တစ်ကိုယ်ကောင်းဆန်တတ်တဲ့ လူတစ်ယောက်ကိုချစ်မိနေပြီလား

blank

ဒါဆိုရင်တော့ သင့်ချစ်သူဟာ

၁။  ကိစ္စတိုင်းမှာ သူမှန်တယ်လို့ပဲ ယူဆတတ်ပါတယ်။

၂။ သူရွေးချယ် ဆုံးဖြတ်တာတွေကိုပဲ အမြဲအတည်ပြုလေ့ရှိတယ်။

၃။ အယူအဆတွေ မတူခဲ့ရင်လဲ ဘယ်တော့မှ ညှိနှိုင်းဖို့ မကြိုးစားဘူး။

၎။ သူပဲ အမြဲတမ်း အနိုင်ရချင်တယ်။

၅။ သင်ဘယ်လောက် သင်တို့ Relationship ကို ဂရုစိုက်နေပါစေ သူကတော့ အရေးမလုပ်ပါဘူး။

၆။ အကြောင်းအရာတစ်ခုကို သေချာမသုံးသပ်ပဲ သူ့ယူဆချက်တွေနဲ့ ဆုံးဖြတ်လေ့ရှိတယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်တယ်။

၇။ သူဟာ သင့်အတွက်အဆင်သင့် ရှိနေတယ်ဆိုတာ သိပ်ကိုရှားပါတယ်။

၈။ သင့်ချစ်ခြင်းမေတ္တာတွေ၊ ဝမ်းသာပျော်ရွှင်မှုတွေနဲ့ နာကျင်မှုတွေအားလုံးကို ဂရုစိုက်ဖို့ သတိမရပါဘူး။

၉။ သူ့ဆန္ဒအတိုင်း ဖြစ်မလာဘူးဆိုရင် အပြင်းအထန် ပေါက်ကွဲတတ်ပါတယ်။ ဒါမှမဟုတ် ဘာမှမဖြေရှင်းပဲ ရှောင်ထွက်သွားလိမ့်မယ်။

၁ဝ။ သူ့စိတ်ကြိုက် သင့်ကို ပြုပြင်ပြောင်းလဲချင်တယ်။

စာဖတ်ပရိသတ်ကြီးရယ်… ဒီလိုလူမျိုးကို ချစ်မိနေပြီလား။ အချိန်ခဏယူပြီး ပြန်လည်းတွေးတောချိန်ဆကြည့်လိုက်ပါ။ သိပ်ချစ်နေတဲ့အချိန်မှာ ဒါတွေကိုသည်းခံနိုင်ပေမဲ့ ရည်ရှည်မှာ စိတ်ပင်ပန်းမှုတွေ ဖြစ်လာစေမလား ဆိုတာလဲ ထည့်သွင်းစဉ်းစားဖို့လိုလာပါပြီ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Share ဖို့ မမေ့နဲ့နော်။