မှန်ကန်သောလက်တွဲဖော် မဟုတ်ကြောင်းပြသသော လက္ခဏာများ

blank

မိန်းကလေးတွေကို ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်တဲ့ အမျိုးသားတွေ အပြင်မှာတကယ်ရှိပါတယ်။ ဆိုလိုတာကတော့ ကိုယ်က သူတို့ဆွဲဆောင်ရာနောက် လွယ်လွယ်လေးပဲ ပါသွားမှာပေါ့။ ကျွန်မတို့အနေနဲ့ အမျိုးသားတွေကို ခန့်မှန်းနိုင်တဲ့ သဲလွန်စတွေကို အကျဉ်းချုံးဖော်ပြလိုက်ပါတယ်။ ဒီအမူအရာမျိုးတွေ အနည်းနဲ့အများ ပြုမူလာပြီဆိုရင်တော့ သတိထားရတော့မှာပေါ့။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       သူအရင်တွဲခဲ့တဲ့ ကောင်မလေးတွေအကြောင်း မကောင်းပြောတတ်တယ်။

သူ့အရင်ကောင်မလေးကို “သူ့အပေါ်ရူးသွပ်နေတာပါ၊ သူ့ကိုလိုက်ပြီးတွယ်ကပ်နေတာပါ၊” စသဖြင့် ရည်ညွှန်းပြောဆိုလာပြီဆိုရင်တော့ သတိထားပေတော့။ အရင်ကောင်မလေးကိုတောင် ဒီလိုပြောရင် ကိုယ်နဲ့ပြတ်ပြီး အခြားတစ်ယောက်နဲ့တွဲရင်လည်း ကိုယ့်ကို ဒီလိုပုံမျိုးပဲ ပြောဆိုပါလိမ့်မယ်။

၂။       သူက အရမ်းကို စိတ်ကူးယဉ်ဆန်ဆန် ချိန်းတွေ့တတ်တယ်။

ဖယောင်းတိုင်မိန်မိန်လေးထွန်းပြီး နွေးနွေးထွေးထွေးရှိတဲ့ ညစာစားပွဲမျိုးက ကောင်းမွန်တာမှန်ပါတယ်။ ဒါပေမယ့် သူက လူသူနည်းပါးတဲ့ သီးခြားနေရာတွေမှာပဲ ချိန်းတွေ့တယ်ဆိုရင် ဖြစ်နိုင်တာက သူတွဲနေတဲ့ အခြားကောင်မလေးတစ်ယောက်ကို ရှောင်ချင်လို့ပါ။ နောက်တစ်ခါဆိုရင် လူစည်ကားတဲ့ စားသောက်ဆိုင်တို့၊ နာမည်ကြီးတဲ့ ကော်ဖီဆိုင်တို့မှာ ချိန်းကြည့်လိုက်ပါ။ သူဘယ်လိုတုန့်ပြန်လဲဆိုတာ သိရတာပေါ့။

၃။       သူ့ဖုန်းအဆက်အသွယ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါတယ်။

တစ်ညတည်းမှာပဲ မက်ဆေ့ခ်ျ (၁၀)ခါလောက် ပို့ပြီး ရက်အနည်းငယ်လောက် ပျောက်သွားပြန်ရော။ တစ်နာရီကြာလောက် ဖုန်းထဲမှာစကားပြောတယ်။ နောက်တော့ တစ်ပတ်လုံး အကြောင်းမပြန်၊ စာမပြန်ဘဲ နေရင်နေလိမ့်မယ်။ ကိုယ်ကတော့ ဘာဖြစ်နေတာလဲ၊ တစ်ခုခုဖြစ်လို့လားလို့ ထင်နေမိလိမ့်မယ်။ အားမနာဘဲပြောရရင်တော့ သူတခြားကောင်မလေးတစ်ယောက်တွဲနေတာ ဖြစ်ဖို့များပါတယ်။

၎။       သူ့အပေါင်းအဖော်တွေက ကိုယ်နဲ့ရင်းရင်းနှီးနှီးမရှိဘူး။

သူ့အကိုတွေ၊ အပေါင်းအသင်းတွေက ခင်ခင်မင်မင်ရှိပေမယ့်လည်း ကိုယ့်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းတွေ (ဥပမာ အလုပ်အကိုင်၊ ဝါဒနာ စသဖြင့်ပေါ့) သိပ်မေးလေ့မရှိဘူး။ အကျည်းတန်လှတဲ့ အမှန်တရားကတော့ ကိုယ်က သူ့ချစ်သူအဖြစ် ကြာကြာရှိနေမှာမဟုတ်တာ သူတို့သိလို့ပါ။ ဒါကြောင့် အချိန်ကုန်ခံပြီး ကိုယ့်ကို တရင်းတနှီးမေးခွန်း ထုတ်မနေတော့တာပါ။

၅။       သူ့အချစ်ဆုံးက ကိုယ်ပါလို့ ပြောပါတယ်။

မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ချစ်စရာကောင်းတဲ့ အယူအဆလေးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူက ချက်ချင်းဆိုသလို ကိုယ့်ကို ချစ်မိသွားတဲ့အကြောင်းတွေပြောလာရင်တော့ ကိုယ့်မသိစိတ်ကပြောတာကို နားထောင်ပြီး သေချာဂရုစိုက်ပါ။ ဒီလိုလေးနက်တဲ့စကားတွေ သူ့ပါးစပ်က လွယ်လွယ်ကူကူ ထွက်ကျလာတာ ဘာကြောင့်လဲဆိုတော့ သူဒါမျိုး အများကြီးပြောခဲ့ဖူးလို့ပါပဲ။

၆။       သူက အနာဂတ်အကြောင်းဆွေးနွေးတာတွေ ရှောင်ဖယ်တတ်တယ်။

ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ အိမ်ထောင်ရေးတွေ၊ ကလေးတွေအကြောင်းဆွေးနွေးတာမျိုးတော့ ပုံမှန်အားဖြင့်မလုပ်ကြပါဘူး။ ဒါပေမယ့် သူက အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ အားလက်ရက်ပျော်ပွဲစားထွက်ဖို့တွေကိုတော့ ပြောနိုင်ပြီး အနာဂတ်အတွက် တိုင်ပင်ကြမယ်ဆိုရင် ရှောင်ဖယ်နေတတ်တယ်။ ဒါက သံသယဖြစ်စရာ တစ်ခုဖြစ်နေပြီလေ။ ကိုယ်နဲ့လက်တွဲဖို့ အစီအစဉ်ရှိရင် ဒါမျိုးဆွေးနွေးဖို့ ကြောက်နေစရာ၊ ခက်ခဲနေစရာ မလိုဘူးလေ။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။