ယောက်ျားအားမကိုးတဲ့ဒေါင်ဒေါင်မြည်မိန်းမသားဖြစ်ဖို့ ကိုယ်တိုင်လုပ်သင့်တဲ့အရာ ၇ ခု

blank

ကိုယ်ချစ်ရတဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းရှိတာ ကောင်းပေမယ့် အမျိုးသားတွေ အကူအညီမယူဘဲ ကိုယ်တိုင် ဆောင်ရွက်သင့်တာလေးတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံးလူတစ်ယောက် ဖြစ်ဖို့ တခြားလူတစ်ယောက် ကူညီမှရတာမျိုး မလိုတော့ဘူးပေါ့။ ကိုယ်ပျော်ချင်ရင် ပျော်လို့ရအောင်၊ အောင်မြင်မှုကို ကိုယ်တိုင်ယူနိုင်အောင် နည်းလမ်းရှာလို့ရပါတယ်။ ကိုယ့်လက်တွဲဖော်မပါဘဲ ဆောင်ရွက်သင့်တဲ့ အရေးကြီးတဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ကိုယ်ပိုင် ငွေကြေးဥစ္စာ အလုံအလောက်ရှာတတ်ရမယ်။

ကိုယ်ကိုတိုင် ရပ်တည်ဖို့ မတတ်နိုင်လို့ ကိုယ့်ချစ်သူဝင်ငွေနဲ့ ရပ်တည်နေရတယ်ဆိုရင် လမ်းခွဲဖြစ်ခဲ့တဲ့အခါ ဘယ်လိုရှင်သန်မလဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အလုပ်တစ်ခုတော့ ရှိထားသင့်ပါတယ်။ လူတွေက ငွေကြေးကိုအရေးမကြီးဘူးလို့ ပြောတတ်ကြပေမယ့် တကယ်တော့ သက်တောင့်သက်သာနေနိုင်ဖို့အတွက် ငွေကြေးက မရှိမဖြစ်လိုအပ်ပါတယ်။ အမှီအခိုကင်းဖို့ဆိုရင် ငွေရေးကြေးရေး တောင့်တင်းမှရပါတယ်။ ငွေကြေးက ကိုယ့်ကို ပိုပြီး လွတ်လပ်စေပြီး ပူပန်စရာတွေ နည်းပါးစေပါတယ်။

၂။စိတ်ထဲမှာ ငြိမ်းချမ်းနေဖို့လိုပါတယ်။

လူတိုင်းမှာတော့ ပြဿနာကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အေးအေးချမ်းချမ်း နေတတ်ဖို့ လိုပါတယ်။ ကိုယ်ဘယ်လောက်လှတယ်ဆိုတာ အမျိုးသားဆီက ထောက်ခံချက်တွေ မလိုအပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်နေသင့်ပါတယ်။ ဒီလိုနေတတ်ဖို့က ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပေးရုံပါပဲ။

၃။အိမ်မှုကိစ္စများ နိုင်နှင်းစွာ လုပ်တတ်ဖို့လိုပါတယ်။

အိမ်သန့်ရှင်းရေး၊ အချက်အပြုပ်၊ အိမ်တွင်းပိုးမွှားတွေ နှိမ်နှင်းခြင်း ဘာတွေပဲဖြစ်ဖြစ် အားလုံး လုပ်တတ်ရပါတယ်။ ကိုယ်တစ်ယောက်တည်းနေတဲ့အခါ ဒါတွေကို မလုပ်တတ်ရင် ဘယ်လိုလုပ်မလဲ။ သိတာတတ်တာ များလေလေ ကောင်လေလေပါပဲ။

၎။အလုပ်ကို ကိုယ့်ဟာကိုယ်သွားတတ်ရမယ်။

အလုပ်သွားတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းဆီသွားလည်တာပဲဖြစ်ဖြစ်၊ ဘယ်ကိုပဲသွားချင်သွားချင် ကိုယ်တိုင် သွားလာနိုင်ရမယ်။ ကိုယ့်မှာ ကားမောင်းလိုင်ဆင်ရှိထားတယ်ဆိုရင် ဒါမှမဟုတ် လိုရာသွားနိုင်ဖို့ ငွေကြေးရှိတယ်ဆိုရင် ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်ပါတယ်။ တစ်ယောက်ယောက် လိုက်ပို့မှ သွားရတာမျိုး မရှိတော့ဘူးပေါ့။

၅။အစီအစဉ်တွေ ချထားပါ။

ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်ဖို့ အရည်အချင်းတွေ ရှိထားသင့်ပါတယ်။ ကိုယ်ဘယ်မှာ နေသင့်တယ်၊ ဘာစားသင့်တယ်ဆိုတာတွေ ကိုယ့်လက်တွဲဖော်ရွေးချယ်ပေးတာပေါ် မမှီခိုသင့်ပါဘူး။ သူဆုံးဖြတ်လည်း ရတယ်ဆိုပေမယ့် ကိုယ့်ဆန္ဒတွေကို ပိတ်လှောင်မထားသင့်ပါဘူး။

၆။ကျန်းမာစွာ နေထိုင်ပါ။

အမျိုးသားတစ်ယောက်ကို ဆွဲဆောင်ချင်လို့ လေ့ကျင့်ခန်းလုပ်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ကိုယ့်နဂိုပုံစံကို မနှစ်သက်တဲ့ အမျိုးသားတစ်ယောက်အတွက် ကိုယ့်ပုံစံပြောင်းလဲပေးစရာ မလိုပါဘူး။ ကိုယ်ပြောင်းလဲမယ်ဆိုရင်လည်း ကိုယ့်အတွက်ပဲ ဖြစ်သင့်တာပါ။ ဒါကြောင့် ကိုယ်အသက်ရှည်ဖို့ ကျန်းမာဖို့ ကျန်းမာရေးလိုက်စားပါ။

၇။ကိုယ့်ကိုယ်ကို ကာကွယ်ထိန်းသိမ်းပါ။

စိတ်ဆင်းရဲခြင်းတွေကနေ လွတ်မြောက်နိုင်ဖို့ တစ်ယောက်ယောက်ကို အားမကိုးသင့်ပါဘူး။ သူတို့ရှိနေတုန်းမှာတော့ ကိုယ့်ကို ပျော်အောင်လုပ်ပေးနိုင်ပေမယ့် သူတို့မရှိတဲ့အခါကျရင် ဝမ်းနည်းပြီး ကျန်ခဲ့ပါလိမ့်မယ်။ ကိုယ့်ခံယူချက်တွေကို ပြောင်းလဲနိုင်တာ ကိုယ်တစ်ယောက်ပဲရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ။

အချစ်နဲ့တွေ့တဲ့အခါ ကြည်နူးစရာကောင်းပေမယ့် ကိုယ့်ရဲ့လွတ်လပ်ခြင်းကိုတော့ အဆုံးရှုံးမခံပါနဲ့။ ကိုယ့်ကိုယ်ကို မကာကွယ်မစောင့်ရှောက်နိုင်ရင် ဒုက္ခတွေ့နိုင်ပါတယ်။ ပရိတ်သတ်ရဲ့အမြင်ကိုလည်း ကျွန်မတို့ကို မျှဝေပေးပါဦး။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