သမီးလေးအတွက် – လောကကြီးကို စိုးရိမ်ပူပန်မနေသင့်ကြောင်း အကြံပေး

blank

လောကမှာ စိတ်ဆင်းရဲစရာ ဖြစ်ရပ်လေးတွေအများကြီး ဖြစ်ပျက်နေပေမယ့်လည်း သမီးလေးအနေနဲ့ မစိုးရိမ်သင့်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ မေမေတို့အားလုံးက လောကကြီးကို ငြိမ်းချမ်းဖို့ အလိုရှိကြပါတယ်။ ဒါပေမယ့်လည်း ဖြစ်မှမလာတာပဲ သမီးရယ်။ ဒါကြောင့် လောကကြီးအတွက် စိတ်ပူပင်မနေသင့်တဲ့ အချက်လေးတွေကို မေမေဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။မေမေတို့ အရာရာတိုင်းကို ဖြေရှင်းပေးလို့ မရနိုင်ပါဘူး။

ကမ္ဘာပေါ်က အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေတောင် ကမ္ဘာတစ်ဝှမ်းက သဘောထားကွဲလွဲမှုတွေကို ပပျောက်အောင် မလုပ်နိုင်ကြသေးဘူးလေ။ အမြဲတမ်း ဖြေရှင်းစရာ အသစ်အသစ်တွေက ပေါ်ပေါက်နေတယ် သမီး။ ဒါကြောင့် သမီးလေးကလည်း ပြဿနာတွေက ကိုယ့်ကိုဝါးမျိုသွားတာမျိုး အဖြစ်မခံပါနဲ့။ သမီးလေးမပြောင်းလဲနိုင်တဲ့ အရာတွေကို သမီးစိုးရိမ်စိတ်ပူပေးနေတာက ဦးတည်ရာမဲ့စေပါတယ်။

၂။စိတ်ဓာတ်ကျ စေပါတယ်။

ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေကို သိဖို့နဲ့ မကောင်းတာတွေ ဖြစ်မလာဘူးလို့ ဟန်ဆောင်နေတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်။ မေမေတို့ လုပ်နိုင်သလောက်ပဲ လုပ်တာကောင်းပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဆုတောင်းနေတာက လက်တွေ့မကျပါဘူး၊ စိတ်ဓာတ်ကျဆင်းသွားတာပဲ အဖတ်တင်မှာပါ။ သမီးမထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် စိတ်ဖိစီးမနေပါနဲ့။

၃။သမီးမှာ တာဝန်မရှိပါဘူး။

ဒုက္ခရောက်နေတဲ့လူတွေအပေါ် စာနာသနားတဲ့စိတ်ထား မေမေတို့မှာ မရှိရင် မေမေတို့က လူသားမဆန်ဘူးလေ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ နိုင်ငံမှာ သမီးမွေးဖွားခဲ့လို့၊ လူသန်းပေါင်းများစွာထက် သမီးပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားလို့ သမီးအပြစ်ရှိသလို မခံစားသင့်ပါဘူး။ သမီးမှ ဒီပြဿနာတွေကို ဖန်တီးတာမှမဟုတ်တာ သမီးမှာ အပြစ်မရှိပါဘူး။

၎။လက်တွေ့ကျပါ။

သမီးလေး မေမေတို့တွေက တစ်ခါတစ်ရံမှာ သူများနိုင်ငံတွေမှာ ကပ်ဘေးဒုက္ခတွေ ကြုံနေရတာကို သတင်းကြားတဲ့အခါ စိတ်မကောင်းဖြစ်မိကြတယ်လေ။ ဒီအကြောင်းတွေပဲ စိတ်ထဲမှာ စိုးမိုးနေတတ်တယ်။ ဒါပေမယ့် သဘာဝဘေးအန္တရာယ်တွေအတွက် မေမေတို့မှ ဘာမှမတတ်နိုင်တာ။ မေမေတို့မဝန်ခံချင်လည်း တစ်လောကလုံးမှာရှိတဲ့ ဒုက္ခသည်တွေအားလုံးအတွက် မေမေတို့ မစွမ်းဆောင်နိုင်တာ အမှန်ပါပဲ။

