အစားပုတ်လေးတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင်

blank

အစားပုတ်လေးရဲ့ ချစ်သူရေ…။

သင့်ချစ်သူဟာ သင့်ကိုမြင်ရင် ရင်ခုန်သလို အစားကောင်းကောင်းတွေကို မြင်တဲ့အခါ ရင်ခုန်တတ်သူတစ်ယောက်လား။ ဒါမှမဟုတ် အစားအသောက်မြင်ရင် ပျော်ရွှင်သွားတတ်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကို crush နေသလား။ အဲ့ဒါဆိုရင်တော့ ဒီစာလေးကို သေချာလေးဖတ်ကြည့်လိုက်ပါနော်။

အစားပုတ်လေးတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင်…

  • အစားအသောက်ကောင်းတဲ့ ဆိုင်တွေအကြောင်း မျက်စိဖွင့်၊ နားစွင့်ထားပါ။
  • လည်ဖို့ပတ်ဖို့ အစီအစဉ်တွေထက် စားဖို့သောက်ဖို့ အစီအစဉ်တွေ များများဆွဲပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • သူမအားရပါးရ စားနေတဲ့အခါ ကျေနပ်နေတဲ့ မျက်နှာနဲ့ သူမကို တစိမ့်စိမ့်ကြည့်ပါ။
  • အစားအသောက်နဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်အောင် လေ့ကျင့်ထားပါ။
  • သူမ share တဲ့အစားအသောက် ပို့စ်တွေကို သင်သတိထားမိကြောင်း ဝယ်ကျွေးပြီး သက်သေပြပါ။
  • အစားအသောက်တွေကို ကိုယ်တိုင်ချက်ကျွေးပြီး သူမကို အံ့သြစေပါ။
  • စားစရာတစ်ခုခုကို အိတ်ထဲအမြဲဆောင်ထားပါ။
  • သင်မှာထားတဲ့မုန့်ကိုလည်း သူမနဲ့ ဝေမျှစားတတ်ဖို့ လေ့ကျင့်ထားပါ။