Sara) ကို ဖော်ကျူး(Fortune) သတင်းတွေထဲမှာ (အသက်လေးဆယ်အောက် အောင်မြင်နေသူ အယောက် (၄၀)စာရင်း) ထဲမှာ ဖော်ပြ ခံခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။