ကိုယ့်ချစ်သူကသူ့ဘဝကို ကိုယ့်ထံမအပ်နှံနိုင်ခြင်း၏ အကြောင်း (၅)ချက်

blank

ကိုယ်တွဲနေတဲ့ ချစ်သူကောင်လေးက တော်တော်လေးကိုကောင်းပါတယ်၊ တော်ပါတယ်။ ဒါပေမယ့် သူ့ဘဝကိုကိုယ့်ကိုအပ်နှံပြီး နှစ်ဦးသဘောတူလက်တွဲ ဖို့မဖြစ်နိုင်ရတာလဲ။ ကိုယ့်ဟာကိုယ်ပဲ အဖြေရှာနေရတဲ့ စိတ်ပျက်စရာအခြေအနေတစ်ခုပါ။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရရင်တော့ သူဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာကို နည်းနည်းလေ့လာကြည့်ရအောင်။ လေ့လာဖော်ထုတ်နိုင်ပြီဆိုရင်တော့ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်နိုင်ပြီပေါ့။

၁။တစ်ဆင့်တက်ဖို့အဆင်သင့် မဖြစ်သေးလို့ပါ။

သူကကိုယ့်ကိုတော့ တကယ်ကို ကြိုက်နှစ်သက်ပါတယ်။ ကိုယ်နဲ့ချစ်သူဘဝကိုလည်း လုံးဝမြတ်နိုးတယ်။ ဒါပေမယ့်သူ့စိတ်ထဲမှာဒီကိစ္စကိုဆုံးဖြတ်ဖို့က မြန်လွန်းနေတယ်လို့ ထင်ကောင်းထင်နိုင်သလို၊ အဆင်သင့်မဖြစ်သေးတာလည်း ဖြစ်နိုင်ပါတယ်။ဒီလိုဆိုရင်တော့ သူအဆင်သင့်ဖြစ်လာတဲ့အချိန်ထိစောင့်ဖို့ ထိုက်တန်လားမထိုက်တန်ဘူးလားဆိုတာကို ကိုယ်ကဆုံးဖြတ်ဖို့လိုပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။သူကတကယ် ကြိုက်နှစ်သက်တာမဟုတ်ပါဘူး။

ကိုယ့်အပေါ် အရူးအမူးဖြစ်နေတဲ့ ချစ်သူနဲ့တွေ့ကောင်းတွေ့နိုင်ပါတယ်။ သူကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူလို့လည်း ကိုယ်ကထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် တခါတရံခံစားချက်တွေက အပြန်အလှန်  ပေါင်းဖက်လို့ မရနိုင်ပါဘူး။ သူကကိုယ့်အပေါ် တကယ်မနှစ်သက်တာ ဖြစ်နိုင်သလို ကိုယ်ကလည်းသူ့အပေါ်တကယ် မနှစ်သက်တာ ဖြစ်နိုင်ပါတယ်။ ဒါကိုနားလည်လက်ခံရတာက နာကျင်ခံစားရပါတယ်။ ဒါပေမယ့်လည်း အစစ်အမှန် သိရတာကကောင်းပါတယ်။

၃။သူကတစ်ခါခံရခဲ့ဖူးလို့ပါ။

တခါတလေမှာ လူတွေဟာဆိုးရွားတဲ့ ရည်စားဘဝကို ကြုံခဲ့ရပြီးဒဏ်ရာများစွာနဲ့ အချိန်ကြာမြင့်စွာ နာကျင်ခဲ့ရပါတယ်။ ကိုယ့်ချစ်သူက ဒါမျိုးအတွေ့အကြုံ ရှိခဲ့တဲ့လူဖြစ်မယ်ဆိုရင် သူကနောက်တစ်ယောက်ဆီမှာ သူ့ဘဝကိုအပ်နှံဖို့ ကြောက်ရွံ့နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကိုယ့်မှာရွေးချယ်စရာ နှစ်ခုရှိတယ်။ သူ့ကိုအသည်းခွဲခဲ့တဲ့ ကောင်မလေးနဲ့ကိုယ်က မတူဘူးဆိုတာ သက်သေပြဖို့ကြိုးစားပြီးသူ့ကိုစောင့်နိုင်ပါတယ်။ မဟုတ်ရင်လည်းကိုယ့်လမ်းကိုယ်ပဲဆက်လျှောက်လိုက်ပါ။

၎။လက်ရှိအခြေအနေကိုသူနှစ်သက်လို့ပါ။

အမျိုးသားတွေကတခါတလေမှာလက်ရှိအခြေအနေမှာပဲတင်းတိမ်ချင်တတ်ကြပါတယ်။ ဒီအကြောင်းပြချက်ကြောင့် ကိုယ်နဲ့တူတူဘဝတစ်ခုတည်ဆောက်ဖို့ မတောင်းဆိုတာပါ။ ဒါကအဆိုးကြီးတော့မဟုတ်ပါဘူး။ သူကကိုယ်နဲ့ ချစ်သူဘဝကို နှစ်သက်အဆင်ပြေနေလို့ပါ။ ရည်းစားဘဝက နုသေးတယ်ဆိုရင် ကြီးထွားလာအောင် အချိန်ပေးရမှာပေါ့။ အချိန်ကြာလာရင် သူ့ဘက်ကတောင်းဆိုလာပါလိမ့်မယ်။

၅။သူ့မှာဆိုးရွားတဲ့ နမူနာယူစရာတွေ ရှိနေလို့ပါ။

တကယ်လို့ သူ့ဖေဖေကသူ့အတွက် သို့မဟုတ် သူ့မေမေအတွက်မျှော်လင့်သလိုဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ဘူးဆိုပါစို့။ ဒါဆိုရင် သူ့အနေနဲ့လည်းဒါမျိုးအရှုပ်အထွေးမျိုးနောက်ထပ် ကြုံချင်မှာမဟုတ်ပါဘူး။ သူ့အဖေလို ဖြစ်မှာကိုကြောက်နေမိနိုင်ပါတယ်။ကိုယ်က သူ့ဘေးမှာနေပြီးထောက်ခံအားပေးနိုင်ပါတယ်။ အဆုံးစွန်ပြောကြေးဆိုရင်တော့ သူကိုယ်တိုင် ကျော်လွှားဆုံးဖြတ်ရမယ့် အရာတစ်ခုပါ။

အမျိုးသားတွေ သူတို့ဘဝကိုမပေးအပ်နိုင်တဲ့ အကြောင်းပြချက်တွေကတော့ များစွာရှိနေပါတယ်။ ကျွန်မတို့ဖော်ပြထားတဲ့ အချက်(၅)ချက်ထဲကတစ်ချက်ကတော့ ကိုယ့်နဲ့ကိုက်ညီပြီးအကူအညီပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီအချက်တွေကိုဘယ်လိုထင်မြင်ယူဆပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။