မိခင်တိုင်းအတွက် အရေးကြီးတဲ့ ရက်ပေါင်း ၁ဝဝဝ ခရီး။

blank
ရက် ၁ဝဝဝ ခရီး ဆိုတာဘာလဲ။

မိန်းမသားတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်ကနေ မီးဖွားပြီးချိန်အထိ ရက်ပေါင်းတစ်ထောင်ကာလမှာ လျှောက်လှမ်းရမယ့် နေ့ရက်တွေပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကနေစပြီး ကလေးလေး ၂ နှစ်ပြည့်တဲ့အထိပေါ့။
ရက် ၁ဝဝဝ ခရီး ဆိုတာဘာလဲ။မိန်းမသားတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်ကနေ မီးဖွားပြီးချိန်အထိ ရက်ပေါင်းတစ်ထောင်ကာလမှာ လျှောက်လှမ်းရမယ့် နေ့ရက်တွေပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ကနေစပြီး ကလေးလေး ၂ နှစ်ပြည့်တဲ့အထိပေါ့။

ဂန္ထဝင်ရဲ့ ရက် ၁ဝဝဝ ခရီးမှာ ဘာတွေတင်ဆက်ပေးမှာလဲ။

ဂန္ထဝင်ရဲ့ ရက် ၁ဝဝဝ ခရီးမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက်

– ဆောင်ရန်ရှောင်ရန်တွေ၊
– မီးဖွားပြီးစ မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုတွေ အကြောင်း၊
– သားသားမီးမီးလေးတွေကို ပြုစုပျိုးထောင်မယ့် မိဘတွေအတွက် အကြံပြုချက်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ရက် ၁ဝဝဝ ခရီးစဉ်မှာ ဖခင်တွေပါ ဘယ်လို ပါဝင်လို့ ရမလဲ။

ရက်တစ်ထောင်ခရီးမှာ ခင်ပွန်းဖြစ်သူရဲ့

– နွေးထွေးကြင်နာမှု၊
– ချစ်ခင်မှုတွေ၊
– အားပေးမှုတွေနဲ့ အတူ

ရင်သွေးရဲ့ ဘဝအတွက် လိုအပ်မယ့်အရာတွေကို ပြင်ဆင်ပေးရင်း ပါဝင်ဖို့လိုပါတယ်။

ရက် ၁ဝဝဝ ခရီးဆိုတာ ဘာကြောင့်အရေးကြီးလဲ။

မိခင်ဘဝရဲ့ ကနဦးရက်တွေဖြစ်တဲ့ ရက်တစ်ထောင်မှာ မှန်ကန်တဲ့ စားသောက်မှုပုံစံတွေ၊ အပြုအမူတွေရှိမှသာ ရင်သွေးအတွက် ကောင်းမွန်တဲ့ဘဝကို ရရှိမှာဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတစ်ယောက်၊ သွက်လက်ကျန်းမာတဲ့ ဆယ်ကျော်သက်တစ်ယောက်နဲ့ တိုးတက်အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်စေဖို့ဆိုတာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ငယ်ဘဝမှာ ရခဲ့တဲ့ အာဟာရဓာတ်တွေနဲ့ ပြုစုပျိုးထောင်မှုတွေက သိပ်ကိုအရေးကြီးတာပေါ့။

ဂန္ထဝင်ရဲ့ ရက် ၁ဝဝဝ ခရီးမှာ မိခင်လောင်းဘဝကနေ မိခင်အဖြစ်ကိုလျှောက်လှမ်းမယ့် နေ့ရက်တိုင်းအတွက် အရေးကြီးတဲ့ အကြံဉာဏ်လေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ ရက် ၁ဝဝဝ ခရီးစဉ်ကို ဂန္ထဝင်နဲ့အတူ လျှောက်လှမ်းချင်တယ်ဆိုရင် ဘာလုပ်မလဲ။

– GandaWin Magazine page ကို like လုပ်ထားပါ။

– #GandaWinFirst1000Days hashtag ဖြင့်ရှာပါ။

– GandaWin page ကို see first လုပ်ထားပြီး အပတ်စဉ်၊ လစဉ်တင်ဆက်မယ့် စာစောင်လေးတွေကို ဖတ်ရှုပါ။

သင့်ရဲ့အတွေ့အကြုံလေးတွေကို comment box မှာ၊ messenger မှာ မျှဝေပါ။
ကဲ… ဂန္ထဝင်မဂ္ဂဇင်း၊ Obipluz, Biogesic Kids နဲ့ Ceelin Plus တို့က အဖော်ပြုပြင်ဆင်ပေးမယ့်သင့်ရဲ့ ရက်တစ်ထောင်ခရီးအတွက် အဆင်သင့်ဖြစ်ပြီလား။