နှစ်တွေဟောင်းပေမဲ့ အချစ်တွေမပြောင်းလဲစေဖို့ မဟာဗျူဟာများ

blank

ဘယ်လောက်ပဲ ချစ်ရသူဖြစ်ပါစေ။ သူစိမ်းတစ်ယောက်နဲ့ တစ်ဘဝလုံး အတူတူနေပြီး အရင်းနှီးဆုံးရှိဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အမြဲတမ်းပြောင်းလဲနေတဲ့ လောကကြီးမှာ ဇနီးမောင်နှံနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ ပြောင်းလဲလျော့နည်းမသွားဖို့ အောက်ပါနည်းလမ်းအဆင့်ဆင့်အတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။

အဆင့် (၁)- ညတိုင်း ညတိုင်း ခင်ပွန်းသည်ရဲ့ လက်မောင်းပေါ်မှာ ခေါင်းအုံးအိပ်ပါ။

အဆင့် (၂)- အပြန်အလှန် အလေးထားပြီး ဂရုစိုက်ပါ။

အဆင့် (၃)- ပြဿနာဖြစ်လာရင် ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆင့် (၄)- သူ့အတွက် ကိုယ်ပိုင်အချိန်ပေးပါ။ ကိုယ့်အတွက်လည်း ကိုယ်ပိုင်အချိန်ယူပါ။

အဆင့် (၅)- အပြန်အလှန်ယုံကြည်မှု ထားရှိပါ။

အဆင့် (၆)- တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက်က ခွင့်လွှတ်နားလည်ပေးပါ။

အဆင့် (၇)- ကိုယ့်ရဲ့ စိတ်ကူးတွေကို တန်ဖိုးထားသလို သူ့ရဲ့ အိပ်မက်တွေကိုလည်း လေးစားပါ။

အဆင့် (၈)- တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချီးမွမ်းပါ။

အဆင့် (၉)- စိုးရိမ်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို မျှဝေခံစားပါ။

အဆင့် (၁ဝ)- ဘယ်လို ပြဿနာတွေပဲ ကြုံနေရပါစေ၊ တစ်ယောက်ကို တစ်ယောက် အားပေးကူညီပါ။

အဆင့် (၁၁)- တစ်ယောက်နဲ့တစ်ယောက် ပြစ်တင်ပြောဆိုတာမျိုးကို ရှောင်ကြဉ်ပါ။

အဆင့် (၁၂)- ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးတစ်ခုဖြစ်မလာမချင်း ဘယ်လိုဒုက္ခတွေနဲ့ပဲကြုံကြုံ လက်တွဲမဖြုတ်ဘဲ ကြိုးစားပါ။

ဒီနည်းလမ်းလေးတွေအတိုင်း ဇနီးမောင်နှံနှစ်ယောက်စလုံး လိုက်နာလုပ်ဆောင်မယ်ဆိုရင် သိကြားမင်းဖျက်တောင် မပျက်နိုင်တဲ့ ပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝလေး ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

ချစ်ရသူကို mention ခေါ်ပြီး ဒီစာစောင်လေးကို ဖတ်ခိုင်းဖို့ မမေ့နဲ့နော်။