အသည်းကွဲဒဏ်ရာတွေကို သက်သာစေဖို့ အချိန်ဘယ်လောက်ယူရလဲ။

blank

ချစ်သူနဲ့ လမ်းခွဲကာစအချိန်မှာတော့ လူတွေအားလုံးဟာ အသည်းကွဲတယ်ဆိုတဲ့ ဝေဒနာကြီးကို ကျော်လွှားနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်တတ်ကြလေ့ရှိပါတယ်။ ဆုံးရှုံးလိုက်ရမှု၊ ခံပြင်းမှု၊ ကြေကွဲဝမ်းနည်းမှု၊ စွန့်ပစ်ခံရမှုစတဲ့ ခံစားချက်တွေဟာ ထိန်းချုပ်လို့မရဘဲ အတွေးထဲမှာ တဝဲလည်လည်ဖြစ်နေပါလိမ့်မယ်။ အတူသွားဖူးခဲ့တဲ့နေရာတွေကို ရောက်သွားတိုင်း၊ အတူရှိဖူးတဲ့အချိန်တွေကို သတိရလိုက်တိုင်း နှလုံးသားကို အပ်နဲ့ထိုးဆွနေသလို ခံစားရစေပါလိမ့်မယ်။

အသည်းကွဲခြင်းနဲ့ ပတ်သက်ပြီး လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ကြည့်တဲ့အခါ အသည်းကွဲတဲ့ခံစားချက်တွေ လုံးဝပျောက်ဖို့ ၁၁ ပတ်လောက် ကြာမြင့်တယ်လို့ သိရှိရပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာ ကိုယ့်ကျမှ ကံကွက်ကျားပြီး ကြုံရတဲ့အရာမဟုတ်ပါဘူး။ လူတိုင်းကြုံရတဲ့ အရာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီအသည်းကွဲခြင်း ရက်သတ္တပတ် ၁၁ ပတ်ကျော်ပြီဆိုရင်တော့ ခံစားချက်တွေကို ချုပ်ထိန်းနိုင်သွားပြီး သန်မာလာပါလိမ့်မယ်။ အခုပြောနေတာဟာ ချစ်သူသက်တမ်း အရမ်းမကြာမြင့်သေးတဲ့သူတွေအတွက်ပါ။ အချိန်အကြာကြီးတွဲခဲ့တဲ့ ချစ်သူတွေအတွက်ကတော့ အသည်းကွဲတာကို ကုစားနိုင်ဖို့ အချိန်ကြာကြာလိုအပ်သလို ပြန်လည်လက်တွဲနိုင်ဖို့လည်း မျှော်လင့်ချက်တွေရှိနိုင်ပါသေးတယ်။

အသည်းကွဲဒဏ်ရာကို ကုစားရာမှာ အတွေ့အကြုံရှိတဲ့သူတွေ၊ အကောင်းမြင်စိတ်ရှိတဲ့သူတွေက ပိုမိုလျင်လျင်မြန်မြန်ကုစားနိုင်ပါတယ်။ အသည်းကွဲတဲ့အချိန်မှာ ဖေးမကူညီတတ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေပိုင်ဆိုင်ထားတာကလည်း အသည်းကွဲပျောက်တဲ့ဆေး လက်ဝယ်ပိုင်ပိုင်ရထားသလိုပါပဲ။

ဒါကြောင့် အလျင်မလိုဘဲ အသည်းကွဲခြင်းကို ကုစားဖို့ အချိန်လိုသလောက်ယူလိုက်ပါ။ ရင့်ကျက်လာတာနဲ့အမျှ သင်ခံစားနေရတာတွေ ပြေပျောက်သွားမှာပါ။ ပေါင်းဖက်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ရတယ်ဆိုတာ အနည်းနဲ့အများတော့ နာကျင်စေမှာပါပဲ။

စာချစ်သူတို့ကော အသည်းကွဲဝေဒနာတွေကို ဘယ်လိုဖြေဖျောက်ကြတယ်ဆိုတာ comment box မှာ မျှဝေပေးသွားပါဦးနော်။