လက်ထပ်ခွင့်ကို သဘောမတူခင် ကိုယ့်ကိုယ်ကို ပြန်မေးသင့်သော မေးခွန်း (၄)ခု

blank

ချစ်လို့ပဲဖြစ်ဖြစ် စီစဉ်ပေးလို့ပဲဖြစ်ဖြစ် လက်ထပ်ဖို့ ဆန္ဒရှိတာ သေချာရဲ့လား။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့အတွက် အောက်ဖော်ပြပါ မေးခွန်းလေးခုကို ဖြေကြည့်လိုက်ပါ။

၁။မိဘကိုစိတ်ချမ်းသာ စေချင်လို့လား။

ပိုပြီး ခေတ်မှီတိုးတက်လာခဲ့ပေမယ့် တချို့အမျိုးသမီးတွေက မိဘတွေစိတ်တိုင်းကျ စီမံရာအတိုင်း လိုက်နာကြပါတယ်။ တချို့မိခင်တွေဆိုရင် သားသမီးတွေ အရွယ်မရောက်ခင်ကတည်းက သင့်တော်မယ့်လူ ရှာဖွေလို့ပြီးနေပါပြီ။ ဒါပေမယ့် မိဘတွေကျေနပ်အောင် ကိုယ်သဘောမတူတဲ့ လက်ထပ်ပွဲတစ်ခုကို လက်ခံခဲ့မယ်ဆိုရင် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ စိတ်ညစ်နေရတဲ့ ကိုယ့်ကို မြင်ရတာ မိဘတွေ ပျော်ရွှင်နိုင်ပါ့မလား။ ဒါကြောင့် ခဏလောက်အချိန်ယူပြီး စဉ်းစားကြည့်ပါ။ တစ်ယောက်ယောက်အတွက် လက်ထပ်ပွဲကို လက်ခံလိုက်တာလား ဒါမှမဟုတ် ကိုယ်တကယ်ဆန္ဒရှိလို့လားဆိုတာ သေချာစဉ်းစားပေးပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။နောက်ဆုတ်ဖို့ သိပ်နောက်ကျနေပြီလို့ ထင်နေလို့လား။

Relationship တွေမှာ ဒီလိုအလေ့အထလေးတွေ ရှိတတ်ပါတယ်။ ကိုယ့်ချစ်သူက ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက် ဖြစ်နေမယ် ဆိုပါစို့။ ကိုယ့်မသိစိတ်လေးထဲမှာ နှစ်ယောက်သား ဘဝတစ်ခုတည်ဆောက်တဲ့အခါ အမြင်မတူတာလေးတွေရှိနိုင်မယ်ဆိုတာ ကိုယ်ကသိနေလည်းပဲ လက်ထပ်ဖို့ကို ဆုံးဖြတ်မိမှာပါ။ တကယ်တော့ ရေရှည်လက်တွဲကြတဲ့အခါ သေချာစဉ်းစားဖို့ လိုပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိစရာတွေ များနေလား။ တွဲလာတဲ့ နှစ်တွေမှာ နှစ်ယောက်သား ချိန်းတွေ့ကြတာ ရင်ခုန်စရာတစ်ခုအတွက်ပဲ ဖြစ်နေလား။ ဆွဲဆောင်မှုတွေ လျော့နည်းသွားပါသလား။ ဒါမှမဟုတ် သူက ကိုယ့်ရဲ့အကောင်းဆုံး အပေါင်းအဖော်တစ်ယောက်သာဖြစ်ပြီး တခြားခံစားချက်တွေ မယူဆောင်ပေးနိုင်သူတစ်ဦးလား။ သူကကိုယ့်ကိုချစ်လို့ ကိုယ်ကပြန်ချစ်နေတာလား။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒီမေးခွန်းရဲ့ အဖြေမှန်တွေကို ကိုယ်က တစ်ကိုယ်ကောင်းဆန်ရာကျသွားမလား ဆိုပြီး လျစ်လျူမရှုလိုက်ပါနဲ့။ ရင်ဆိုင်ဖို့ သတ္တိရှိပါ။ ပြီးတော့ ပြင်သင့်တာ ပြင်လို့ရတုန်း ပြင်တာကောင်းပါတယ်။

၃။သူငယ်ချင်းတွေထဲမှာ လက်မထပ်ရသေးတာ ကိုယ်ပဲကျန်နေလို့လား။

ဒါကလည်း ဖြစ်တတ်ပါတယ်။ သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေသွားတဲ့အခါ သူငယ်ချင်းတွေက “နင်ပဲကျန်တော့တယ်နော်” လို့ပြောလာရင် ကိုယ်က မခံချင်စိတ်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမခံချင်စိတ်ကြောင့် တစ်ယောက်ယောက်နဲ့ လက်ထပ်ပွဲကို မြန်မြန်စီစဉ်လိုက်တာမျိုး မဖြစ်သင့်ပါဘူး။

၎။ကိုယ်နဲ့လက်ထပ်မယ့်လူက ငွေရေးကြေးရေး တောင့်တင်းနေလို့လား။

သတို့သားလောင်းက ရုပ်ရည်သန့်ပြန့်ပြီး ငွေရေးကြေးရေး ခိုင်မာတောင့်တင်းနေတဲ့အခါ၊ ဒီအချက်တွေက သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်နေတဲ့အခါ ကိုယ့်ကိုယ်ကို မေးခွန်းလေးတွေ ပြန်မေးဖို့လိုပါတယ်။ ငွေကြေးနဲ့ ရုပ်ရည်ဆိုတာ နှစ်အနည်းငယ်ကြာရင် ရှိတော့မှာမဟုတ်ပါဘူး။ အဲဒီအချိန်ကျရင် တစ်ယောက်နဲ့တစ်ယောက် ရည်မှန်းချက်ပန်းတိုင်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ချစ်ခြင်း၊ ယုံကြည်မှု နဲ့ ထောက်ခံအားပေးမှုတွေ လိုလာပါလိမ့်မယ်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