ကျွန်မမှာသာ သမီးတစ်ယောက်ရှိခဲ့မယ်ဆိုရင်…

blank

တစ်နေ့ ကျွန်မမှာသမီးလေးတစ်ယောက် ရှိခဲ့မယ်ဆိုရင် ပထမဆုံးသမီးလေးကိုပွေ့ချီလိုက်ပြီး ကလေးအနံ့လေးကို ကျွန်မရှူရှိုက်ရင်းခံစားမှုလေးအသစ် ဖြစ်ပေါ်မိမှာပါ။ သမီးလေးက မွေးကင်းစလေးဆိုတော့ ကျွန်မလက်ထဲမှာပဲ ပုခက်လွှဲသိပ်မယ်လို့ စိတ်ကူးမိတယ်။ ဒီစိတ်ကူးလေးက ပြီးပြည့်စုံလွန်းပါတယ်။ ဒီလိုလှပတဲ့ ဘဝသစ်လေးတကယ်ဖြစ်လာဖို့ဆိုတာ နာကျင်ခံစားပြီးအခက်အခဲတွေ ကျော်လွှားပြီးမှ ရမယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးမိတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မသမီးလေးကို ချစ်ခြင်းမေတ္တာတွေ အများကြီးပေးမှာပါ။ ကျွန်မပေးချင်တဲ့ ချစ်ခြင်းမျိုးက အခုမှမောပန်းနေအောင် သုပ်ထားလို့ ပြောင်လတ်နေတဲ့ ပြတင်းပေါက်မှန်လေးကို ကြည့်နေတုန်း သမီးလေးကသူ့လက်သေးသေးလေးတွေနဲ့ ပြတင်းပေါက်ကိုကိုင်လိုက်ရင်တောင် မှန်ပေါ်ကသမီးလေးရဲ့ လက်ရာလေးကို မြတ်နိုးစွာကြည့်နေမယ့် ချစ်ခြင်းမျိုးပေါ့။ နွားနို့ခွက်လေးမှောက်ကျသွားလို့ ငိုနေတဲ့သမီးလေးဆီကို ပြေးပြီးပေကျံနေတဲ့နွားနို့တွေကိုမမြင်ဘဲ သမီးလေးမျက်နှာပေါ်က မျက်ရည်လေးတွေကိုပဲ သုပ်ပေးနေတဲ့ အချစ်မျိုး၊ရှုပ်ပွနေတဲ အရုပ်တွေကြားထဲက သမီးလေးကိုပဲ မြင်မိပြီး ပွေ့ချီမိတဲ့ အချစ်မျိုးတွေပေါ့။ ပြီးရင် သမီးလေးနဲ့တူတူ လေးဘက်ထောက်သွားမယ်၊ လမ်းလျှောက်တတ်ခါစမှာ သမီးလေးနဲ့တူတူ လမ်းလျှောက်မယ်၊ သမီးလေးကိုလက်တွဲပြီးပြေးမယ်၊ သမီးလေးအရွယ်ရောက်လာတဲ့အခါ ဘေးကနေ မားမားမတ်မတ် ရပ်တည်ပေးမယ်။ သမီးလေးက ကလေးငယ်လေးကနေ ကြီးပြင်းလာခဲ့တဲ့အခါ သူ.မေမေနဲ့တူအောင် နှုပ်ခမ်းနီလေးဆိုးပါလိမ့်မယ်။  အဲဒီအခါ ကျွန်မကလည်း သမီးလေး ဘယ်လောက်လှတယ်ဆိုတာ ချီးကျူးပြောဆိုမှာပေါ့။

သို့ပေမယ့်လည်း ငယ်ရွယ်နုပျိုခြင်းတွေက အမြဲထာဝရ မတည်မြဲဘူးဆိုတာကို ရှင်းပြပေးရဦးမှာ။ “သမီးလေး တကယ့်အလှစစ်ဆိုတာ သမီလေးဝတ်ထားတဲ့ အဝတ်အစားတွေ၊ သမီးလေးရဲ့ အပြင်ပန်းရုပ်ရည်နဲ့ လှပတဲ့ဆံပင်လေးတွေပဲ မဟုတ်ပါဘူး။”

