ခင်ပွန်းသည်တွေ သိသင့်တဲ့ အိမ်ရှင်မတို့ရဲ့ အရည်အချင်းလေးတွေ

blank

မီးဖိုခန်းထဲမှာနေတယ်လို့ သင်အထင်သေးနေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ…

အာဟာရသိပ္ပံပညာရှင်တစ်ယောက်လိုပဲ တစ်အိမ်သားလုံးအတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ပြင်ဆင်ကျွေးမွေးနေတယ်။

ကလေးထိန်းရတဲ့ အလုပ်ပဲလုပ်ရသူပါလို့ သင်လျှော့တွက်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဟာ

ကလေးအထူးကုဆရာဝန်တစ်ယောက်လိုပဲ သင့်ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတယ်။

သင့်ဘေးနားမှာ အမြဲတမ်းတွယ်ကပ်နေလို့ သင်ငြီးငွေ့နေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ

သင်ဖျားနာတဲ့အခါ သူနာပြုတစ်ယောက်ရဲ့ ကျွမ်းကျင်မှုမျိုးနဲ့ သင့်ကိုပြုစုကုသပေးနိုင်တယ်။

အတွေးလွန်လိုက်တာလို့ သင်အပြစ်တင်တတ်တဲ့ သင့်ရဲ့ အိမ်ရှင်မလေးဟာ..

အင်ဂျင်နီယာတစ်ယောက်လိုပဲ သင့်အိမ်ကို ဖန်တီးအလှဆင်ပေးနိုင်တယ်။

စကားများလိုက်တာလို့ သင်ညည်းညူတတ်တဲ့ အိမ်ရှင်မလေးဆီမှာ ပါမောက္ခကြီးတွေလို စကားအရာကျွမ်းကျင်မှုတွေရှိတယ်။

ငွေမက်တယ်လို့ အပြစ်တင်တတ်တဲ့ သင့်ရဲ့အိမ်ရှင်မလေးဟာ သင်အပ်တဲ့ငွေလေးကို တစ်လလုံးလောက်ငှအောင် စာရင်းကိုင်တစ်ယောက်လို တွက်ချက်နေရတယ်ဆိုကော သင်သတိထားမိရဲ့လား။

သင်ရဲ့အိမ်ရှင်မလေးမှာ သင်လျှော့တွက်ထားတဲ့ အရည်အချင်းပေါင်းများစွာ ရှိနေတယ်။ သင်သူ့ကို ဘယ်လောက်ပဲအပြစ်တင်တင် သူမရဲ့နှလုံးသားထဲမှာ သိမ်းဆည်းထားပြီး သင့်ကိုချစ်ခြင်းတွေ ပြန်ပေးတယ်။ သင့်ရဲ့အသိအမှတ်ပြုမရလည်း သင်နဲ့သင်မိသားစုအတွက် အကောင်းဆုံးလုပ်ဆောင်ပေးတယ်။ ဒါ့ကြောင့်နှစ်ကိုယ်တူတည်ထောင်ထားတဲ့ ဘဝမှာ ဇနီးသည်ရဲ့ အရည်အချင်းလေးတွေကို အသိအမှတ်ပြုပါ။ သူတို့လုပ်ဆောင်နေတဲ့အရာတွေကို ပေါ့သေးသေးမသတ်မှတ်လိုက်ပါနဲ့နော်။