ပင်ကိုယ်အရည်အချင်းတွေနဲ့ တောက်ပဖို့ ကြိုးစားနေတဲ့ မိန်းကလေးတိုင်းသို့ ပေးစာ

blank

သင်က ပင်ကိုယ်အရည်အချင်းတွေနဲ့ ထွန်းတောက်နိုင်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင်……

  • ရုန်းကန်မှုတွေဟာ တိုးတက်ကြီးပွားဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းတွေပါ။
  • ရင်ဆိုင်ရတဲ့ အခက်အခဲတွေထက် ပိုပြီး အင်အားကြီးမားတာကတော့ အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ စိတ်ဓာတ်ခွန်အားပါပဲ။
  • လဲကျပြီး ပြန်ထတဲ့လူက ဘယ်တော့မှ လဲမကျဖူးတဲ့လူထက် ပိုပြီး ကြံ့ခိုင်ပါတယ်။
  • တစ်ခါတလေမှာ ကိုယ်က အပြစ်အနာအဆာလို့ ထင်နေတဲ့ အရာလေးတွေဟာ တခြားသူက ချစ်ရတဲ့အကြောင်းလေး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာလေးတွေကို အရှိအတိုင်းလက်ခံလိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး ကိုယ်မသိသေးတဲ့ အနာဂတ်ဆီကို ခြေလှမ်းလိုက်ခြင်းဖြင့် ကိုယ့်ရဲ့အစွမ်းအစတွေကို ရှာဖွေပါ။
  • အကြောက်တရားတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။ ရောက်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
  • ဘဝမှာ ရွေးချယ်စရာ၊ တာဝန်ယူစရာတွေက တစ်မျိုးထက်ပိုပြီး အမြဲရှိနေပါလိမ့်မယ်။ ကိုယ်ရောက်ရှိနေတဲ့ အခြေအနေနဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် အရာကို ချိန်ကိုက်ပြီး ဦးစားပေးသင့်တာကို ရွေးချယ်အချိန်ပေးပါ။
  • အကောင်းမြင်စိတ်ရှိတဲ့သူက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဘဝရဲ့လမ်းကြောင်းတွေကို တည့်မတ်စွာလျှောက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။
  • ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည်ပါ။ ကိုယ်ဟာ ကိုယ့်ရဲ့ထွက်သက်အထိ ဘေးနားမှာရှိနေပေးမယ့်သူဆိုတာကို နားလည်လက်ခံပါ။

သင်ကော ဘယ်လိုအကြံပြုချက်လေးတွေပေးချင်လဲ။ Comment box မှာ မျှဝေပေးပါဦး။