သင့်လက်တွဲဖော်က ညှဉ်းပန်းနှိပ်စက်တတ်သူလား။

blank

စာချစ်သူတို့ရေ…

သင့်လက်တွဲဖော်က စိတ်တိုတိုင်း နံရံကို လက်သီးနဲ့ ပစ်ထိုးတတ်တဲ့သူလား။

ဒေါသထွက်တိုင်း မထင်ရင်မထင်သလို ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ စကားလှအောင်ဖုံးကွယ်တာနဲ့တူပါတယ်။သင့်လက်တွဲဖော်မှာ ဒီလိုအမူအကျင့်မျိုးရှိတယ်ဆိုရင် ဒါဟာ သတိထားသင့်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကြာလာတဲ့အခါ သင့်လက်တွဲဖော်ရဲ့နံရံပေါ်က လက်သီးချက်တွေက သင့်မျက်နှာပေါ်ရောက်လာနိုင်လို့ပါ။

တကယ်တော့ အဲ့ဒီလိုလုပ်တတ်တဲ့သူမျိုးတွေမှာနာကျင်မှုကိုနှစ်သက်တဲ့ရူးကြောင်ကြောင်ခံစားချက်မျိုးရှိနေတတ်ပါတယ်။တစ်ဖက်သားအပေါ် အဲ့ဒီလိုနှိပ်စက်ဖိနှိပ်ပြီးရင် “ ငါဒီလိုတွေ ဘာဖြစ်လို့ လုပ်မိလိုက်မှန်းတောင် မသိတော့ဘူး” လို့ မျက်ရည်အဝိုင်းသားနဲ့ သူတို့ မဟုတ်တော့တဲ့အတိုင်းလည်းပြန်တောင်းပန်တတ်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီလို ပြန်တောင်းပန်တဲ့အခါတိုင်း သူတို့ ကတိစကားတွေကို ယုံစားမိပြီးရင်လည်း ဒီအမူ အကျင့်က ရပ်မသွားပါဘူး။ အချိန်တန်ရင် ပြန်ပေါ်လာပြန်တာပါပဲ။

ဒီလိုလူမျိုးနဲ့တွေ့ကြုံတဲ့အခါ နှလုံးသားထက် ဦးနှောက်နဲ့သေချာတွေးပြီး ဆုံးဖြတ်ချက်တွေကို စနစ်တကျချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။ အကြမ်းဖက်တတ်တဲ့သူတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မိရင် တစ်သက်လုံးနာကျင်ခံစားမှာ မို့လို့ပါ။

စာစောင်လေးဖတ်ပြီး ပြောချင်တာလေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။