အသည်းခွဲတာ ဝါသနာပါသူများသို့ ပန်ကြားလွှာ

blank

ကစားနည်းပေါင်းမြောက်များစွာ ရှိပေမယ့် အသည်းနဲ့မှ ကစားတတ်သူတို့ရေ…

နှလုံးသားနဲ့ ရင်းပြီးချစ်မိသူတစ်ယောက်ရဲ့ အသည်းနှလုံးကို ကစားပြီးတဲ့နောက် ရှင့်တို့ရဲ့ ဘဝတွေ ဘာတွေများထူးခြားသွားလဲ။ ကျွန်မသိပါတယ်။ ရှင်တို့ခံစားနေရမှာလည်း မဟုတ်သလို လုပ်ရက်တွေအတွက် နောင်တရနေမှာလည်း မဟုတ်ပါဘူး။ ရှင်တို့အတွက် ဘာမှမဟုတ်ခဲ့တဲ့ အရာတွေက တစ်ဖက်သားအပေါ် ဘယ်လောက်ထိသက်ရောက်မှုတွေ ရှိစေသလဲဆိုတာ စဉ်းစားဖူးရဲ့လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှင်တို့ရဲ့လုပ်ရက်တွေဟာ တခြားလူတစ်ယောက်ရဲ့ နှလုံးသားကိုတင်မကဘဲ ဝိဉာဉ်တစ်ခုလုံးကိုတောင် တုန်လှုပ်ချောက်ခြားစေခဲ့တယ်ဆိုတာ သိကြရဲ့လား။ အသည်းကွဲဝေဒနာဆိုတာ ခံစားသူမှသာ သိနိုင်တဲ့ ဆိုးဝါးတဲ့ခံစားမှုကြီးပါ။ ပေးခဲ့တဲ့အချစ်အနည်းအများဟာ ခံစားရတဲ့ ဝေဒနာရဲ့ အတိမ်အနက်ဆိုတာကို ရှင်တို့သိအောင် ပြောပြချင်လိုက်တာ။ လူတစ်ယောက်အသည်းကွဲတဲ့အခါ နာကျည်းဝမ်းနည်းစိတ်၊ သိမ်ငယ်အားငယ်စိတ်၊ ကိုယ်ကိုယ့်ကိုယ်အပြစ်တင်တဲ့စိတ်နဲ့ လောကကြီးတစ်ခုလုံးအမှောင်ဖုံးသွားတတ်ပါတယ်။

ဒါ့ကြောင့်လေ…။

“ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းမပြောခင်မှာ အဲ့ဒီစကားကို တာဝန်ယူနိုင်ရဲ့လား။ သစ္စာတရားတွေ ပေးနိုင်ရဲ့လား။ တစ်ဖက်သားရဲ့ ခံစားချက်တွေကို တန်ဖိုးထားနိုင်ပြီလားဆိုတာ သေချာစဉ်းစားစေချင်ပါတယ်။ အသည်းကွဲတယ်ဆိုတာ သေခြင်းတရားထက်တောင် နာကျင်ဝမ်းနည်းဖို့ကောင်းပါတယ်။ လူသတ်တာက အပြစ်ရှိတယ်ဆိုရင် နှလုံးသားကိုသေဆုံးစေတာကလည်း ဒဏ်သင့်စေမှာပါပဲ။

ဘယ်လောက်ပဲ ကြံ့ခိုင်သန်မာတဲ့လူပဲဖြစ်ဖြစ် အသည်းကွဲတဲ့အခါ အနည်းနဲ့အများတော့ နာကျင်ခံစားရတတ်ပါတယ်။ ဒါ့ကြောင့်လေ အသည်းခွဲတာကို ပေါ့သေးသေးကိစ္စလို့ သဘောမထားပါနဲ့။ ခံစားချက်တွေကို ကလေးကစားသလို မကစားပါနဲ့။ ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကို ခဏတာသာယာမှုတွေအတွက် အသုံးမချပါနဲ့။ အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ပူဖောင်းတစ်ခုကိုတော့ ဘဝပျက်စေပါတယ်။

ဒါ့ကြောင့်လေ… အသည်းခွဲတော့မယ်ဆိုရင် သေချာစဉ်းစားပါ။ ကမ္ဘာကြီးဆိုတာ တစ်ပတ်လည်နေတာကြောင့် ဒီလိုဆိုးဝါးတဲ့ ခံစားမှုတွေကို ဘယ်သူ့ကိုမှ မခံစားစေချင်ပါဘူးလေ။