သမီးလေးအတွက် – အချစ်ရေးအကြံပေး

blank

၁။သမီးကို တစ်ယောက်ယောက်က ချစ်တယ်ဆိုရင်လည်းကိစ္စမရှိပါဘူး။ ပြန်ချစ်မိသွားရင်လည်း ရပါတယ်။ ဒါပေမယ့် သမီးရဲ့နှလုံးသားလေးအတွက်တော့ သမီးမှာ တာဝန်အပြည့်ရှိတယ်နော်။ သမီးခံစားချက်တွေအတွက် အခွင့်အာဏာကို သမီးကိုယ်တိုင်မထုတ်ပေးသ၍ ဘယ်သူမှဖျက်ဆီးလို့ မရပါဘူး။

၂။အချစ်ဇာတ်လမ်းလေးတွေဆိုတာ လှပတယ်၊ အနုပညာဆန်တယ်။ ဒီလိုအချစ်ဇာတ်လမ်းလေး ရရှိနိုင်ဖို့ သမီးကြိုးစားအားထုတ်ဖို့ မလိုပါဘူး။ စိတ်ကူးယဉ်ဆန်ဆန် မဟုတ်ဘဲ တကယ်တွေ့ကြုံရတဲ့ အားကျဖွယ် အချစ်ဇာတ်လမ်းလေးဖြစ်ဖို့ ကြိုးစားအားထုတ်ပါ။

၃။ရည်းစားထားတယ်ဆိုတာ သမီးချစ်ရတဲ့ လက်တွဲဖော်ကို ရှာတွေ့ဖို့ပဲလေ။ ဘယ်လိုလက်တွဲဖော်မျိုးလဲဆိုတော့ သမီးကလည်း သမီးချစ်သူကို သူဖြစ်နေလို့ကို ချစ်ပြီး၊ သမီးချစ်သူကလည်း သမီးဖြစ်နေလို့သာ သမီးကိုချစ်ရတဲ့ လက်တွဲဖော်မျိုးပေါ့။

၎။သမီးလေး ကိုယ့်ကိုယ်ကို ရိုသေလေးစားရမယ်၊ တန်ဖိုးထားရမယ်။ ဒီလိုမှ သမီးကိုယ်သမီး မရိုသေရင် သမီးချစ်သူကလည်း သမီးကို လေးစားတန်ဖိုးထားမှာ မဟုတ်ဘူး။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။အမျိုးသားတစ်ယောက်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သမီးရဲ့ ရုပ်ရည်၊ အသက်အရွယ်နဲ့ ဖြူစင်ခြင်းတွေထက် ပိုအရေးကြီးတာတွေ ရှိပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ စိတ်နေသဘောထား၊ အပြုအမူလေးတွေကို မွေးမြူရမယ် သမီး။ အကောင်းမြင်စိတ်လေးတွေ၊ ရွှင်ပြနေတဲ့စိတ်လေးတွေ၊ အရာရာကို အကောင်းဘက်ကတွေးတတ်တာလေးတွေက ပိုအရေးကြီးပါတယ်။

၆။သမီးရဲ့လက်တွဲဖော်က သူ့မေမေကို ဘယ်လိုချစ်တယ်ဆိုတာ သမီးဂရုစိုက်ကြည့်ပါ။ ဒီအချစ်က သမီကို သူချစ်မယ့် အချစ်မျိုးပါပဲ။

၇။သမီးနှစ်သက်တဲ့အရာတွေကို ကြာကြာနေရင် တစ်ခါလောက်တော့ သမီးကိုယ်တိုင် ပြုလုပ်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဇိမ်ရှိရှိ တစ်ခုခုကို လေ့လာသင်ယူပါ၊ သမီးဆန္ဒရှိတာကို လုပ်နိုင်ပါတယ်။

၈။သမီးကိုယ်သမီး ချစ်သလို သမီးလက်တွဲဖော်ကိုလည်း ချစ်ရမယ်။ ဒါပေမယ့် အရာရာတိုင်းတော့  သူ့ကိုအားကိုးနေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ သမီးလေး။ တကယ်လို့များ သမီး သူ့ကိုဆုံးရှုံးရမယ်ဆိုရင် သမီးမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူးလေ။ ဒါကြောင့် အချစ်မှာ ကိုယ့်ကိုယ်ကိုလုံးဝ ပျောက်ဆုံးသွားတာမျိုးတော့ အဖြစ်မခံနဲ့နော်။

