လံုးဝမခ်ိဳေးဖာက္သင့္တဲ့ အချစ်ရေးဥပဒေပုဒ်မများ

blank
၁။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် သင့်ကိုချစ်လာအောင် အတင်းလုပ်ယူလို့မရပါဘူး။

သင့်ကိုချစ်နေတဲ့သူက သင့်အတွက်ဘယ်လိုပဲပေးဆပ်ပါစေ၊ သင်မချစ်ဘူးဆိုရင် လုံးဝစဉ်းစားမပေးနိုင်ဘူးမို့လား။ အဲဒီလိုပဲ သင့်ကိုမချစ်တဲ့သူဆီကနေ ချစ်ခြင်းတွေကိုလည်း အတင်းတောင်းခံလို့မရပါဘူး။ သူတစ်ပါးရဲ့ ခံစားချက်နဲ့ ရွေးချယ်မှုတွေကို လေးစားသင့်ပါတယ်။ တကယ်လို့ သူ့စိတ်ထဲမှာ သင့်အတွက်ခံစားချက်ရှိမယ်ဆိုရင်တော့ သင်လိုချင်တဲ့အချစ်တွေ တစ်နေ့မှာ ရလာပါလိမ့်မယ်။

၂။  သင့်ကို တစ်စုံတစ်ယောက်ကချစ်နေတယ်ဆိုရင် အဲဒီအချစ်ကို သင်ခံစားနိုင်ပါတယ်။                                                           

တစ်စုံတစ်ယောက်က ကိုယ့်ကိုချစ်နေပြီဆိုရင် ဖွင့်မပြောပြော၊ မပြောပြော အလိုလိုသိနေတတ်တဲ့စိတ် မိန်းကလေးတိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။ အချို့ယောက်ျားလေးတွေမှာလည်း ရှိနေတတ်ပါတယ်။ နောက်တစ်ခုက ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ အချစ်လျော့နေပြီဆိုတာကိုလည်း အလိုလို သိနိုင်ကြပါတယ်။

၃။ အခြားသူရဲ့ အချစ်ကိုလိုချင်ရင် သင့်ကိုယ်သင်အရင်ချစ်တတ်ဖို့ လိုပါတယ်။

သင့်ကိုယ်သင်ချစ်တာနဲ့ တစ်ကိုယ်ကောင်းဆန်တာ မတူပါဘူး။ သင့်ရဲ့ခံစားချက်တွေနဲ့ စိတ်ဆန္ဒတွေကို အရေးပေးပြီး ထည့်စဉ်းစားတာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်စိတ်ချမ်းသာဖို့ သင့်ပျော်ရွှင်မှုတွေကို ချောင်ထိုးထားလိုက်တာက သင့်ကိုယ်သင်သစ္စာဖောက်တာနဲ့ အတူတူပါပဲ။ သင့်ကိုယ်သင်ချစ်ပြီဆိုရင် တခြားသူတွေကို ဘယ်လိုချစ်ရမလဲဆိုတာ သိလာမယ်။ ပြီးတော့ သူတို့ကိုလည်း သင့်ကိုဘယ်လိုပြန်ချစ်ပါဆိုတာကို သိရှိသွားစေပါတယ်။

၎။ သင့်ကို မချစ်တော့လို့ ထွက်သွားတော့မယ့်သူတစ်ယောက်ကို သင်အတင်းဆွဲထားလို့မရပါဘူး။

ဒါဟာ လူတိုင်းကျူးလွန်နေကြတဲ့ အမှားပါ။ ကြားရတာ နည်းနည်းခါးချင်ခါးမယ်၊ ဒါပေမဲ့ အမှန်တရားကို ပြောပြပါရစေ။ သင့်ဘာသာ ဘယ်လိုပဲ ပေးဆပ်ပေးဆပ်၊ ဘယ်လောက်သည်းခံသည်းခံ၊ ရွှေတွေငွေတွေ ဘယ်လောက်ပုံပေးပေး… သူ့စိတ်ထဲမှာ အချစ်မရှိတော့ရင် အတင်းဆွဲထားလည်း သင့်လက်နာရုံပဲရှိမှာပါ။ ဒီတော့ အနာခံပြီး ဆွဲထားမယ့်အစား လွှတ်ပေးလိုက်ပါ။ နောက်လာမယ့်နေ့ရက်တွေအတွက် အားမွေးပြီး ကြိုးစားပါ။ မထိုက်တန်တဲ့သူတစ်ယောက်ကို စွန့်လွှတ်လိုက်တာက ထိုက်တန်သူတစ်ယောက်နဲ့ တွေ့ဖို့ပဲမဟုတ်လား။

သင့်အမြင်လေးတွေကိုလည်း comment box မှာ ဖလှယ်ခဲ့ပေးပါဦးနော်။