ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ်ဆက်ထားသင့်လား။

blank
ဂန္ထဝင်စာချစ်သူတို့ရေ …

ရည်းစားဟောင်းကို သူငယ်ချင်းလို ဆက်ခင်နေသေးလား။ သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီလို ဆက်တွဲနေတာဟာ ရည်းစားဟောင်းကို သံယောဇဉ် မပြတ်နိုင်သေးလို့ ဆက်တွဲနေတာလို့ ဆိုပါတယ်။

ရည်းစားဟောင်းဆိုတာက အတွင်းစိတ်မှာ ဖျောက်ဖျက်လို့မရတဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ် ရှိနေလို့ပါ။ ရည်းစားနဲ့ပြတ်သွားပြီးတဲ့နောက်မှာ အသည်းကွဲတဲ့ခံစားချက်ကို တဖြည်းဖြည်း သက်သာသွားချင်စိတ်နဲ့ ဆက်တွဲဖြစ်နေတာလို့ စိတ်ကုထုံး ပညာရှင်တွေက ဆိုပါတယ်။

ရည်းစားဟောင်းကို မပြတ်နိုင်ခြင်းက သင့်ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆက်ပြီး သိနေချင်သေးတဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ လမ်းခွဲပြီး ရည်းစားအသစ်ရှာချစ်ဖို့ထက် ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ် လက်ခံထားတာက အနည်းဆုံး စိတ်သက်သာရာရစေတယ်လို့လည်း ယူဆနေကြလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့  သူငယ်ချင်းဆက်ဆံရေးနဲ့ ရည်းစားဆက်ဆံရေး မတူညီတာကြောင့် အတိတ်မှာပျော်ရွှင်ခဲ့ဖူးတဲ့ အခြေအနေတွေအတိုင်း သူငယ်ချင်းဆက်ဆံရေးမှာ ပြန်ရနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

သူငယ်ချင်းဆက်ဆံရေးမှာ အပြန်အလှန် ထိန်းချုပ်ကန့်သတ်တာတွေ လုပ်လို့မရပါဘူး။ ထိန်းချုပ်ခွင့်မရှိတော့တဲ့ ရည်းစားဟောင်းရဲ့ ကိစ္စတွေက မနာလိုစိတ်နဲ့ စိုးရိမ်ပူပန်စိတ်တွေဖြစ်စေပြီး ပိုခံစားကြကွဲရစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နောက်ဆုံး လက်ကျန် ပတ်သက်မှုဖြစ်တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း အဆုံးသတ်သွားနိုင်ပါတယ်။

ဒါ့ကြောင့်ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်မတွဲသင့်တော့ဘူးလို့ စိတ်ပညာရှင်တွေကတော့ ဆိုပါတယ်။

သင့်ရဲ့အမြင်ကကော…။