အချစ်ဆိုတာ ကိုယ်နဲ့ထိုက်တန်ပါတယ်လို့ပြတဲ့ အချက် (၆)ချက်

blank

ဘယ်နှစ်ကြိမ်ပဲ နာကျင်ခံစားရခဲ့ရတာဖြစ်ဖြစ် ကိုယ်ကအချစ်နဲ့ ထိုက်တန်တဲ့လူတစ်ယောက် ဆိုတာ ပြသတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အသည်းကွဲတယ်ဆိုတာ ဘဝရဲ့တစ်ပိုင်းတစ်စပါပဲ။ ဒါပေမယ့် တစ်ရက်ကျရင် ကိုယ့်ကိုတကယ်ချစ်မြတ်နိုးတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တွေဟာ ကျွန်မတို့ထိုက်တန်သလောက် မရယူဘဲ မတင်းတိမ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို စိတ်ပျက်နေတဲ့အခါ၊ ပျော်ရွှင်ခြင်းက ကိုယ်နဲ့မထိုက်တန်ပါဘူးလို့ ခံစားနေတဲ့အခါ ကိုယ်က အချစ်နဲ့ဘာလို့ထိုက်တန်ရတာလဲ ဆိုတဲ့ အချက်တွေကို အမှတ်ရလိုက်ပါ။

၁။များပြားလာတဲ့ လူဦးရေများ

ကျွန်မတို့ ကမ္ဘာမှာ လူဦးရေဘယ်လောက် ရှိတယ်ဆိုတာကို တွေးကြည့်လိုက်ပါ။ ကိုယ့်အပေါ် လူတစ်ယောက်က မကောင်းရင် နောက်ထပ် ကိုယ့်ရင်ထဲကို ဝင်လာနိုင်မယ့် လူတွေရာပေါင်းများစွာ ရှိပါတယ်။ ကိုယ်က အချစ်နဲ့ထိုက်တန်ရခြင်း အကြောင်းတစ်ချက်ကတော့ ကိုယ့်လိုပဲ ဖူးစာရှင်လိုက်ရှာနေတဲ့ လူတွေ ကမ္ဘာကြီးမှာ ပြည့်နေလို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့သွားပြီဆိုရင် ချစ်ခြင်းတွေနဲ့ လွှမ်းခြုံထားနိုင်ပြီပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ကိုယ်ကတစ်ယောက်တည်းပဲရှိပါတယ်။

ကမ္ဘာပေါ်မှာ ကိုယ်လိုလူက တစ်ယောက်ပဲရှိပါတယ်။ ကိုယ်နဲ့ထပ်တူကျနိုင်မယ့်လူကို ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး။ ကမ္ဘာပေါ်ကို ထူးခြားတဲ့အရာတစ်ခုကို ယူဆောင်လာတဲ့ ထူးခြားနေတဲ့လူတစ်ယောက်က ကိုယ်ကိုယ်တိုင်ဖြစ်နေတာကြောင့် အချစ်နဲ့လုံးဝကို ထိုက်တန်ပါတယ်။ ကိုယ့်ကိုယ်ကို မနှစ်သက်တာတွေ ရှိချင်ရှိလိမ့်မယ်၊ ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ ဒါတွေကို ချစ်မြတ်နိုးပါလိမ့်မယ်။

၃။အချစ်ဆိုတာ ဘက်မလိုက်ပါဘူး။

အချစ်ဆိုတာ အခွင့်ထူးတဲ့လူတွေအတွက်ပဲ ဆိုတာမျိုးသတ်မှတ်ထားတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ချစ်လို့ရသလို၊ အချစ်ခံလို့ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ လူတွေမှာ အလှပဆုံးအရာက ချစ်ခြင်းဖြစ်လို့ အချစ်ရဲ့အတွေ့အကြုံကို ခံစားကြည့်လိုက်ပါ။ ကိုယ်နဲ့ထိုက်တန်ပါတယ်။

