ဖောက်ပြန်နေတဲ့ ရည်းစားကို မပြတ်နိုင်ဖြစ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုလုပ်ရမလဲ။

blank

ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ တက္ကသိုလ်တက်တော့လည်း အတူတူ၊ လုပ်ငန်းခွင်ဝင်တော့လည်း အတူတူ ဆိုတော့ အမြဲတမ်းလိုလို တပူးပူးတတွဲတွဲနဲ့ နေခဲ့ကြတဲ့ သူငယ်ချင်းတွေပေါ့။ ကျွန်မသူငယ်ချင်းနဲ့ သူရဲ့ချစ်သူဟာ နှစ်ဖက်မိဘတွေကို ဖွင့်ပြောပြီး မကြာခင်မှာ လက်ထပ်ဖို့ ငွေကြေးစုဆောင်းတာတွေကိုတောင် လုပ်နေကြတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ ကျွန်မသူငယ်ချင်းက ကျွန်မဆီကို ငိုယိုပြီးရောက်လာတယ်။ သူ့ရဲ့ကောင်လေးက အခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ လိုင်းပေါ်မှာ ကြူရင်းတွေ့တဲ့ကောင်မလေးနဲ့ တွဲသွားတွဲလာလုပ်နေတာကို သူမကြာခင်ကပဲ သိလိုက်ရတယ်။ ကောင်လေးကိုဖွင့်မေးတော့လည်း နောက်တစ်ယောက်က အပျော်သဘောနဲ့ လိုင်းပေါ်မှာ စရင်းနောက်ရင်း တွဲဖြစ်သွားတဲ့အကြောင်း ကျွန်မသူငယ်ချင်းကိုပဲ ဘဝအတွက်ရည်ရွယ်ပြီး ချစ်တဲ့အကြောင်းပြောတယ်တဲ့။ ကျွန်မကတော့ သူငယ်ချင်းအားဖြစ်စေမယ့် စကားတွေပြောပြီး ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းဖို့ အားပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူကလည်း သစ္စာမရှိတဲ့သူကို ပြတ်မယ်ဆိုပြီး ပြောသွားပါတယ်။ နောက်ထပ်တစ်ပတ်လောက်နေတော့ သူ့ကောင်လေးနဲ့ ပြန်အဆင်ပြေသွားပြီး အရင်လိုတွဲသွားတွဲလာ လုပ်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မလည်း သူတို့ချင်းအဆင်ပြေရင် ပြီးတာပဲ သဘောထားပြီး ငြိမ်နေလိုက်ပါတယ်။ မကြာပါဘူး ကျွန်မသူငယ်ချင်းက သူ့ကောင်လေးကို ဖြတ်လိုက်ပြီဆိုတဲ့အကြောင်း၊ သူအရမ်းခံစားနေရတယ်ဆိုတဲ့အကြောင်း ပြောပြီး ငိုပြန်ပါတယ်။ ဟိုဖက်ကကောင်မလေးနဲ့လည်း မပြတ်၊ သူနဲ့လည်း တွဲနေတော့ ကျွန်မသူငယ်ချင်း ဖက်က စဖြတ်ခဲ့တဲ့အကြောင်း ပြောပါတယ်။

ဒါပေမဲ့ ကျွန်မသူငယ်ချင်းက သူ့ရဲ့ ကောင်လေး ချော့လိုက်ရင် ပြန်ပြန်ပြီး စိတ်ယိုင်သွားတတ်ပါတယ်။ တစ်ဖက်ကောင်မလေးကို မဖြတ်ဘဲ နှစ်ယောက်လုံးကို တွဲနေတယ်ဆိုတာကို သိပါလျက်နဲ့ အချစ်စိတ်တစ်ခုတည်းနဲ့ မပြတ်သားနိုင်ဖြစ်နေပါတယ်။ လတ်တလောမှာ ခံစားရမယ့် အသည်းကွဲခြင်းတွေကို ကြောက်ပြီး သစ္စာမရှိတဲ့ယောက်ျားကို မပြတ်သားနိုင်ဖြစ်နေတာကို စိတ်တိုမိပေမယ့် အချစ်ကြီးတဲ့ သူမကို သနားမိပြန်ရော။ သူမကတော့ ကျွန်မရှေ့မှာ လာငိုလိုက်၊ စိတ်ပြန်ယိုင်လိုက်နဲ့ လုံးချာလိုက်နေပါတယ်။

လက်ထပ်ပြီးသွားရင် ခြေငြိမ်သွားမှာလို့ ထင်နေတဲ့ သူ့ကောင်လေးဟာ သူထင်နေသလို တကယ်ပဲ တည်ငြိမ်သွားမှာလား။ အခုတောင် သစ္စာမရှိတာ သိရက်နဲ့လက်မလွတ်နိုင်ဖြစ်နေတဲ့ သူငယ်ချင်းအပေါ် လက်ထပ်ပြီးသွားရင်လည်း သစ္စာတွေမဲ့နေဦးမှာလား ဆိုတာကို ကျွန်မစဉ်းစားမိနေတယ်။ အဖြေဟာ ကျွန်မရင်ထဲမှာ ရှိတယ်။

ဒါပေမဲ…. ကျွန်မဖွင့်ပြောသင့်လားဟင်….။

ကျွန်မဘာလုပ်သင့်လဲ။