အိမ်ထောင် တစ်ခုမှာ အရေးပါတဲ့ ခင်မင်ရင်းနှီးမှု (Friendship)

blank

လူတော်တော်များများက သူတို့ရဲ့ အိမ်ထောင်ရေး သာယာဖို့အတွက် ကြိုးစားရုန်းကန်ကြရတယ်။ အိမ်ထောင်ပြုကာစ နှစ်တွေမှာ ရင်ခုန်ဖွယ်၊ သာယာကြည်နူးဖွယ် အိမ်ထောင်ရေးက နောက်တော့ တဖြည်းဖြည်း ပျင်းစရာကောင်းလာပါတယ်။ တချို့အိမ်ထောင်ရေးတွေကျတော့လည်း အိမ်ထောင်သက်တမ်းတလျှောက်လုံး ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြတယ်။ ဘာလို့ သူတို့ရဲ့ အိမ်ထောင်ရေးတွေက မတူညီဘဲ ထူးခြားနေရတာလဲ။ သူတို့အိမ်ထောင်ရေး သာယာအောင် ဘာတွေများ ထိန်းသိမ်းထားကြတာလဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

[pull_quote_left]စုံတွဲတွေ အများကြီးကို လေ့လာကြည့်ပြီးတဲ့အခါ ကျွန်မတို့ တွေ့ရှိခဲ့တဲ့ အချက်တစ်ချက် ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလိုပေါင်းသင်းတဲ့ အိမ်ထောင်သည်တွေရဲ့ ပေါင်းသင်းဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ ပိုပြီးခိုင်မာလာကြတယ်။[/pull_quote_left] Friendship ကို သူတို့ ထိန်းသိမ်းထားကြပြီး သူတို့အိမ်ထောင်ရေးကို သာယာစေတာဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ဘာလို့ Friendship ကအရေးပါလဲဆိုတာ သိရအောင် အချက်အလက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Friendship ကပျော်ရွှင်မှုတွေကို ဖန်တီးပေးပါတယ်။

အိမ်ထောင်တစ်ခုမှာ Freindship ကပျော်စရာတွေ၊ ရယ်မောစရာတွေ အများကြီး ဖန်တီးပေးပါလိမ့်မယ်။ တူတူရှိခဲ့တဲ့ အမှတ်တရတွေကို ကောင်းကောင်း အမှတ်ရနှစ်သက် စေပါတယ်။ “ခင်ပွန်းရွေးချယ်တဲ့အခါ ကိုယ့်ကိုရယ်မောအောင်ပြုလုပ်စေခဲ့တဲ့ အကြိမ်ကိုရေတွက်ပြီး ရွေးချယ်ပါ”ဆိုတဲ့ ရှေးဆိုရေးလေးတစ်ခုလိုပေါ့။

အပေးအယူတွေ ပိုပြီးမျှတလာစေပါတယ်။

Friendship က ပွင့်လင်းပြီး ရိုးသားတဲ့ အပေးအယူမျိုးကို လမ်းဖွင့်ပေးပါတယ်။ ဆိုလိုတာက လျှို့ဝှက်ချက်တွေ၊ လိမ်ညာတာတွေ မရှိတော့ဘူးပေါ့။ ဒါတွေက အိမ်ထောင်တစ်ခုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးပါတယ်။

ဘယ်တော့မှ အထီးမကျန်တော့ပါဘူး။

ပျော်စရာတွေ၊ စိတ်ညစ်စရာတွေ တစ်ယောက်ကို တစ်ယောက် အမြဲ မျှဝေနိုင်ပါလိမ့်မယ်။ နှစ်ယောက်လုံး ကိုယ်ရင်ဖွင့်ချင်တဲ့ အချိန်မှာ အချင်းချင်း ရင်ဖွင့်နိုင်လာပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ရှိတဲ့ Friendship ကကိုယ့်ကို ဘယ်တော့မှ အထီးမကျန်စေတော့ပါဘူး။ ဒါကြောင့် အိမ်ထောင်ရေးမှာ လှပတဲ့ Friendship ကို တည်ဆောက်လိုက်ပါ။

ဘဝကို ပိုပြီး ချမ်းသာပြည့်ဝလာစေပါတယ်။

စစ်မှန်တဲ့ Friendship တစ်ခုနဲ့ ယှဉ်နိုင်တဲ့ ချမ်းသာခြင်းမျိုး ဒီကမ္ဘာပေါ်မှာ ရှိသေးရဲ့လား။ သေချာပါတယ်၊ မရှိပါဘူး။ ဒီလိုပဲပေါ့၊ ကိုယ့်ခင်ပွန်းသည်ကသာ ကိုယ့်ရဲ့ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘဝချမ်းသာကို ခံစားနိုင်ပြီပေါ့။

အိမ်ထောင်တစ်ခု သာယာကြည်နူးနိုင်ဖို့ Friendship ကအဓိကပါပဲ။ ကျွန်မတို့ရဲ့ အပြင်ပန်းအလှကို ယူဆောင်သွားနိုင်မယ့် အရာတွေအများကြီးပါ။ (ကလေးမွေးဖွားခြင်း၊ ရောဂါအနာတရဖြစ်ခြင် နဲ့ အသက်အရွယ်ကြီးရင့်လာခြင်း တွေပေါ့) ကျွန်မတို့ရဲ့ Friendship ကိုတော့ ဒီအရာတွေက မထိခိုက်စေနိုင်ပါဘူး။ ကိုယ့်ခင်ပွန်းသည်နဲ့တူတူ အိမ်ထောင်တစ်ခုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ချစ်သူဘဝမှာ အိမ်ထောင်မပြုခင် Friendship ကိုကြီးထွားအောင်လုပ်ဖို့က အရမ်းအရေးကြီးတယ်နော်။ Friendship က အိမ်ထောင်ရေးတစ်ခုကို အဖက်ဖက်က သာယာစေဖို့နဲ့ အဆင်ပြေသော ဘဝကို ပြုလုပ်ပေးပါတယ်။ အိမ်ထောင်တစ်ခုမှာရှိတဲ့ လူနှစ်ယောက်ကို ပေါင်းစည်းပေးလိုက်တဲ့ ကြိုးတစ်ချောင်းလိုပါပဲ။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။