လူအများစုက ရည်းစားဦးနဲ့ ဘာ့ကြောင့် လွဲတတ်ကြတာလဲ။

blank

လူတိုင်းက ရည်းစားဦးကို အချစ်ဆုံးလို့ ပြောစမှတ်တွင်ကြတယ်။ ဒါပေမဲ့ ဘာ့ကြောင့်လူတိုင်းက ရည်းစားဦးနဲ့ မပေါင်းဖက်ရတာလဲ။ လူအများစု ရည်းစားဦးနဲ့ လွဲဖယ်ရတာက

၁။ ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်း မသုံးသပ်နိုင်ခဲ့လို့။

၂။ ဘဝ အတွေ့အကြုံမရင့်သန်ခဲ့လို့။

၃။ အချစ်ရေးတစ်ခုမှာ လိုအပ်တဲ့ ညှိနှိုင်းမှုတွေကို မလုပ်တတ်ခဲ့လို့။

၎။ မှန်ကန်တဲ့ပေးဆပ်မှုတွေကို မလုပ်တတ်ခဲ့လို့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အချစ်ရေးမှာ ထားတဲ့ မျှော်လင့်ချက်တွေက ကြီးလွန်းနေခဲ့လို့။

၆။ အချစ်ရေးကြောင့် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို မစွန့်လွတ်သင့်တဲ့အကြောင်း နားမလည်ခဲ့လို့။

၇။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေကို မသိခဲ့လို့။

၈။ လူကြီးမိဘတွေရဲ့ ဖိအားတွေ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ များခဲ့လို့။

၉။ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုပေးဖို့၊ နားလည်ပေးဖို့ လိုအပ်မှန်းမသိခဲ့လို့။

၁ဝ။ တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားလွန်းခဲ့လို့။

“ရည်းစားဦးရဲ့ အသံလေးများကို မြေးဦးရတဲ့အထိ မေ့လို့မရနိုင်ပါဘူး” လို့ ဆိုထားတဲ့ သီချင်းလေးအတိုင်းပဲ ရည်းစားဦးဆိုတာ လူတိုင်းရဲ့ ဘဝမှာ မမေ့နိုင်သူလေးတွေပါ။ ဖူးပွင့်စနှလုံးသားမှာ ပထမဦးဆုံး ပွင့်လန်းခဲ့တဲ့ အချစ်ဦးဆိုတာ လူတိုင်းမှတ်မှတ်ထင်ထင်ရှိနေတတ်သူလေးတွေပေါ့။

သင်ကော… ရည်းစားဦးကို အခုထိ မှတ်မှတ်ထင်ထင် ရှိနေတုန်းလား။