အိမ်ထောင်ရေးမှာ အထီးကျန်မှုတွေ ခံစားနေရပြီဆိုရင် ဘာလုပ်သင့်လဲ

အိမ်ထောင်သည်ဆိုတိုင်း အထီးမကျန်ဘူးလို့ မထင်ပါနဲ့။ လက်တွဲဖော်အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို မခံစားရဘူးဆိုရင်လည်း ဒါဟာ အထီးကျန်နေတာပါပဲ။ ဒီလိုမျိုး အိမ်ထောင်သည်ဘဝမှာ အထီးကျန်စွာခံစားရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်သင့်ပါပြီ။

၁။ ဘာတွေမှားနေလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ကိုယ့်ရဲ့ မကျေနပ်ချက်တွေကို အိမ်ထောင်ဖက်ကို ဖွင့်မပြောခင် ကိုယ့်ကိုယ်ကိုမှာရော ဘာတွေမှားနေလဲဆိုတာ မြင်အောင်ကြည့်ပါ။ ဘာတွေနားလည်မှုလွဲနေလဲ၊ ဘယ်နေရာတွေမှာ သူစိမ်းဆန်နေလဲ၊ အိပ်ရာပေါ်ကကိစ္စတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာတွေ အားလုံးမှာပေါ့။

၂။ ဆင်ခြေပေးခြင်းကို ရှောင်ပါ။

ဒီလိုဖြစ်နေရခြင်းက အိမ်ထောင်ဖက်ရဲ့ အမူအကျင့်တွေကြောင့်ဆိုပြီး ဆင်ခြေမပေးလိုက်ပါနဲ့။ တစ်ခါတလေမှာ သူ့ဘက်က အလုပ်များနေတာမျိုး၊ ချစ်ခြင်းကို ထုတ်ဖော်မပြတာမျိုး ဖြစ်တတ်ပါတယ်။ သူ့ဘက်က နွေးထွေးဖို့မကြိုးစားရင် ကိုယ့်ဘက်က နွေးထွေးရင်းနှီးဖို့ ကြိုးစားကြည့်ပါ။

၃။ အိမ်ထောင်ဖက်ကို သေချာမေးပြီး ထိပ်တိုက်ရင်ဆိုင်ပါ။

“သူသိလောက်မှာပါ” ဆိုပြီး ခံစားချက်တွေ၊ ဆန္ဒတွေကိုကို မျိုသိပ်ထားသရွေ့ကတော့ ပြဿနာကရှင်းသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ခံစားချက်တွေကို ထုတ်ပြောသလို၊ သူ့စိတ်ထဲမှာ ရှိနေတာတွေကိုလည်း ပွင့်ပွင့်လင်းလင်းထုတ်ပြောခိုင်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆွေးနွေးပါ။ မတိုက်ခိုက်ပါနဲ့။

ဒီလို ဆွေးနွေးရင်ဆိုင်ရာမှာလည်း စကားလုံးနဲ့ လေသံက သိပ်ကို အရေးပါပါတယ်။ စကားကို ပညာသားပါပါပြောပါ။ အပြစ်ပုံမချပါနဲ့။ ရန်လိုစွာ မပြောပါနဲ့။ မခနဲ့ပါနဲ့။

၅။ အတူတူ နည်းလမ်းကောင်းရှာပါ။

အိမ်ထောင်ရေးမှာ ပြဿနာလေးတွေရှိနေပြီဆိုတာကို သူ့ဘက်က လက်ခံလိုက်ပြီဆိုတာနဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအတူတူရှာပါ။ နှစ်ယောက်စလုံးအတွက် အကျိုးရှိပြီး အလုပ်ဖြစ်မယ့် နည်းလမ်းကိုရှာပါ။ နည်းလမ်းတစ်ခုနဲ့ အဆင်မပြေဘူးဆိုရင် နောက်ထပ်နည်းလမ်းတစ်ခု ထပ်ရှာပါ။

အိမ်ထောင်ရေးမှာ ဒီလို အထီးကျန်တဲ့ ပြဿနာဆိုတာ ရှင်းထုတ်ရမယ့် အမှိုက်ပါ။ ကော်ဇောနဲ့ ဖုံးထားရမယ့် အမှိုက်မဟုတ်ပါဘူး။ အမှိုက်ကင်းတဲ့ အိမ်ထောင်ရေးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သင့်အမြင်လေးတွေကို comment box မှာ မျှဝေခဲ့ပါဦး။