သူငယ်ချင်းရဲ့ ရည်စားဟောင်းကိုမတွဲသင့်တဲ့အကြောင်း (၆)ချက်

blank

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ ထင်ရပေမယ့် သူငယ်ချင်းရဲ့ရည်းစားဟောင်းနဲ့ တွဲမိရင်တော့ အခြေအနေလေးတွေ ရှုပ်ထွေးလာတတ်ပါတယ်။ သူငယ်ချင်းနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားချင်ရင်တော့ ဒါမျိုးကိုရှောင်ကြဉ်တာအကောင်းဆုံးပါပဲ။ အခု ဒီဆောင်းပါးလေးကနေတဆင့် သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို မတွဲသင့်တဲ့အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။သူငယ်ချင်းရဲ့ ခံစားချက်ကိုထည့်စဉ်းစားပေးပါ။

တချို့သူငယ်ချင်းတွေကတော့ ဒီကောင်လေးနဲ့ ရေရှည်တွဲခဲ့တာမဟုတ်တော့ ခံစားချက်သိပ်မရှိကြဘူးပေါ့။ ဒါပေမယ့် နေရထိုင်ရခက်တာပေါ့။ ကိုယ့်အနေနဲ့ရေရှည်လက်မတွဲနိုင်တဲ့ ချစ်သူတစ်ယောက်အတွက် သူငယ်ချင်းကို အဆုံးရှုံးခံနိုင်မလားဆိုတာ စဉ်းစားရမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။သူငယ်ချင်းမိတ်ဆွေကိုဦးစားပေးပါ။

ကိုယ့်ရဲ့သစ္စာတရားစောင့်ထိန်းပြီး သူငယ်ချင်းကို ဦးစားပေးသင့်ပါတယ်။ ကိုယ့်ချစ်သူနဲ့ မတွေ့ခင်ကတည်းက ကိုယ့်သူငယ်ချင်းကို အရင်ခင်ခဲ့တာပါ။ ကိုယ့်ရည်းစားဟောင်းကိုသူတွဲရင် ကိုယ်ဘယ်လိုခံစားရမလဲ။ ကိုယ်လည်း ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ဒါကြောင့် သူ့နေရာကနေ စဉ်းစာပေးပြီးဆုံးဖြတ်ပါ။

၃။နှိုင်းယှဉ်ခံရခြင်း

ကိုယ့်ချစ်သူက သူငယ်ချင်းဖြစ်သူနဲ့ ကိုယ့်ကိုနှိုင်းယှဉ် လာနိုင်ပါတယ်။ သူငယ်ချင်းနဲ့တွဲတုန်းကထက် ကိုယ်နဲ့တွဲတာသူပိုပျော်တယ်လို့ ယူဆချင်ပေမယ့် အငြင်းပွားတဲ့အခါမျိုးမှာ ကိုယ်ယူဆချင်တာနဲ့ ဆန့်ကျင်ဘက်ပြောဆို နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့တွဲနေပြီး သူငယ်ချင်းကို ပြန်တမ်းတနေလားဆိုတဲ့ မေးခွန်းတွေနဲ့ ဖြတ်သန်းနေရမှာပါ။

၎။မယုံသင်္ကာစိတ်များ ဖြစ်ပေါ်လာခြင်း။

သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့တွဲတာမှာ တခြားပြဿနာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ကိုယ်က သူ့ကိုအမြဲတမ်းကြိုက်နေခဲ့တာလား၊ ကိုယ်က သူနဲ့တွဲချင်လို့ သူငယ်ချင်းတို့စုံတွဲ ကွဲတာကိုစောင့်နေခဲ့တာလား စသဖြင့် ကိုယ့်သူငယ်ချင်းစိတ်ထဲမှာ မယုံသင်္ကာစိတ်လေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုသံသယတွေ ဖြစ်လာပြီဆိုရင် ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြား သံယောဇဉ်ကို သံသယစိတ်က စည်းခြားလိုက်ပါတယ်။

၅။ကိုယ့်ချစ်သူနဲ့ ရှေ့ဆက်လက်တွဲဖို့ သူငယ်ချင်းဆီမှာ ခွင့်တောင်းရပါတယ်။

ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းကို သူ့ရည်းစားဟောင်းနဲ့ မတွဲခင် ကြိုတင်အသိပေးပြီး သူငယ်ချင်းသဘောထားကို မေးမြန်းခဲ့မှာ သေချာပါတယ်။ ဒါမှလည်း သူငယ်ချင်းဆီက ဆုမွန်ကောင်းတောင်းပေးတာကို ကိုယ်လက်ခံရရှိမှာပေါ့။ ဒါပေမယ့် သူငယ်ချင်းက အဆင်ပြေပါတယ်လို့ ပြောခဲ့ရင်တောင် တကယ့်လက်တွေ့မှာတော့ လုံးဝမတူညီတဲ့အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ သူငယ်ချင်းက ကိုယ့်ဆန္ဒကို လိုက်လျောပေးချင်လို့ အဆင်ပြေပါတယ်လို့ ပြောလိုက်တာလည်း ဖြစ်နိုင်သလို သဝန်တိုမှာမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

၆။သူငယ်ချင်းတို့ စုံတွဲလမ်းခွဲခဲ့ရခြင်း အကြောင်းများ

ကိုယ့်သူငယ်ချင်းက သူ့ရည်းစားနဲ့ လမ်းခွဲခဲ့တယ်ဆိုတာကလည်း အကြောင်းအရင်း တစ်ခုခုကြောင့်ပါ။ ကိုယ်အလှည့်မှာလည်း ဒီအကြောင်းအရင်းမျိုး ထပ်ဖြစ်လာနိုင်မလားလို့ တွေးမိလာနိုင်ပါတယ်။ သူက သူငယ်ချင်းနဲ့တွဲတုန်းက မပျော်ရွှင်ခဲ့ရဘူးလို့ ကိုယ့်အနေနဲ့ အကြောင်းပြချက်ပေးနိုင်သလို ကိုယ်နဲ့ဆိုရင် အရင်လိုမျိုး ဖြစ်စရာအကြောင်းမရှိဘူးလို့လည်း ထင်နိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းအတွက် သူကမှန်ကန်တဲ့လက်တွဲဖော်ကောင်း မဟုတ်ဘူးဆိုတာထက် ကိုယ့်အတွက် သူကမှန်ကန်တဲ့ လက်တွဲဖော်ကောင်း တစ်ယောက် ဟုတ်ရဲ့လားဆိုတာကို ကိုယ့်အနေနဲ့ သေချာမပြောနိုင်ဖြစ်နေရပါတယ်။

ကိုယ်လက်တွဲနိုင်မယ့် အမျိုးသားတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းရဲ့ ရည်းစားဟောင်းကိုတွဲပြီး ဘာလို့ကိုယ့်ဘဝကို ရှုပ်ထွေးခံမှာလဲ။ ပြီးတော့ ကိုယ်လည်း ရေရှည်လက်တွဲသွားဖို့ မသေချာတဲ့ အမျိုးသားတစ်ယောက်အတွက် ကိုယ့်သူငယ်ချင်းကို ဘာကြောင့် လက်လွတ်ဆုံးရှုံးခံမှာလဲ။ သူငယ်ချင်းကောင်းဆိုတာ မြတ်နိုးတန်ဖိုးထားရမယ်လေ။ ပရိတ်သတ်ကြီးလည်း ဒီလိုအခြေအနေမျိုး ကြုံကြိုက်ခဲ့ဖူးပါသလား။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။