၅။ကောင်းတာတွေလည်း အများကြီးရှိပါတယ်။

ကြားရတဲ့သတင်းတွေက သတင်းဆိုးတွေ၊ စိတ်မကောင်းစရာတွေဖြစ်နေပေမယ့်၊ ပြစ်မှုကျူးလွန်တာ၊ ရန်ဖြစ်စကားများတာတွေ ကြားနေရပေမယ့် အားလုံးက အဆိုးတွေချည်းပဲ မဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေ၊ သတင်းကောင်းတွေလည်း အများကြီးရှိပါတယ် သမီး။ လူတော်တော်များများက ကောင်းတဲ့နေရာရဖို့ ကြိုးစားနေကြတယ်လေ။ ကြိုးစားရုန်းကန်နေတဲ့လူတွေအကြောင်းတွေးပြီး သမီးကိုယ်သမီးအားမွေးရမယ်၊ လူတွေအတွက် စိတ်ဓာတ်အင်အား လှုံ့ဆော်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် သမီးကြိုးစားရမယ်လေ။

၆။နည်းနည်းချင်း ပြောင်းလဲအောင်လုပ်ပါ။

လူတွေအားလုံးကို ကယ်တင်ဖို့ထက် လူထောင်ချီလောက်ကို ကယ်တင်ပေးနိုင်တဲ့ အဖွဲ့အစည်းလေးတွေ တည်ထောင်ဖို့က ပိုပြီးလွယ်ကူပါတယ် သမီး။ စစ်ပွဲတွေ၊ သတင်းဆိုးတွေကို ကြည့်ရတာ စိတ်မကောင်းဖြစ်စေပါတယ်။ ဒါတွေကို အာရုံမစိုက်ပါနဲ့။ ဒီအစား သမီးလုပ်နိုင်သလောက် နည်းနည်းလေးပဲဖြစ်ဖြစ် အာရုံစိုက်လုပ်လိုက်ပါ။ သမီးပတ်ဝန်းကျင်ကလူတွေကို ကူညီပါ။ လုပ်အားပေးတွေလုပ်ပါ။ သမီးပတ်ဝန်းကျင် ပိုပြီးကောင်းမွန်တိုးတက်လာစေဖို့ တစ်ခုခုကြိုကိုးစားလုပ်ကိုင်ပါ။

၇။သမီးစိတ်စွဲ မနေပါနဲ့။

တခြားနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက သမီးကိုမထိခိုက်နိုင်ဘူးလို့ပြောတာ နှလုံးသားမရှိရာ မကျပါဘူး။ တကယ်လည်း မထိခိုက်နိုင်ပါဘူး။ လေယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ်စီးမယ့်လေယာဉ်လည်း ပျက်ကျမလားဆိုပြီး စိုးရိမ်နေတာမျိုး မဖြစ်ပါနဲ့။

မေမေတို့ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ မေမေတို့ ဂရုစိုက်သင့်တာပေါ့ သမီး။ ဒါပေမယ့် ဒီအရာတွေက မေမေတို့ဘဝကို ဝါးမျိုသွားတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒုက္ခဆင်းရဲကို ခံစားနေရတဲ့ လူတွေကြောင့် မေမေတို့တွေ စိတ်ဆင်းရဲပြီး စိတ်ဓာတ်ကျနေတာမျိုး မဖြစ်သင့်ဘူးလေ။ ဒါကြောင့် သမီးလုပ်နိုင်သလောက် သေးသေးလေးပဲဖြစ်ဖြစ် အာရုံစိုက်ပြီး ကမ္ဘာကြီးအတွက် လုပ်ပေးပါ။

ချစ်လှစွာသော

မေမေ

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