သင့်ကလေးကို တစ်ချိန်လုံး ဆုံးမစကားတွေပဲ ပြောနေမိပြီလား။ ဒီလိုအမြဲတမ်း ဆုံးမစကားတွေပဲ ပြောနေဖို့ကော တကယ်လိုအပ်တယ်လို့ ထင်လား။ တကယ်တော့ ကလေးတွေဟာ သူတို့ကို ဆုံးမစကားတွေဆိုနေမယ့်သူထက် သူတို့စကားကို နားထောင်ပေးမယ့်သူကို ပိုလိုအပ်တာပါ။
သူတို့စကားတွေကို ဂရုတစိုက်နားထောင်ပေးခြင်းအားဖြင့် သူတို့နဲ့ ပိုရင်းနှီးမှုရှိလာပြီးတော့ သူတို့စိတ်သဘောထားတွေ၊ ခံစားချက်တွေပါ ရင်ဖွင့်လာပါလိမ့်မယ်။ အဲ့ဒီကတဆင့် တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကို ပြောပြတတ်လာမယ်။ သင့်ကို အိမ်အလုပ်တွေမှာလည်း ကူညီတတ်လာမယ်။ ပြီးတော့ သင့်အပေါ်မှာလည်း အရင်ကထက် သံယောဇဉ်တွေပိုလာမှာပါ။ ဒါကြောင့် သင့်ကလေးပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်ပေးလိုက်ပါနော်။
စာချစ်သူတို့လည်း ဒီစာစောင်လေးကို ဖတ်ရှုပြီးသဘောကျမိတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။