Relationship တစ်ခုတွင် ယုံကြည်မှု တည်ဆောက်ခြင်း

blank

ကျွန်မတို့တွေဟာခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ယုံကြည်မှုနဲ့ဆိုင်တဲ့ ပြဿနာလေးတွေ ရင်ဆိုင်နေကြရတယ် မဟုတ်လား။ ဒါတွေကဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုမှာ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေဖြစ်တဲ့ သစ္စာရှိခြင်း၊ စိတ်ချခြင်း၊ မျှော်လင့်ခြင်းနှင့် မှီခိုအားထားခြင်းစသည်တို့ ပါဝင်နေလို့ပါ။ ရှင်းရှင်းပြောရရင် ယုံကြည်မှုဆိုတာအလွန်တရာကြီးမားလှတဲ့ ခံစားချက်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုကြီးပါ။ ဒီရင်းနှီးမြှုပ်နှံမှုကနေနာကျင်ခံစားရခြင်းတွေနဲ့ ပူဆွေးသောကရောက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ [pull_quote_center]ယုံကြည်စိတ်ချမှုက မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ တည်ဆောက်ပေးရတာဖြစ်ပြီး တန်ဖိုးထားတတ်ဖို့နဲ့ ထိန်းသိမ်းကာကွယ်ထားဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Relationship တစ်ခုမှာယုံကြည်မှုတွေ တည်ဆောက်နိုင်မယ့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။[/pull_quote_center]

၁။       ကိုယ့်ရဲ့ မပြည့်စုံတဲ့အချက်တွေကိုသူ့သိအောင်ပြပါ။

ကိုယ့်မူလအရောင်ကိုသူသိပါစေ။ ကိုယ့်ရဲ့မပြည့်စုံတဲ့အချက်တွေ ပြောပြခြင်းကြောင့် မလုံမလဲစိတ်တွေဖြစ်ပေါ်လာပေမယ့်လို့ ဒီလိုနည်းနဲ့ စစ်မှန်တဲ့ကိုယ့်ကိုလက်ခံနိုင်ဖို့ သူ့ကိုအခွင့်အရေးပေးရမှာဖြစ်တယ်။ ဟင်းချက်လက်ရာမကောင်းတဲ့ ကိုယ့်ကိုအပြစ်တင်တာမျိုးမလုပ်ရင်၊ မလှပတဲ့ကိုယ့်ဆံကေသာတွေကြောင့် ကိုယ့်ကိုမပစ်ပယ်ဘူးဆိုရင် ကိုယ့်အနေနဲ့ဒီထက်ပိုကြီးတဲ့ကိစ္စတွေကိုထုတ်ဖော်ဖို့အဆင်ပြေမယ်လို့ ခံစားလာရပါတယ်။ ဥပမာကိုယ့်အိမ်တွင်းရေးကိစ္စတွေ၊ ကိုယ့်ဘဝရည်မှန်းချက်တွေပေါ့။ ကိုယ့်အပေါ်လည်းလုံးဝထောက်ခံပေးလိမ့်မယ်လို့ ယုံကြည်လာပါလိမ့်မယ်။

၂။       ဝေဖန်အပြစ်တင်တာတွေ မပြုလုပ်ပါနဲ့။

လက်တွဲဖော်ကကိုယ်ရေးကိုယ်တာကိစ္စတွေ တိုင်ပင်လာတဲ့အခါတိုင်းစာနာနားလည်စွာဖြင့် နားထောင်ပေးပြီးအကြံဥာဏ်တွေ ပေးပါ။ သူ့အပြုအမူတွေကို အပြစ်တင်ပြီးသူ့ခံစားချက်ကိုပယ်ချလိုက်မယ်ဆိုရင် နောက်တစ်ကြိမ်ကိုယ့်ကို ယုံကြည်စွာပြောဆိုလာဖို့ ပြန်စဉ်းစားပါလိမ့်မယ်။ တကယ်လို့ သူ့ဘက်ကကိုယ့်ကို အပြစ်တင်ဝေဖန်လာရင်လည်း ဒီလိုဝေဖန်တာမျိုးကသူ့အပေါ်ယုံကြည်စွာပြောဆိုဖို့ ခက်ခဲကြောင်းနဲ့ ကိုယ့်ကိုတိုက်ခိုက်နေသလိုခံစားရကြောင်းပြောပြပါ။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       ကိုယ်ပြောတဲ့စကားကိုတည်ပါ။

