အချစ်နဲ့တွေ့ဆုံတဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်ဆိုးလေးများ

blank

အချစ်နဲ့တွေ့ဆုံပြီးကိုယ့်ဘဝကိုယ် ပျက်စီးသွားစေနိုင်အောင် ပြုလုပ်တတ်တဲ့ လူတွေရဲ့အကျင့်ဆိုးလေးတွေရှိပါတယ်။ တစ်ယောက်ယောက်ကိုအရူးအမူးဖြစ်နေပြီဆိုရင် ဒီခံစားချက်တွေနဲ့ ဘယ်အရာမှကိုမမြင်နိုင်အောင် ကန်းသွားစေနိုင်တယ်။ ကိုယ့်လက်တွဲဖော်ကြောင့် ကိုယ့်ကိုထိခိုက်စေမယ့်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုထိခိုက်စေမယ့် အရာတွေနဲ့ ဘယ်သူမှ အဆုံးမသတ်ချင်ကြပါဘူး။ ဒါကြောင့် အချစ်နဲ့တွေ့ဆုံပြီဆိုရင် ကျွန်မတို့ရှောင်ကြဉ်သင့်တဲ့ အလေ့အထလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ချစ်သူကိုအမြဲတမ်းပထမဦးစားပေးခြင်း

အချစ်နွံထဲနစ်နေတဲ့ လူတွေရဲ့ အမူအကျင့်လေးတစ်ခုကသူ့တို့ချစ်သူကိုသာပထမနေရာမှာမထားရင် relationship ကြီးကပြိုလဲသွားလိမ့်မယ်လို့ ယူဆနေတာပဲဖြစ်ပါတယ်။ ဒီအယူအဆကမမှန်ကန်ပါဘူး။ ကိုယ့်လက်တွဲဖော်ကကိုယ့်ဘဝအတွက် အရေးအပါဆုံးဖြစ်ခဲ့မယ်ဆိုရင်တောင် တခါတရံကိုယ့်မိသားစုနဲ့ကိုယ့်အလုပ်ကိုဦးစားပေးရမှာဖြစ်ပါးတယ်။ ဒီလိုလုပ်ခြင်းကကိုယ့်ချစ်သူကိုဂရုစိုက်ခြင်းလျော့နည်းသွားတာမဟုတ်ပါဘူး။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကိုယ့်ချစ်သူနဲ့ပဲအချိန်ဖြုန်းနေမိခြင်း

ချစ်သူနဲ့မတွေ့ခင်တုန်းကကိုယ့်မှာသူငယ်ချင်းတွေ ရှိခဲ့ပါတယ်။ ကိုယ်ချစ်သူရပြီးတော့လည်းသူငယ်ချင်းဆိုတာလိုအပ်တာပါပဲ။ ဒါကြောင့် ကိုယ့်ချစ်သူအတွက် အချိန်ပေးချင်လို့ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေစစ်တွေကိုလျစ်လျူမရှုမိပါစေနဲ့။ အရင်ကလိုသူငယ်ချင်းတွေနဲ့ တူတူလျှောက်မလည်နိုင်တော့ဘုးဆိုတာသူတို့တွေကနားလည်ပေးပါတယ်။ ဒါပေမယ့်လည်းလုံးဝအဆက်အသွယ်ဖြတ်လိုက်တာမျိုးမဖြစ်ပါစေနဲ့။

၃။ ငွေကြေးအမြောက်အများသုံးစွဲမိခြင်း

ချစ်သူတွေ့ပြီဆိုရင် ကိုယ့်ချစ်သူလေးနဲ့တူတူလျှောက်လည်ချင်ကြပါတယ်။ အရင်ကမရောက်ဖူးခဲ့တဲ့နေရာတွေ၊ အရင်ကမစားဖူးခဲ့တဲ့အစားအစာတွေကိုတွေ့ကြုံခံစားချင်ကြပါတယ်။ ဒါပေမယ့် ချိန်းတွေ့တဲ့အချိန်မှာကိုယ့်ချစ်သူကိုယ့်ကိုအထင်ကြီးအောင်၊ ကိုယ့်ချစ်သူစိတ်ဝင်စားအောင် ငွေကြေးတွေအားလုံးမသုံးစွဲသင့်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တယ်ဆိုရင် ဆက်ဆံရေးအဆင်ပြေနေစေဖို့ အဆောင်အယောင်တွေကမလိုအပ်ပါဘူး။ နှစ်ယောက်တူတူရှိနေတယ်ဆိုတာနဲ့တင် လုံလောက်ပါတယ်။

