လူမျိုးခြားချစ်ခြင်းများအပေါ် အကြံပြုချက်များ

blank

ကျွန်မတို့ နေထိုင်တဲ့ အဖွဲ့အစည်း ရဲ့အပြင်ဘက်က လူတစ်ယောက်ကို ကျွန်မတို့ချစ်မိတဲ့အခါ ကျွန်မတို့ ဘယ်လောက်ပဲ အမြင်ကျယ်တယ်လို့ ယူဆနေပါစေ သတိထားသင့်တဲ့ အရာလေးတွေတော့ ရှိပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခုခေတ် လူမှုပတ်ဝန်းကျင်ဟာ အရင်ကလို ခေတ်နောက်ပြန်ဆွဲတဲ့ အကြောင်းရာတွေ မရှိတော့တာ ဒီလို ချစ်ခြင်းတရားတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ချစ်သူတွေအတွက်တော့ မင်္ဂလာသတင်းပါဘဲ။ ဒါ့ကြောင့်လည်း ဒီဘက်ခေတ်မှာ လူမျိုးခြား ဒါမှ မဟုတ် မတူညီတဲ့ အဖွဲ့စည်းနှစ်ခုကြားက ချစ်ခြင်းတွေကို တားမြစ်ပိတ်ပင်တာတွေ နည်းပါးလာတယ်။ မတူညီတဲ့ အဖွဲ့အစည်းနှစ်ခုကြားမှာ အနှာင်အဖွဲ့လေးတစ်ခု ချည်နှောင်ဖို့ ကြိုးစားတဲ့အခါ အံ့ဝင်ကွင်ကျဖြစ်ဖို့နဲ့ တည်ငြိမ်ခြင်းတွေက အရင်ကိုယ်နေထိုင်တဲ့ အဖွဲ့အစည်းမှာထက် ပိုပြီး မြင့်မားလာတာကို တွေ့ရပါတယ်။ မတူညီတဲ့ အဖွဲ့စည်းနှစ်ခုကြားထဲက မိသားစုတွေဟာ သူတို့ဘိုးဘေးတွေကတည်း လက်ခံလာခဲ့တဲ့ ယုံကြည်တဲ့ အစွဲလမ်းကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး။ ကိုယ့်အဖွဲ့အစည်း ပြင်ပကလူတစ်ယောက်ကို လက်ထပ်ခြင်းက ခေတ်လူငယ် (Generation Y) အတွက် မထူးဆန်းပေမဲ့ မိရိုးဖလာအစွဲအလမ်း ရှိနေတဲ့ ကိုယ့်မိသားစုက ဒါတွေကို လက်ခံပေးနိုင်ဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ ဒီလိုနဲ့ အခက်ခဲတွေကြားက ပေါင်းစပ်မိတဲ့ သင်တို့ရဲ့ ဘ၀မှာ တဖြည်းဖြည်း ရင်ဆိုင်လာရမယ့် တစ်ချို့သော အချက်တွေ ရှိလာပါလိမ့်မယ်။ ဒါလေးတွေကို သတိပြုမိဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့ယုံကြည်ချက်ကို တန်ဖိုးထား လေးစားပါ။

သူ့ယုံကြည်မှုကို အတွင်းစိတ်ကနေတောင် ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ အယူဝါဒ၊ ယုံကြည်မှု၊ ဘာသာတရား အားလုံးကို တန်ဖိုးထား လေးစား ပြလိုက်ပါ။ ကိုယ့်လူမျိုးရေး လှုပ်ရှားမှုတွေမှာ ကိုယ့်လက်တွဲဖော်က အားတက်သရော ဝင်ရောက် ပါဝင်တယ်ဆိုရင် ကိုယ်ကံကောင်းလို့ပါ။ ဒါပေမယ့် သူကဒါမျိုးတွေ ဝင်ရောက်ပါဝင်တာမရှိဘူးဆိုရင်လည်း စိတ်မကောင်း မဖြစ်ပါနဲ့။

၂။ ကွဲပြားနေတဲ့ မိသားစုနှစ်စုကြား ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ။

