မေတ္တာတရား အပြည့်ဝဆုံး Valentine လက်ဆောင်

blank
Photo Credit: Pixabay.com

Valentine နေ့ဆိုတာ ချစ်သူစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် ပန်းစည်းလေးတွေ ချောကလပ်လေးတွေ အပြန်အလှန်ပေးရင်း ကြည်နူးစွာ ဖြတ်သန်းလေ့ရှိကြတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံ (India) ဒေလီ (Dheli) မြို့မှာရှိတဲ့ ချစ်သူစုံတွဲတွေရဲ့ ချစ်သူများနေ့ ကျင်းပပုံကိုကတော့ စာဖတ်ပရိတ်သတ်ကြီးကို အံသြကြည်နူးစေမှာ အသေအချာပါပဲ။ အဲဒီနေ့လေးမှာ ချစ်သူစုံတွဲတွေဟာ မိမိတို့ ချစ်သူရဲ့ ကျန်းမာရေးကောင်းမွန်မှုအတွက် လိုအပ်ချက်ကို ဖြည့်စည်းဖို့ရာ မိမိခန္ဓာကိုယ်မှ အသည်းတွေ၊ ကျောက်ကပ်တွေ လှူဒါန်းကြပါတယ်။ သူတို့ ပိုင်ဆိုင်သမျှတွေထဲက တန်ဖိုးအရှိဆုံးတွေနဲ့ ချစ်ခြင်းကို တိုင်တည် သက်သေပြလိုက်တဲ့ သဘောပါ။

ဒီလောက်အဓိပ္ပါယ်ရှိပြီး ကြည်နူးစရာကောင်းတဲ့ ချစ်သူလက်ဆောင်(Valentine Gift) မျိုးဘယ်နေရာမှာမှ ရနိုင်မယ် မထင်တော့ပါဘူး။

စာဖတ်သူတို့လည်း လာမယ့်ချစ်သူများနေ့မှာ ချစ်သူအတွက် အမှတ်တရ လက်ဆောင်လေးတွေ ဖန်တီးနိုင်ကြပါစေလိှု့ ဆန္ဒပြုရင်း…..

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။