“မိန်းကလေးတစ်ယောက်ရဲ့ အလှစစ်က သူ့ရဲ့မျက်လုံးထဲမှာ ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ မျက်လုံးထဲကမှတဆင့် သမီးလေးရဲ့ စိတ်ထဲ၊နှလုံးထဲကို မြင်နိုင်လို့လေ။ နှလုံးသားဆိုတာ ချစ်ခြင်းမေတ္တာတွေသိမ်းဆည်းထားတဲ့နေရာ ဖြစ်လို့ပါ။”

သမီးလေးက ဒါတွေအားလုံးကို နားလည်ဖို့ ငယ်ရွယ်သေးပေမယ့် သူမေမေရဲ့ စကားလေတွေဆိုပြီး ခေါင်းလေးတညိမ်ညိမ့်နဲ့ နားထောင်နေလိမ့်မယ်ဆိုတာကို ကျွန်မမြင်ယောင်မိပါတယ်။

မျက်စိတဖြုတ်လေးမှာပဲ သမီးလေးက ငယ်ရွယ်တက်ကြွပြီး ခံစားတတ်တဲ့ ဆယ်ကျော်သက် အရွယ်ဖြစ်လာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သမီးလေးဘေးမှာ ကျွန်မအမြဲရှိနေမှာပါပဲ။ သမီးလေးကို အမှားတွေပြင်ပေးပြီး ဆုံးမသြဝါဒခြွေမှာထက် သမီးလေးနဲ့ ဆက်ဆံရေးကို တိုးတက်ဖို့ကြိုးစားပါမယ်။ သိဖို့ကို ဂရုစိုက်တာထက် ဂရုစိုက်တတ်ဖို့သိအောင်လုပ်ပါ့မယ်။ သမီးလေးနဲ့တူတူ တောင်တက်မယ်၊ စွန်လွတ်မယ်။ သမီးလေးကို ရိုက်ဆုံးမတာထက် ထွေးပိုက်ထားပါ့မယ်။
သမီးလေးကို ကျွန်ချစ်ပါတယ်ဆိုတာ အမြဲလိုလို ပြောနေမယ်လေ။
ရေချိုးပေးရင်လည်းပြောမယ်၊ သွားတိုက်ပေးရင်လည်းပြောမယ်၊
ကျောင်းမနောက်ကျဖို့ပြောရင်လည်း ချစ်တဲ့အကြောင်းထည့်
ပြောရဦးမယ်။ ညဘက်ဆိုရင်လည်း သမီလေးစာအုပ်ဖတ်နေတာ
ရပ်ဖို့ပြောမယ်၊ မီးပိတ်ပေးမယ်၊ အိပ်ယာဝင်ဖို့ပြောပြီးချစ်တယ်လို့ ပြောဦးမယ်။

နေ့တိုင်းနေ့တိုင်း သမီးလေးကိုချစ်တဲ့အကြောင်းပြောပြီး သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာကို မှတ်မိနေစေမယ်လေ။
သမီးလေးနဲ့တူတူ စာအုပ်တွေဖတ်မယ်။ ဘာသာစကားမတူညီတဲ့ ရုပ်ရှင်တွေကြည့်ပြီး သမီးလေးကို ဘာသာစကားတွေ လေ့လာသင်ယူဖို့ ကူညီမယ်။ ပညာပေးပုံပြင်တွေ၊ ပညာပေးဇာတ်လမ်းတွေ တူတူလေ့လာပြီး သမီးလေးကို ဘဝသင်ခန်းစာတွေကို ပြောပြသင်ကြားပေးမယ်။ အမှားလုပ်ပြီးရင်လည်း တောင်းပန်တတ်အောင် သင်ပြပေးမယ်။ သမီးလေးကို ကျောက်လေးပွတ်ပြီး ချော့သိပ်နေတဲ့အချိန် အသိဉာဏ်တိုးစေမယ့် စကားတွေ တီးတိုးပြောပြမယ်။ မအိပ်ပျော်ခင် သင်ယူတာက ပိုစွဲမြဲမှတ်မိတယ် ဆိုတာကြောင့်လေ။

