စိတ်သဘောထား နူးညံ့တဲ့သူလေးတွေကို ချစ်ပါ။

blank

စိတ်ဝိညာဉ်ဆိုတာ သင့်ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းဆည်းထားတဲ့နေရာ ဖြစ်ပြီး နှလုံးသားဆိုတာကတော့ ကြယ်တစ်လုံးမျှသာဖြစ်တဲ့အတွက် သင့်နှလုံးသားထက် စိတ်ကို ပိုမိုနားလည်နိုင်တဲ့ စိတ်သဘောထားနူးညံ့တဲ့သူလေးတွေကို ချစ်ပါ။ နူးညံ့တဲ့ နှလုံးသားပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် စိတ်ထိခိုက်လွယ်တတ်တဲ့ချစ်သူမျိုးပေါ့။

သူ့ကိုပြန်မပြုံးပြကြရင်တောင်မှ လူတကာကို ပြုံးပြတတ်သူလေးပါ။ စိတ်မကောင်းစရာတွေကြုံတိုင်း ဝမ်းနည်းတတ်ပေမယ့် ဝမ်းနည်းနေတဲ့သူတွေကိုလည်း အတတ်နိုင်ဆုံး နှစ်သိမ့်ပေးတတ်တဲ့သူမျိုးပေါ့။

အခက်အခဲတွေ ကြုံနေရလည်း အကောင်းမြင်စိတ်ရှိတဲ့သူပါ။ သာမန်အချိန်တွေမှာ အေးအေးဆေးဆေးနေတတ်ပေမယ့် ရဲရင့်ရမယ့် အချိန်တွေမှာလည်း ရဲရင့်တတ်သူလေးပါ။ မြင်သူတကာကို စိတ်အေးချမ်းစေပြီးတော့ မကောင်းဘူးလို့ သင်ထင်ထားတဲ့သူတွေဆီမှာတောင်မှ အကောင်းဆုံးအရာတွေ ရွေးမြင်ပေးတတ်တဲ့သူပါ။ သူချစ်ရတဲ့သူတွေကို အကောင်းဆုံးတွေသာ ပေးချင်တဲ့သူမျိုးပေါ့။

သူများကို ကူညီဖို့ဆိုရင် ဘာမဆိုလုပ်ပေးလိုက်ဖို့ အသင့်ဖြစ်နေတဲ့သူပါ။ သင့်အပေါ်မှာ တာဝန်အရမဟုတ်ဘဲ အကောင်းဆုံးတွေသာ ဖြည့်ဆည်းပေးချင်တဲ့သူမျိုးပေါ့။ သင့်အပေါ်မှာ ပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်သူလေးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုချစ်သူလေးကို ကာကွယ်ပေးပါ။ ဘာလို့လဲဆိုတော့ လူတွေရဲ့သူ့အပေါ် ပြောကြတဲ့ “ရင့်ကျက်စမ်းပါ။ မင်းက အရမ်းအတာပဲ။ သူတို့က မင်းပေါ်အခွင့်အရေးယူသွားမှာပဲ။”စတဲ့ စကားတွေက သူ့ကို အရမ်းထိခိုက်နစ်နာစေတာမို့ပါပဲ။ သူ့နှလုံးသားလေးဟာ အရမ်းနူးညံ့တဲ့အတွက် တခြားသူတွေအတွက် လှောင်ပြောင်သရော်စရာ ပစ်မှတ်တစ်ခုလို ဖြစ်သွားတတ်လို့ပါ။ အမှားလုပ်မိရင်လည်း ပြန်လည်အပြစ်မရှာတတ်ဘဲ အမှားကို ဝန်ခံတတ်တဲ့သူမျိုးပေါ့။

ကျောက်တုံးကျောက်ခဲတွေလို အခက်အခဲတွေ၊ မာကျောမှုတွေနဲ့ ပြည့်နှက်နေတဲ့လောကကြီးမှာ နူးညံ့တဲ့ခေါင်းအုံးလေးတစ်ခုလို သူမကို ပိုင်ဆိုင်ထားရတာ ဂုဏ်ယူလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီလိုလူမျိုးဟာ ကမ္ဘာပေါ်မှာ အရှားဆုံးပါဆိုတဲ့ ကျောက်သံပတ္တမြားတွေထက် ရှားပါးတာမို့ပါ။

သင့်မှာ ဒီလိုချစ်သူလေးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ mention ခေါ်လိုက်ပါဦးနော်။