ကလေးတွေကို အတောင်အလက်စုံတဲ့ငှက်ကလေးတွေအဖြစ် လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါ။

blank

ဖေဖေမေမေတို့ရေ…

တကယ်တော့ မိဘတွေရဲ့တာဝန်ဆိုတာ ကလေးတွေကို ကိုယ့်ကိုယ်ပွားသေးသေးလေးတွေ ဖြစ်လာအောင် ဖန်တီးပုံသွင်းယူဖို့ မဟုတ်ပါဘူး။ မိဘတွေက ဖြစ်သင့်တယ်လို့တွေးတဲ့ဘဝကို အတင်း ရွေးချယ်ခိုင်းဖို့လည်း မဟုတ်ပါဘူး။

မိဘတွေရဲ့တာဝန်ဆိုတာ ကလေးတွေကို သူတို့လျှောက်ချင်တဲ့လမ်းမှာ သွေဖည်မသွားရ အောင် ကာကွယ်စောင့်ရှောက်သွားပေးရုံပါ။

မိဘတွေအနေနဲ့…

  • သူတို့အတောင်အလက်စုံလင်တာနဲ့ တောင်ပံဖြန့်ပြီး ပျံသန်းနိုင်အောင် လှုံ့ဆော်ပေးနိုင် တယ်။
  • မိဘတွေနဲ့သူတို့ကြားက ဆက်နွှယ်မှုသံယောဇဉ်ကို ပျိုးထောင်ပေးနိုင်တယ်။
  • သူတို့လေးတွေအတွက် အကြွင်းမဲ့အချစ်ကို ပေးနိုင်တယ်။
  • သူတို့နဲ့ဆိုးတိုင်ပင်ကောင်းတိုင်ပင် မိတ်ဆွေအပေါင်းအသင်းဖွဲ့နိုင်တယ်။
  • သူတို့ရဲ့အဓိပ္ပာယ်ရှိစွာကြိုးစားကြီးပြင်းလာတဲ့ဘဝလေးကို စောင့်ကြည့်ဂုဏ်ယူလို့ရပါ တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကလေးဟာ မိဘတွေမျှော်လင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကလေးနဲ့ပတ်သက်ရင် အမြဲတမ်းမျက်စိဖွင့်နားစွင့်ထားပါ။ ကလေးရဲ့တိုးတက်မှုတွေအားလုံး ကို မပြတ်စောင့်ကြည့်ထားပါ။ ကလေးအနာဂတ်အတွက် ကြိုတင်စိုးရိမ်ပူပန်နေစိတ်တွေ၊ ကြောက်စိတ်တွေ၊ ကလေးနဲ့ပတ်သက်ပြီး ဖြစ်စေချင်နေတဲ့ အတ္တတွေကို ဘေးဖယ်ပြီး ကလေးရဲ့ ကိုယ်ပိုင်ဆန္ဒကို ဦးစားပေးမွေးမြူပံ့ပိုးပေးကြည့်ပါ။ အနာဂတ်မှာ အောင်မြင်ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာတာကို တွေ့မြင်ရမှာ အသေအချာပါပဲ။

သင့်ရဲ့ကလေးအုပ်ထိန်းမှုနည်းလမ်းကောင်းလေးတစ်ခုကိုလည်း မျှဝေခဲ့ပါဦးနော်။