၎။အချစ်ဆိုတာ ပြီးပြည့်စုံရမယ်လို့ သတ်မှတ်မထားပါဘူး။

တစ်ယောက်ယောက်က ကိုယ့်ကိုချစ်တယ်ဆိုရင် သူတို့ကကိုယ့်ကို ပြီးပြည့်စုံအောင် လှပနေလို့ ချစ်တာမဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ ကိုယ့်အပြစ်အနာအဆာတွေကိုလည်း သူတို့ကနားလည်သိရှိထားပြီး ဒါတွေနဲ့ကိုယ့်ကို ချစ်တာပါ။ ကိုယ့်မှာအားနည်းချက်တွေရှိလည်း ချစ်တာပါပဲ၊ ဘာလို့လဲဆိုတော့ ခြုံကြည့်လိုက်ရင် ကိုယ်ကချစ်စရာကောင်းနေလို့ပါ။ ဒါကြောင့် အချစ်ကို လက်ခံရရှိဖို့ ပြီးပြည့်စုံစရာ မလိုပါဘူး။

၅။အချစ်ကို နှစ်သက်ပါလိမ့်မယ်။

အချစ်က ကျွန်မတို့နဲ့ ထိုက်တန်ပါတယ်ဆိုတာက ကျွန်မတို့တွေအားလုံးက ချစ်မြတ်နိုးခံရတာကို ချစ်မြတ်နိုးလို့ပါပဲ။ အသည်းကွဲခဲ့တယ်၊ နာကျင်ခံစားခဲ့ရဖူးတဲ့အခါ ကိုယ့်ကိုတကယ်ချစ်တဲ့ လူတစ်ယောက်ကို ရှာတွေ့ဖို့ ဘယလောက်ခက်ခဲတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ ဖူးစာရှင်မှန်ကို တွေ့သွားရင်လည်း အရင်ကနာကျင်ခဲ့ရတဲ့ အတွေ့အကြုံတွေက လက်ရှိအချစ်ကို ပိုပြီးချိုမြိန်စေပါတယ်။ ဝမ်းနည်းတာက ဘယ်လိုမှန်းမသိရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လိုခံစားတတ်မလဲ။ ဒါကြောင့် အတိတ်ကဒဏ်ရာတွေက အနာဂတ်ကအချစ်ကို ချစ်မြတ်နိုးဖို့ ကူညီပေးပါလိမ့်မယ်။

၆။ကိုယ်ကချစ်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ။

ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ရမလဲဆိုတာကို သိရင် သူများအချစ်ကိုလည်း လက်ခံဖို့ လွယ်ကူသွားပါလိမ့်မယ်။ ကိုယ့်အားနည်းချက်တွေကိုပဲ ဂရုစိုက်နေရင် ကိုယ်ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ မေ့နေပါလိမ့်မယ်။ တကယ်ပါ ကိုယ်က တကယ်ကို ထူးခြားပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်အကောင်းဆုံး ပြုလုပ်နိုင်ခဲ့တဲ့ အရာတွေကို စဉ်းစားကြည့်လိုက်ပါ။ ပျော်ရွှင်စရာတွေ ဖန်တီးနိုင်ခဲ့တဲ့အချိန်၊ လူတွေကိုပျော်ရွှင်အောင် လုပ်နိုင်ခဲ့တဲ့အချိန်တွေကို စဉ်းစားလိုက်ပါ။ ကိုယ်က ဒီလောက်စိတ်ဝင်စားစရာကောင်းပြီး ထူးခြားနေတာကို ဘာလို့ သူများပြောမှ သိရမှာလဲ။

အခုချိန်မှာတော့ ကိုယ့်အနားမှာ ကိုယ့်ကိုချစ်မယ့်သူ ရှိချင်မှလည်း ရှိလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကတော့ ချစ်ဖို့ကောင်းတာ တကယ်ပါ။ ဒါကို မမေ့သင့်ဘူးနော်။ ကိုယ့်ကိုယ်ကို ဘယ်အချက်ကို သဘောကျပြီး အချစ်ဆုံးလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။