မေမေ့ကို ပြောချင်တဲ့ သမီးရင်ထဲက စကား

blank

မေမေရေ…

သမီးလေ အရွယ်ရောက်လာတာနဲ့အမျှ လောကကြီးအကြောင်း ပိုသိလာရတယ်။ အသစ်အဆန်းတွေကို သင်ယူလာရတယ်။ လောကကြီးနဲ့ ထိတွေ့ဆက်ဆံလာရတာနဲ့အမျှ မေမေ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုပြီးနားလည်တန်ဖိုးထားတတ်လာတယ်မေမေ။

အမေတွေဟာ ကိုယ့်သားသမီးကောင်းစားဖို့ဆို သူတို့အတွက် ဘာမှမကျန်ခဲ့ရင်နေပါစေ အရာအားလုံးကို ပုံအောထားကြောင်း မေမေ သမီးကို ပြသခဲ့တယ်။ ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ ဘယ်အရာကိုမှ လွယ်လွယ် အရှုံးမပေးသင့်ကြောင်း မေမေ သင်ပေးခဲ့တာကြောင့် ဒီနေ့ သမီးဒီလိုဖြစ်လာခဲ့တာပါ။

သမီး အရွယ်ရောက်လာတာနဲ့အမျှ သမီး ပေါင်းခဲ့ဖူးသမျှထဲမှာ မေမေဟာ အကောင်းဆုံးသူငယ်ချင်းပဲဆိုတာ သဘောပေါက်လာတယ်။ အသစ်အဆန်းတွေ စမ်းလုပ်ကြည့်တဲ့အခါ မေမေ သမီးကို အားပေးခဲ့တယ်။ သမီး ဖြစ်ချင်တဲ့ပုံစံမျိုး ဖြစ်လာဖို့ ဆုံးဖြတ်နိုင်အောင် မေမေ သမီးကို ပံ့ပိုးပေးခဲ့တယ်။ တစ်ခုခုကို မလုပ်နိုင်တဲ့အခါ မေမေ သမီးကို မဆူမငေါက်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ မိန်းမကောင်းတစ်ယောက် ဖြစ်လာဖို့ နည်းလမ်းလေးတွေ ပေးခဲ့တဲ့ မေမေ့ကို ထပ်ပြီး ကျေးဇူးတင်ပါရစေ။ သမီးအတွက် မေမေ့ရဲ့ချစ်ခြင်းမေတ္တာတွေဟာ အကြွင်းမဲ့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မေမေနဲ့ဝေးနေတဲ့အခါမှာ  သမီးအပေါ် အရမ်းဂရုစိုက်ပေးခဲ့တဲ့ မေမေ့ကို အရမ်းလွမ်းဆွတ်လာတယ်။ ညစာတွေ ပြင်ပေးခဲ့တဲ့၊ ကျောင်းသွားဖို့ ပြင်ဆင်ပေးခဲ့တဲ့၊ ပြီးတော့ ဘယ်သွားသွား သမီးကို ခေါ်သွားတဲ့ မေမေ့ကို သမီး လွမ်းနေပါတယ်။ ကျောင်းသွားဖို့ မနက်တိုင်း နှိုးပေးခဲ့တဲ့၊ ပြီးတော့ သမီးက တစ်ကြိမ်နှိုးယုံနဲ့ မထလို့ ခဏခဏပြန်နှိုးပေးခဲ့တဲ့ မေမေ့ကို အရမ်းလွမ်းနေပါတယ်။

ပြီးတော့  သမီးအတွက် မေမေလုပ်ပေးခဲ့တဲ့ အရာအားလုံးကို နားလည်လာတယ်။ သမီး ဘယ်လောက်ပဲ နွဲ့ဆိုးဆိုးပါစေ၊ အချစ်မပျက်ခဲ့တဲ့ မေမေ့ကို အရမ်းတန်ဖိုးထားတတ်လာတယ်။

သမီးဘဝမှာ ပိုင်ဆိုင်ခဲ့တဲ့ အရာတွေထဲ မိခင်အဖြစ်နဲ့ရော၊ သူငယ်ချင်းကောင်းအဖြစ်နဲ့ပါ ရှိနေပေးခဲ့တဲ့ မေမေက အကောင်းဆုံးပါပဲ။ အဲဒါကြောင့် သမီးလေ အရွယ်ရောက်လာတာနဲ့အမျှ အရာအားလုံးအတွက် မေမေ့ကို ကျေးဇူးအရမ်းတင်ပါတယ်။

စာချစ်သူတို့ရော မေမေတွေကို ပြောချင်တဲ့စကားလေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။