ဘာနဲ့မှမလဲနိုင်တဲ့ အနွေးထွေးဆုံးမိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရစေဖို့…

blank

          လူတိုင်းရဲ့ဘဝမှာ ပိုင်ဆိုင်ခွင့်ရချင်ကြတဲ့အရာတွေထဲ ချစ်ခင်စည်းလုံးတဲ့မိသားစုဘဝလေး လည်း ပါပါတယ်။ အဲ့ဒီလိုချစ်ခင်စည်းလုံးတဲ့မိသားစုဘဝလေးကို ဖော်ဆောင်နိုင်စေမယ့်နည်းလမ်း လေးတချို့ကို ဂန္ထဝင်မှ မျှဝေလိုက်ပါတယ်နော်။

၁။ မိသားစုထမင်းလက်ဆုံစားပါ။

မိသားစုဝင်အားလုံးအတူဆုံပြီး စားဖို့နေ့တိုင်းမဖြစ်နိုင်ရင်တောင် အနည်းဆုံးတစ်ပတ်မှာ သုံး လေးကြိမ်တော့ ကြိုးစားဖန်တီးကြည့်ပါ။ အစားအစာတွေကောင်းပြီး လက်ရာကောင်းဖို့ အဓိက မ ဟုတ်ပါဘူး။ အတူထမင်းလက်ဆုံစားနိုင်ဖို့ အဓိက ဖြစ်ပါတယ်။

၂။ ပျော်ရွှင်စရာတွေဖန်တီးပါ။

ညဘက်ဇာတ်ကားအတူကြည့်ကြတာ၊ ဂိမ်းကစားတာ၊ ခြံထဲက အသီးအနှံတွေ အတူတူခူး ကြတာတွေက ကုန်ကျစရိတ်နည်းပြီး မိသားစုပျော်ရွှင်စေတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ဒါ ကြောင့် မိသားစုရဲ့လစဉ်အချိန်ဇယားတွေထဲမှာ ပျော်စရာအချိန်လေးတွေအတွက်လည်း ထည့် ထားလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အတူတူဘုရားရှိခိုးပါ။

အတူဘုရားရှိခိုးတာ၊ အတူဆုတောင်းတာတွေက ကုသိုလ်ကောင်းမှုရဲ့ငြိမ်းချမ်းမှုကို မိသားစု မျှဝေခံစားတာနဲ့ တူပါတယ်။ မိသားစုဝင်အချင်းချင်းကြားက ပိုပြီးနွေးထွေးစည်းလုံးမှုကိုလည်း တည် ဆောက်ပေးပါတယ်။

၅။ စကားဝိုင်းလေးတွေ ဖန်တီးပါ။

မိသားစုဆိုတာ အမြဲအဆက်အသွယ်ရှိနေကြဖို့ လိုအပ်ပါတယ်။ အလာပသလာပ စကားဝိုင်း လေးတွေအပြင်၊ စာရွက်လေးတွေပေါ် မေးခွန်းလေးတွေရေးပြီး မဲလိပ်နှိုက်ဖြေခိုင်းတာလေးတွေက လည်း မိသားစုစကားဝိုင်းကို ပျော်ရွှင်စေတဲ့ ကစားနည်းလေးတွေပါ။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း အထက်ပါနည်းလမ်းလေးတွေနဲ့ မိသားစုရဲ့ပိုမိုစည်းလုံး နွေးထွေးမှုကို တည်ဆောက်နိုင်ကြပါစေနော်။