၎။ ကိုယ့်ချစ်သူကိုအရမ်းလိုအပ်လွန်းနေခြင်း

ကိုယ့်ချစ်သူဆီမက်ဆေ့ခ်ျလေးဖြစ်ဖြစ်မပို့လိုက်ရရင် တစ်နာရီလောက်တောင် မနေနိုင်ဘူးဖြစ်နေတာက ပြဿနာတစ်ရပ်ပါ။ သူ့ကိုဂရုစိုက်တာကကောင်းပါတယ်၊ ဒါပေမယ့် အဆက်မပြတ်ပို့နေတဲ့ ကိုယ့်မက်ဆေ့ခ်ျတွေနဲ့ သူ့ကိုလွှမ်းမိုးထားတာမျိုးမဖြစ်စေပါနဲ့။ နာရီအနည်းငယ်လောက်ပဲဖြစ်ဖြစ် ချစ်သူနဲ့ ခဏလောက်အဆက်အသွယ် မလုပ်ဘဲနေကြတာကကောင်းတဲ့အလေ့အထတစ်ခုပါ။

၅။ ကိုယ့်ချစ်သူမရှိသောအခြားလုပ်ငန်းနယ်ပယ်တွေမှာစိတ်မပါခြင်း

ကိုယ်ကအလုပ်ခွင်မှာဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲအာရုံစိုက်ပါ။ ကိုယ့်အလုပ်တွေနဲ့ တစ်နေ့တာကို ဖြတ်ကျော်နိုင်ဖို့ ချစ်သူကိုစဉ်းစားတာကစဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် သူ့အကြောင်းပဲတွေးနေရင်တော့ အလုပ်ပြီးမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ချစ်သူမရှိတဲ့နေရာတွေမှာအာရုံမရှိတာ၊ စိတ်မပါတာ၊ ပေါ့လျော့တာမျိုးတွေ မဖြစ်စေပါနဲ့။

၆။ ကိုယ့်ချစ်သူခံစားချက်ကိုပဲအရေးပါတယ်လို့ယူဆနေခြင်း

ကိုယ့်ချစ်သူခံစားချက်ကိုကိုယ်ကဂရုစိုက်ရမှာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ကတန်ဖိုးမရှိတော့ဘူးလို့တော့ မဆိုလိုပါဘူး။ ချစ်သူကသူ့လမ်းသူလျှောက်နေတဲ့အချိန် ကိုယ်ကစိတ်ပျက်အားငယ်စွာကျန်ရစ်ခဲ့ရတယ်ဆိုရင်တော့ တစ်ခုခုမှားယွင်းနေပါပြီ။ နှစ်ယောက်လုံးကပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ ချစ်မိပြီဆိုတာနဲ့ ကိုယ့်ချစ်သူပျော်ရွှင်ရဖို့အတွက် ကိုယ်ကအရာရာတိုင်းအနစ်နာခံသင့်တာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲချင်ရင် နှစ်ဦးနှစ်ဘက် မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။

၇။ ချစ်သူသက်တမ်းကရေရှည်တည်တံ့မယ်လို့ ထင်နေမိခြင်း

ကိုယ်ကကံကောင်းရင်တော့ တစ်ဘဝလုံးစာတည်တံ့တဲ့ relationship ကိုပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့်လည်းတကယ်ခိုင်မြဲတဲ့ relationship ကိုမတွေ့ရသေးခင်တော့ ခဏတာချစ်မိတာမျိုးလေးတွေ ကြုံတွေ့နိုင်ပါတယ်။ ကိုယ့်ချစ်သူကကိုယ်နဲ့အမြဲထာဝရလက်တွဲသွားမယ်ဆိုတဲ့ အတွေးမျိုးတွေမထားပါနဲ့။ တကယ်လို့သာကိုယ့်ချစ်သူနဲ့ အကြောင်းတစ်ခုခုကြောင့် ကွဲကွာခဲ့မယ်ဆိုရင် ကိုယ်ပဲနာကျင်ခံစားရမှာဖြစ်ပါတယ်။ အနာဂတ်ကိုစဉ်းစားနေမယ့်အစားလက်ရှိအချိန်လေးကိုပဲပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ပါ။

ချစ်မိပြီဆိုရင် အံ့သြစရာကောင်းလောက်အောင်ကိုကိုယ့်အသိစိတ်တွေကိုထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်မဆင်းရဲချင်ရင်တော့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ အထက်ဖော်ပြပါ အချက်လေးတွေထဲကတစ်ခုခုများကိုယ်နဲ့ကိုက်ညီနေတယ်လို့ သတိပြုမိကြပါသလား။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။