သမီးလေးလက်ကို နေ့စဉ်နဲ့အမြဲ ကိုင်ထားလို့ရပေးမယ့် ကျွန်မမကိုင်ပါဘူး၊ သမီးလေးလည်း ကိုယ့်လမ်းကိုရှာရမယ်လေ။ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ တတ်နိုင်သမျှ သူုကိုလွတ်ထားပေးမှာပါ။ သမီးလေးကို ကိုယ့်ကိုယ်ကိုဂုဏ်ယူပြီး အကောင်းဆုံးကြိုးစားဖို့ ပြောပါ့မယ်။ ပန်းတိုင်တွေကို ရရှိအောင်မြင်အောင် ကြိုးစားပါ၊ ကျန်တာဘုရားက ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ ပြောပြမယ်။ သမီးလေးကို အင်အားတွေကိုချစ်ဖို့ထက် အချစ်ရဲ့အင်အားတွေသိအောင် ပြောပြမယ်။ အရွယ်ရောက်လာရင် သမီးလေး အရှုံးတွေနဲ့ နာကျင်ခံစားရတာတွေကိုကြုံလာရမယ်။ လိုချင်တဲ့အရာအားလုံးက အလှမ်းဝေးနေပြီးမှားယွင်းနေတဲ့ခံစားချက်တွေ၊ ပြုံးချင်ပေမယ့် သက်ပြင်းချရတဲ့အခါ ကျွန်မပြောမှာကတော့ “သမီးလေး အနားယူချင်ရင်ယူလိုက်ပါ၊ ဒါပေမယ့် မရပ်တန့်ပါနဲ့၊ နည်းနည်းလောက် ဇွဲမြဲလိုက်တာနဲ့ အောင်မြင်တော့မှာပါ” အောင်မြင်ဖို့က နှေးနေပေမယ့် နောက်တစ်ဆက်ကြိုးစားရင် အောင်မြင်မှာပါလို့ပြောပြပါမယ်။ သမီးလေး    ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ကို ကျွန်မအရင်ကြိုးစားပါ့မယ်။ အိမ်ကိစ္စတွေကို ပြီးမှလုပ်မယ်။ သမီးလေးကို သန်မာအောင် လုပ်ပေးမယ်။

အချိန်တွေကြာလာတဲ့အခါ သမီးလေးက သူ့ဘဝရဲ့လက်တွဲဖော်နဲ့ တွေ့ရဦးမယ်။ မင်္ဂလာဆောင်ဖို့ သမီးလေးပြောလာပြီဆိုရင် မင်္ဂလာဝတ်စုံလေးနဲ့ လှနေတဲ့ သမီးလေးကိုကြည့်မဝဖြစ်နေမှာပါ။ မျက်ရည်ဝိုင်းနေတဲ့ ကျွန်မမျက်လုံးတွေနဲ့ ပုလဲလုံးလေးတွေ ဇာလေးတွေ နဲ့ရင်ခုန်နေတဲ့ သတိုးသမီးလေးကို ကြည့်နေပါ့မယ်။ ကျက်သရေရှိလှတဲ့ သမီးလေးကို ကြည့်ပြီး သမီးလေး အိမ်ပြောင်းပြီး ကိုယ့်ဘဝကိုယ် ခွဲနေတော့မှာကိုတော့ ဝမ်းနည်းမိပါတယ်။ လှလှပပလေးကြီးပြင်းလာတဲ့ သမီးလေးကို ကြည့်ပြီး ဆုံးရှုံးတော့ရမှာကြောင့် ဝမ်းနည်းမိပေမယ့် တစ်ကိုယ်ကောင်းမဆန်သင့်ဘူးလို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးရမယ်။ သမီးလေးကိုဖတ်ပြီး ကြောက်ရွံ့ခြင်းနဲ့ သံသယတွေနဲ့ ပြည့်နက်မနေစေဖို့ ပြောရဦးမယ်။ နောက်ဆုံးအနေနဲ့ သမီးလေးကိုတစ်ခါကြည့်ပြီး အပြန်အလှန်ပြုံုးကြမယ်။ သမီးလေးဘာဖြစ်ဖြစ် အမေကတော့ ထာဝရအမေပါပဲဆိုတာ သိအောင်လုပ်ပါ့မယ်။ သမီးလေးကို အနမ်းလေးပေးပြီး နောက်ဆုံးဆိုတဲ့ အချိန်မရောက်မချင်း သမီးလေးကို ထားမသွားဘူးဆိုတာ ပြောပြမယ်။ ကျွန်မဟာ ထူးကဲလှတဲ့ အခွင့်ထူးတစ်ခုဖြစ်တဲ့ မိခင်တစ်ယောက်ဖြစ်ခွင့်ရပြီဆိုရင် သမီးလေးကို ဘယ်တော့မှခွဲသွားမှာ မဟုတ်ပါဘူး။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။