သင်ယူမှု ခက်ခဲတဲ့ကလေးတွေ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုများ

blank

စာဖတ်ပရိသတ်ကြီးရေ…။

သင်က သင့်ကလေးကို ပြောစကားနားမထောင်ဘဲ ကလန်ကဆန်လုပ်တတ်တဲ့ ကလေးလေးလို့ ထင်နေလား။ လန်ပြန်နေအောင် ဆော့ပေမယ့် သင်ယူလေ့လာတဲ့နေရာမှာ နောက်ကျနေလို့ စိတ်ညစ်နေလား။ ပရိသတ်ကြီးရေ… သင်ယူလေ့လာမှု အားနည်းတဲ့ ကလေးငယ်တွေအနေနဲ့ ပညာရေးဖက်မှာသာ မကဘဲ အခြား စိန်ခေါ်မှုတွေလည်း များစွာကြုံတွေ့ရတတ်ပါတယ်

အခြားကလေးတွေနဲ့ မတူတဲ့ ကိုယ်နေဟန်ထား၊ အသံအနိမ့်အမြင့်တွေကြောင့် သူတို့ကို ရိုင်းပြတဲ့ ကလေးတွေဆိုပြီး အထင်ခံရတတ်ပါတယ်။ တစ်ခါတလေမှာ သူတို့လေးတွေဟာ အများရဲ့ လှောင်ပြောင်သရော်မှုတွေ၊ စနောက်မှုတွေကြောင့် စိတ်ထဲမှာ ဒဏ်ရာအနာတရတွေရတတ်ပါတယ်။ တစ်ခါတလေမှာ သူတို့ထက်ကြီးတဲ့ သူတွေရဲ့ အနိုင်ကျင့်မှုတွေကိုလည်း ခံရတတ်ပါတယ်။ သင်ယူမှု ခက်ခဲတဲ့ကလေးငယ်တွေမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုလေးတွေကတော့….

၁။ ပတ်ဝန်းကျင်ရဲ့ ဆက်သွယ်ချက်တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အသိအမြင်တွေ အားနည်းမယ်။

၂။ အခြေအနေ၊ အချိန်အခါနဲ့ လိုက်ပြီး ပြုမူပြောဆိုနိုင်ခြေ လျော့နည်းမယ်။

၃။ သူတစ်ပါးတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ စကားတွေကို ပြေပြစ်ချောမွေ့စွာ ပြောနိုင်ခြင်း လျော့နည်းမယ်။

၅။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းမယ်။

သင့်ကလေးငယ်ဟာ အဲ့ဒီလို အမူအကျင့်လေးတွေ ရှိနေတယ်ဆိုရင်တော့ သင့်အနေနဲ့ ကလေးငယ်ကို ကောင်းကောင်းနားလည်ဖို့နဲ့ မှန်ကန်တဲ့အားပေးမှုတွေ လုပ်ဖို့အရေးကြီးပါတယ်။ မိသားစုရဲ့ အားပေးမှု၊ မိဘရဲ့ပံ့ပိုးမှုတွေနဲ့အတူ သူတို့အတွက်လိုအပ်တဲ့ အထူးလိုအပ်ချက်တွေနဲ့အတူ သင်ကြားပြသသွားမယ်ဆိုရင်တော့ ပညာရေးမှာကော လူမှုရေးနယ်ပယ်မှာပါ အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့်အခြားကလေးတွေနည်းတူ စာမလိုက်နိုင်၊ သင်ယူမှုခက်ခဲနေတယ်ဆိုရင် သူတို့ကို နားလည်အောင်ကြိုးစားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ကြစေဖို့ အကြံပြုလိုက်ပါတယ်ရှင်။