အမျိုးသမီးတွေဟာ ဆွဲဆောင်မှုသိပ်မရှိတဲ့ အမျိုးသားတွေနဲ့ ဘာကြောင့် Date လုပ်ချင်ကြတာလဲ။

blank

လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ မိန်းကလေးတွေ ချစ်သူရည်းစားထားတဲ့အခါ ဘယ်လိုပုံစံလေး ကို ရွေးချယ်မယ်လို့ စိတ်ကူးကြတာချင်းလည်း တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ တချို့ မိန်းကလေးတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသားတွေကို ရွေးချယ်ကြသလို တချို့တွေကျတော့ ဆွဲ ဆောင်မှုသိပ်မရှိလှတဲ့ အမျိုးသားတွေကို ရွေးချယ်ကြပါတယ်။

စိတ်ပညာရှင်တွေအဆိုအရတော့ ဆွဲဆောင်မှုသိပ်မရှိတဲ့ အမျိုးသားတွေနဲ့တွဲတဲ့ အမျိုးသမီး တွေဟာ ပိုပျော်ရွှင်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက် ပိုဆွဲဆောင်မှု ရှိတဲ့ အမျိုးသားနဲ့တွဲတဲ့အခါ သူတို့က ချစ်သူအမျိုးသမီးရဲ့ အသွားအလာ၊ အနေအထိုင်၊ အစားအသောက် ကအစ သူတို့နဲ့လိုက်ဖက်ညီအောင် ထိန်းချုပ်တတ်ကြတာကြောင့်ပါ။ အမျိုးသမီး အများစုကတော့ အဲ့ဒီလို ထိန်းချုပ်ခံ Relationship မှာ မပျော်ရွှင်ကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြီးတော့ သူတို့ကိုယ်သူတို့လည်း အမြဲဆွဲဆောင်မှုရှိနေစေဖို့ အနေအထိုင်၊ အစားသောက်က အစ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ တင်းကြပ်ထားတတ်ကြပါတယ်။ ဝိတ်တက်မှာ စိုးတာကြောင့် ချစ်သူနဲ့ အတူ စားချင်တာတွေ လိုက်စားပေးမှာမဟုတ်ပါဘူး။

အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်လောက်ဆွဲဆောင်မှုမရှိတဲ့ အမျိုးသားတစ်ယောက်နဲ့တွဲမယ်ဆိုရင် တော့ ဝိတ်ချဖို့ကို ကောင်းကောင်းလျစ်လျူရှုထားလို့ ရပါတယ်။ အဲ့ဒီအမျိုးသားနဲ့ Date လုပ်တဲ့ အခါမှာကော၊ နှစ်ယောက်သားတွဲနေတဲ့အချိန်အတွင်းမှာပါ ကိုယ်ကြိုက်တာကို ကြိုက်တဲ့အချိန်မှာ စားလို့ရပါတယ်။ ဒါ့အပြင် ကိုယ်က ပိုပြီးဆွဲဆောင်မှုရှိနေတဲ့အတွက် နှစ်ယောက်အတူ သွားလာစား သောက်ချိန်တိုင်းနီးပါးလည်း ကိုယ့်စိတ်တိုင်းကျ အလိုလိုက်ခံရနိုင်ပါတယ်။

သေချာတာကတော့ ချစ်သူရည်းစားဆိုတာ အနာဂတ်လက်တွဲဖော်လောင်းလည်း ဖြစ်နိုင်တဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက် Date မလုပ်ခင် သေချာစဉ်းစားရွေးချယ်တာ အကောင်းဆုံးပါပဲ။

သင်ကော ရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုအမျိုးသားနဲ့ Date လုပ်ချင်လဲ။ comment box မှာ မျှဝေခဲ့ပါဦးနော်။