ချစ်တာလား၊ အားကိုးတာလား။

သင့်ချစ်သူကို ချစ်တဲ့စိတ်ကပိုလား၊ အားကိုးတဲ့စိတ်က ပိုလား စဉ်းစားကြည့်ဖူးလား။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေကို ကိုယ့်ကိုယ့်ကိုယ် မေးကြည့်ပါ။ သင့်ရဲ့အဖြေအများစုဟာ “ဟုတ်တယ်” လို့ဖြစ်နေပြီဆိုရင်တော့ သင်ဟာ သင့်ချစ်သူကို ချစ်တာထက် အားကိုးမိနေတာပါ။

၁။ သင့်ရဲ့ ပျော်ရွှင်မှု၊ လုံခြုံမှုတွေအတွက် သင့်ချစ်သူမှာ တာဝန်ရှိတယ်လို့ ထင်နေပါသလား။

၂။ သူမပါတဲ့ ဘဝကို စဉ်းစားမိတဲ့အခါတိုင်း ရင်ပူသလို ဖြစ်သွားတတ်လား။

၃။ သင့် ချစ်သူ နဲ့ စကားများရန်ဖြစ်ပြီး ပြတ်စဲရမလို အခြေအနေတွေ ဖြစ်တိုင်း အသားတွေ တဆတ်ဆတ်တုန်အောင် စိတ်ဆိုး ဒေါသဖြစ်တတ်သလား။

၎။ အထီးကျန်မှာကို ကြောက်တတ်တဲ့စိတ်ဟာ သင့်ကို ဘာမှမမြင်နိုင်စေသလို ဖြစ်သွားတတ်သလား။

၅။ သင့်ချစ်သူ ဖုန်းမခေါ်၊ မက်ဆေ့ခ်ျမပို့တဲ့အခါ စိုးရိမ်ကြောင့်ကျလေ့ ရှိသလား။

၆။ သင့်ချစ်သူကို သင့် စိတ်ကူးထဲက မင်းသားလေးပုံစံ နဲ့ ကိုက်ညီလို့ ချစ်ခဲ့တာလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သူ့ကို သင် ဖြစ်စေချင်တဲ့ပုံစံ ပြောင်းလဲသွားစေဖို့ အရမ်းကြိုးစားနေမိပြီလား။

၈။ သူ့ရဲ့ စိတ်ရင်းအမှန်ထက် သင့်အပေါ် ဘယ်လိုဆက်ဆံတယ် ဆိုတာကို ပိုစိုးရိမ်နေမိပြီလား။

၉။ သင့်ချစ်သူ က သင်နဲ့အတူ ရှိမနေဘူး၊ သင့်ကို ဂရုမစိုက်ဘူးဆိုရင် ဟာတာတာ နဲ့ အထီးကျန်သလို ခံစားနေရလား။

၁ဝ။ သင်ဖြစ်ချင်တာကို လုပ်စေဖို့အတွက် သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေမိပြီလား။

စာချစ်သူတို့ကော ဒီအချက်လေးတွေအပေါ် ဘယ်လိုအမြင်ရှိတယ်ဆိုတာကို comment box မှာ မျှဝေခဲ့ပါဦးနော်။