အလုပ်နဲ့ အပြောတစ်ထပ်တည်းကျအောင် လုပ်ပါ။ ဘယ်လိုလူအုပ်ကြားထဲရောက်နေပါစေကိုယ်ပြောခဲ့တဲ့အတိုင်းတိတိကျကျ ရှိနေပေးပါ။ ဒီလိုနည်းနဲ့ ကိုယ်ဟာသူ့အတွက် ယုံကြည်စိတ်ချဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာသူသိအောင်ပြသနိုင်ပါလိမ့်မယ်။

၎။       သူ့ကိုအမှန်တရားပဲပြောပြပါ။

လျှို့ဝှက်ချက်တွေဆိုတာသံသယနဲ့ မယုံကြည်စိတ်တွေကိုဖန်တီးပေးပါတယ်။ ကိုယ်က relationship ကိုကန့်သတ်ထားတယ်လို့ လက်တွဲဖော်ကိုပြောပြနေသလိုပါပဲ။ သေးငယ်လှတဲ့ လိမ်ညာမှုတွေကစိတ်ပိုင်းဆိုင်ရာ၏ ခြကောင်လေးတွေနဲ့တူပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ မသိသာလှတဲ့ ခြကောင်လေး၏ စားသုံးမှုတွေဟာနောက်ဆုံး relationship တစ်ခုလုံးရဲ့ အခြေခဲအုတ်မြစ်ကိုယိမ်းယိုင်သွားစေနိုင်ပါတယ်။

၅။       ယုံကြည်အားထားပါ။

ယုံကြည်အားထားခြင်းကယုံကြည်စိတ်ချနိုင်ခြင်းနဲ့ နီးကပ်စွာဆက်နွယ်နေပါတယ်။ ဒါကြောင့် ကိုယ်လုပ်ပေးမယ်လို့ပြောထားတဲ့ ကိစ္စတိုင်းကို ကြိုးစားလုပ်ပေးပါ။ relationship တစ်ခုမှာတစ်ယောက်ယောက်ကိုယုံကြည်အားကိုးလို့ မရဘူးလို့သတ်မှတ်ထားရင် ဒီ relationship ကကြီပွားလာမှာမဟုတ်ပါဘူး။

၆။       သူ့အပေါ်ထားတဲ့ ယုံကြည်မှုကိုဖော်ပြပေးပါ။

တစ်စုံတစ်ယောက်က ကျွန်မတို့ကိုယုံကြည်ရင်၊ ပြီးတော့ ကျွန်မတို့အပေါ်မှာထားတဲ့ အဲဒီယုံကြည်မှုကိုလည်းဖော်ပြပေးတယ်ဆိုရင် ဒါတွေက ကျွန်မတို့ကိုမှန်ကန်တဲ့အရာတွေ ပြုလုပ်လိုစိတ် ဖြစ်ပေါ်စေပါတယ်။ ကျွန်မတို့ကယုံကြည်စိတ်ချဖို့ ထိုက်တန်တယ်လို့ သူတို့ခံစားရတဲ့အတွက် သူတို့ကကျွန်မတို့အပေါ် အားထားပါတယ်။ ကိုယ်လည်းလက်တွဲဖော်အပေါ် ယုံကြည်စိတ်ချမှုကိုဖော်ပြပေးရင် သူတို့ကတန်ဖိုးထားမှာသေချာပါတယ်။

ယုံကြည်မှုဆိုတာပျော်ရွှင်ကျန်းမာတဲ့ relationship တစ်ခုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် တချို့အပြုအမူတွေကြောင့် ဒီယုံကြည်မှုကိုမထိခိုက်နိုင်အောင် အမြဲတမ်းစုဆောင်းပြီးတန်ဖိုးထားနေရမှာပါ။ ကိုယ့်လက်တွဲဖော် ယုံကြည်မှုကိုကူညီပေးနိုင်ရန်၊ သံသယတွေအားလုံးကိုဖယ်ရှားပေးနိုင်ရန် အရာရာကိုအတူလက်တွဲလုပ်ဆောင်ကြပါ။ တစ်ယောက်အတွက် တစ်ယောက်လုပ်ပေးကြပါ။ ဘယ်လိုသံသယမျိုးကိုဖြစ်ဖြစ် အတူလက်တွဲပြီးပယ်ဖျက်ကြပါ။ယုံကြည်မှုတွေကမွေးမြူပြီးရင်းနှီးမှုတွေ ကြီးထွားလာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ relationship ကြီးကလည်းကျန်းမာလာမှာဖြစ်ပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။