မိဘတွေရဲ့ အိမ်ထောင်ရေးအခြေအနေတွေက သားသမီးတွေရဲ့ ဘဝတစ်လျှောက်လုံးကို ဘယ်လိုရိုက်ခတ်မှုတွေရှိနေတာလဲ….

blank

ဂန္ထဝင်စာချစ်သူတို့ရေ…။

သားသမီးဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဆိုရင် မိဘတွေက ကြယ်ပွင့်လေးတွေရဲ့ ကောင်းကင်ကြီးပေါ့။ မိဘတွေအနေနဲ့ ဘယ်လိုသားသမီးတွေလိုချင်တယ်လို့ ရွေးချယ်ခွင့်မရှိပေမယ့် သားသမီးတွေဟာ မိဘရဲ့ရွေးချယ်မှုကြောင့် လူဖြစ်လာရသူတွေပါ။ မိဘတွေက မွေးထုတ်ပေးလိုက်လို့ လူဖြစ်လာတဲ့ ကလေးတွေဟာ မိဘတွေ၊ ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုတွေက ကလေးတစ်ယောက်ရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်မှုတွေအများကြီးရှိနေတာပါတယ်။

G.Cole Ratcliffe, Asron M. Norton နဲ့ Jared A. Dutschi တို့က လေ့လာမှုတွေအများကြီး ပြုလုပ်ပြီးတော့ မိခင်ဖခင်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ကလေးငယ်အပေါ်မှာ သက်ရောက် မှုတွေရှိနေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိပြီး ကြင်ကြင်နာနာဆက်ဆံကြတဲ့ မိဘတွေကနေ ပေါက်ဖွားလာတဲ့ သားသမီးတွေဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ထောင်နိုင်ခြေပိုများတယ်ဆိုတာကို သူတို့က အဆိုပြုခဲ့ပါတယ်။

အသက်(၃) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို စိတ်ချမ်းသာနေတဲ့ မိခင်တစ်ယောက်က ပြုစုပျိုးထောင်တဲ့အခါမှာ စိတ်မတည်ငြိမ်မှုတွေ၊ ဒေါသထွက်တာတွေ၊ မကောင်းမြင်မှုတွေ လျော့နည်းတယ်ဆိုတာကိုလည်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။ မိဘနှစ်ယောက်ရဲ့ ဆက်ဆံရေးက သားသမီးတွေရဲ့ အနာဂတ်အပေါ်မှာ ခုထားတဲ့ ဖော့တုံးလေးတွေနဲ့ တူပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ၊ ခိုင်မာတဲ့ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ မိဘနှစ်ပါးရဲ့ ရင်သွေးငယ်တွေဟာ စိတ်လုံခြုံမှုတွေ ပြည့်ဝစွာကြီးထွားနိုင်ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ကြားက စိတ်လုံခြုံမှုတွေ၊ ယုံကြည်မှုတွေဟာ သားသမီးပြုစုပျိုးထောင်တဲ့ နေရာမှာ များစွာ အကျိုးသက်ရောက်မှုရှိတာကြောင့် အမြဲတမ်းရန်ဖြစ်ငြင်းခုံနေမယ်ဆိုရင်၊ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ မတည်ဆောက်နိုင်ဘူးဆိုရင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကလေးလေးတွေကိုလည်း ပြုစုပျိုးထောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ ပျော်ရွှင်တက်ကြွတဲ့ ရင်သွေးလေးတွေကို ပြုစုပျိုးထောင်နိုင်ကြပါစေ။