၉။သမီးအပေါ် သမီးချစ်ရတဲ့သူက ကောင်းတယ်ဆိုရင် သမီးနားမှာသူရှိနေပါစေ။ သူကမကောင်းဘူးဆိုရင်တော့ သမီးအဆက်ဖြတ်နိုင်ရမယ်။ သမီးကို ချစ်ပါတယ်လို့ ပြောတဲ့လူတိုင်းက ရိုးသားဖြူစင်စွာ ပြောတာဟုတ်မဟုတ်တော့ သမီးကိုယ်တိုင် ချင့်ချိန်တက်ရမယ်နော်။

၁၀။သမီး အသည်းကွဲရင် ကွဲရပါလိမ့်မယ်။ ဒါပေမယ့် သမီးလေးစိတ်မပူပါနဲ့။ သမီး ပြန်ထနိုင်ပါလိမ့်မယ်။ အချိန်က သမီးလေးရဲ့ဒဏ်ရာတွေကို ကုစားသွားပါလိမ့်မယ် ဆိုတာတော့ အမှန်အကန်ပဲသမီး။

၁၁။သမီးလုံးဝမမေ့နိုင်ဘူးဆိုတဲ့ အချစ်မျိုးလည်း သမီးတွေ့ရကောင်းတွေ့ရလိမ့်မယ်။ အမြဲတမ်းပဲ သတိရတမ်းတပြီး ခံစားရနိုင်ပါတယ်။ ဒါပေမယ့်သမီး ဒါကကိစ္စမရှိပါဘူး။ သမီးလူတစ်ယောက်ကို နက်နက်နဲနဲ ချစ်မိသွားလို့ ဒီလိုခံစားရတာပေါ့၊ ဒီလိုခံစားရတယ်ဆိုတာကလည်း သမီးဒီအချစ်ကို မေ့နိုင်လောက်တဲ့ထိ သမီးကကြံ့ခိုင်လို့ပါပဲလေ။

၁၂။သမီးလည်း တစ်ယောက်ယောက် အသည်းကို ခွဲမိရင်ခွဲမိနိုင်ပါတယ်။ သမီးကိုယ်သမီး ခွင့်လွှတ်လိုက်ပါ။ မေမေတို့အားလုံးက ပျော်ရွှင်ဖို့ပဲ ကြိုးစားနေကြတာ မဟုတ်လား။

၁၃။သမီးလက်တွဲဖော်က သမီးရဲ့တန်ဖိုးကို နားမလည်ရင်၊ မသိရင် သူနားလည်တဲ့အထိ သမီးမစောင့်ပါနဲ့။ ပိုပြီးကောင်းတဲ့ လက်တွဲဖော်တစ်ယောက်နဲ့ ရှေ့ဆက်ရမယ့်သမီးဘဝကို ဆုံးရှုံးနိုင်ပါတယ်။

၁၄။အမျိုးသားတစ်ယောက်က သမီးကိုနှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ်ဆိုရင် သမီးမှာလည်း သမီးထားရှိထားတဲ့ ကန့်သတ်ချက်လေးတွေရှိတာကို သူခွင့်ပြုပေးပါလိမ့်မယ်။ ကိုယ့်ကိုနောက်မှ နောင်တရစေမဲ့ သို့မဟုတ် ကိုယ်ပြန်အစားထိုးမရနိုင်တဲ့ ကိုယ့်ဂုဏ်သိက္ခာကို ဘယ်သူ့အတွက်မှ အဆုံးရှုံးမခံပါနဲ့ သမီးလေး။

၁၅။သမီးလက်တွဲဖော်က သမီးကိုလက်ထက်ခွင့်တောင်းလာတဲ့အခါ သမီးအနေနဲ့ အဖြေပေးဖို့ တုံ့ဆိုင်းနေတယ်ဆိုရင် “no” ဆိုတဲ့အဖြေကိုသာ ပေးလိုက်ပါ။ လက်ထပ်တယ်ဆိုတာ တစ်ဘဝလုံးစာ ဆုံးဖြတ်ရတဲ့ကိစ္စပါ။ ဒါကို သမီးအနေနဲ့ မသေချာမရေရာဘဲ လက်ထပ်လိုက်လို့ မဖြစ်ဘူးလေ။ သမီးရဲ့မသိစိတ်လေးကိုသာ ယုံကြည်လိုက်ပါ။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။