လူတွေ သစ္စာဖောက်ရခြင်းအကြောင်းရင်းကို သိပ္ပံနည်းကျကျ လေ့လာရာဝယ်

blank

တစ်စုံတစ်ယောက်က ကိုယ့်ကို သစ္စာဖောက်သွားတဲ့အခါမှာ “သူဘာကြောင့် သစ္စာဖောက်သွားရတာလဲ” ဆိုတဲ့ အတွေးကို ထပ်ကာထပ်ကာတွေးပြီး အကြောင်းရင်းကို သိချင်တယ်မဟုတ်လား။ ဒီမေးခွန်းကို ဖြေနိုင်ဖို့ သိပ္ပံပညာရှင်တွေက သုတေသနတစ်ခုပြုလုပ်ခဲ့ပါတယ်။ လက်တွဲဖော်အပေါ်ကို သစ္စာဖောက်ခဲ့တဲ့သူတွေကို “ဘာကြောင့် သစ္စာဖောက်ခဲ့ရတာလဲ” လို့ မေးပြီး ရလာတဲ့အဖြေတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဒီသုတေသနရဲ့ ရလဒ်ကတော့

  • ၅၇% ဟာ လက်တွဲဖော်ရဲ့ နှိမ်ချဆက်ဆံခြင်းကိုခံရလို့ ကိုယ့်ကိုယ်ကို မြှင့်တင်တဲ့အနေနဲ့ သစ္စာဖောက်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
  • ၇ဝ% က သူတို့လက်တွဲဖော်ဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေမရရှိလို့ သစ္စာဖောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
  • နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ မတူညီတဲ့အတွေ့အကြုံနဲ့ ကာမဂုဏ်ခံစားမှုကို ရချင်လို့ဆိုတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ အများစုသစ္စာဖောက်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကြီးကတော့ “လက်တွဲဖော် (သို့) ချစ်သူက ကိုယ့်ကိုမချစ်သလို ခံစားရလို့” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ နောက်ထပ်သုတေသနပညာရှင်တစ်ဖွဲ့က ဒီသုတေသနကို မတူညီတဲ့နေရာဒေသမှာ လုပ်ဆောင်ကြည့်ခဲ့ရာမှာလည်း ရလဒ်တွေ တူနေတယ်လို့ သိရပါတယ်။

ကဲ… အခုတော့ လူတွေဘာကြောင့် လက်တွဲဖော်အပေါ် သစ္စာဖောက်ရတာလဲဆိုတဲ့ အကြောင်းရင်းတွေကို သိသွားကြပြီ။ သင်နဲ့ သင့်လက်တွဲဖော်ကြားမှာ ရှိနေတဲ့ အချစ်ရေးပြဿနာတွေ၊ စိတ်ထဲမှာ ခံစားနေရတဲ့ နာကျင်မှုတွေ၊ လွဲနေတဲ့ နားလည်မှုတွေကို ဖြေရှင်းနိုင်ဖို့ “သစ္စာဖောက်သင့်လား၊ သစ္စာမဖောက်သင့်ဘူးလား” ဆိုတာကတော့ သင့်ကိုယ်သင် အရင်ဆုံးပြန်မေးရမယ့် မေးခွန်းတစ်ခုပါပဲ။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ ဝေမျှပေးခဲ့ပါဦး။