ကိုယ်နဲ့ ကိုယ့်လက်တွဲဖော်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားတာတွေကို နားလည်လက်ခံပေမယ့် မိသားစုဝင်တွေအတွက်တော့ လက်ခံဖို့ ခက်ခဲနေမယ်ဆိုတာကို သတိရပါ။ ကိုယ့်လက်တွဲဖော် မိသားစုကပြောလာတာတွေအတွက် သူ့ကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်မိသားစုကိုလည်း ဒီအခြေအနေကို လက်ခံနိုင်ဖို့ နှစ်သိမ့်ပေးပါ။ နှစ်ဖက် မိသားစုတွေက ကိုယ့်အပေါ် နားလည်ပေးဖို့ အချိန်အကြာကြီးယူတာကို စိတ်မကောင်းမဖြစ်ပါနဲ့။

၃။ သားသမီး အရေးကို ကြိုဆွေးနွေးပါ

မတူညီတဲ့ အဖွဲ့စည်းနှစ်ခုကြားက အယူဆတွေထဲကနေ ရုန်းထွက် ကြိုးစားပြီး လက်ထပ်ကြမယ်ဆိုရင် လက်မထပ်ခင် သားသမီးကိစ္စအရင် ဆွေးနွေးထားပါ။ တစ်ခါတစ်လေမှာ မတူညီတဲ့ အရာအားလုံးကို အတူတူ ဖြတ်သန်းကျော်လွှားနိုင်ခဲ့ပြီးမှ နောက်ဆုံး တစ်ဦးနဲ့ တစ်ဦး သားသမီး အရေးအတွက် သူ့ဘာသာ၊ ငါ့ဘာသာ ဆိုတဲ့ ကိုယ်မသိဘဲ ကိန်းအောင်းနေတဲ့ ကိုယ့်ယုံကြည်မှုက ကလေးတွေအပေါ် လွှမ်းမိုး လွန်ဆွဲတတ်ကြပါတယ်။ အဲဒီလို အခါမျိုးမှာ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဟာ အလွယ်တကူ ပျက်စီးသွားတတ်ပါတယ်။ ဥပမာ သားသမီးတွေကို မတူညီတဲ့ မိဘနှစ်ဦးရဲ့ ဘာသာနှစ်ခုကို လွတ်လပ်စွာ ကိုးကွယ်ခြင်းမျိုး၊ လေ့လာခွင့်ပေးတာမျိုးတွေ ခွင့်ပြုသင့်ပါတယ်။ တစ်ခါတလေ လက်မထပ်ခင်မှာ သားသမီးကိစ္စက အရေးမကြီးဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ ပြဿနာကြီးဖြစ်လာနိုင်ပါတယ်။ သားသမီးတွေရဲ့ ယုံကြည်မှုနဲ့ အယူဝါဒတွေကို ဘယ်လိုပျိုးထောင်ကြမလဲ။ ဒါတွေကိုကြိုတင် ဆုံးဖြတ်ထားမှ တကယ့် လက်တွေ့အချိန်မှာ စောဒကတက်စရာမလိုမှာပေါ့။

၎။ ရိုးရာဓလေ့တွေကို ပစ်မထားပါနဲ့။

လက်ထပ်ပွဲကျင်းပဖို့ စီစဉ်တဲ့အခါ နှစ်ဖက်လူမျိုးနှစ်ခုလုံးရဲ့ ရိုးရာဓလေ့တွေပါအောင် ထည့်ဖို့ကြိုးစားပါ၊ ဒါမှမဟုတ်လည်း ဘယ်ဓလေ့မှ မပါဘဲ ရိုးရိုးရှင်းရှင်းလေး ကျင်းပပါ။ ကိုယ့်လူမျိုးဓလေ့ကို အဓိကထားချင်နေရင် မမျှတရာကျပါတယ်။ မင်္ဂလာပွဲဆိုတာ အမျိုးသမီးတွေရဲ့အိပ်မက်ဖြစ်တာမို့ အမျိုးသား အကြိုက်လုပ်စရာမလိုဘူးလို့ ယုံကြည်နေရင် သေချာပြန်စဉ်းစားပါ။ အမျိုးသားတော်တော်များများကလည်း သူတို့မင်္ဂလာပွဲကို သူတို့စိတ်ထဲမှာ စဉ်းစားထားတဲ့ ပုံစံနဲ့ နေရာလေးရှိကြတာပါပဲ။

 

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