အိမ်ထောင်ရေးရဲ့အပျော်ရွှင်ဆုံးနှစ်နဲ့ အခက်ခဲဆုံးနှစ်တွေဆိုတာ…

blank
BALI, INDONESIA - JANUARY 3 : Teuku Zacky and his wife Ilmira did a late postwed session in the rain on January 3, 2012 in Bali, Indonesia. Teuku Zacky is well known celebrity in Indonesia.

တကယ်တော့ အိမ်ထောင်ရေးဆိုတာ တန်ဂို(Tango) အကလိုပါပဲ။ နှစ်ဖက်စလုံးက အတူတူ အားထုတ်မှ၊ လိုက်ဖက်ညီမှ  လှပတဲ့အကလေးဖြစ်လာမှာပါ။ ဒီလိုအားထုတ်ဖို့ဆိုရင် အိမ်ထောင် တစ်ခုမှာ မလွဲမသွေကျော်ဖြတ်ကြရတဲ့ ပျော်ရွှင်ချိန်၊ ခက်ခဲချိန်လေးတွေကိုလည်း သိထားဖို့ လိုအပ် ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ကို မျှဝေရရင်တော့ အိမ်ထောင်တစ်ခုအတွက် အပျော်ရွှင်ဆုံးက လက်ထပ်ပြီး သုံးနှစ်မြောက်အထိလို့ ဆိုပါတယ်။ သုံးနှစ်ရောက်တဲ့အခါ အများစု ထင်ကြတာတော့ သုံးနှစ်အတွင်း ငြင်းခုံရတာတွေ၊ ရန်ဖြစ်ရတာတွေကြောင့် အချစ်က နောက်မှာ ကျန်ခဲ့ပြီဆိုတာပါ။ တကယ်တော့ မဟုတ်ပါဘူး။ သုံးနှစ်မြောက်ရောက်လာမှ စုံတွဲတွေဟာ တစ်ယောက်ရဲ့ အပြစ်အနာအဆာတွေကို တစ်ယောက်က ပိုလက်ခံနိုင်လာပြီး ပိုပြီးလည်း သက်တောင့်သက်သာရှိလာကြတာပါ။ ပြီးတော့ မိမိတို့ရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို စတင်ဖို့ ဆုံးဖြတ်ကြတဲ့အချိန်ဖြစ်သလို အိမ်ထောင်သည်ဘဝရဲ့ နောက်တစ်ဆင့်ဆီ လျှောက်လှမ်းကြ တော့မှာမို့ အပျော်ရွှင်ဆုံးကာလဆိုလည်း မမှားပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒီလိုပဲ အခက်ခဲဆုံးနှစ်ကတော့ ၅ နှစ်မြောက်နဲ့ ၇ နှစ်မြောက်လို့ ပညာရှင်တွေက သုံးသပ် ထားကြပါတယ်။ စုံတွဲတွေ ကွာရှင်းမှုအများဆုံးနှစ်လည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ ကလေးတွေ အ နေနဲ့ သိပ်ငယ်လွန်းသေးသလို ဂရုစိုက်ရတာတွေ၊ အာရုံစိုက်စရာတွေ များပြားပြီး စိတ်ဖိစီးမှုတွေ လည်းပိုဖြစ်ရတာကြောင့် အိမ်ထောင်ရေးမှာ မညီမျှမှုတွေဖြစ်ပေါ်ပြီး အခက်ခဲဆုံးနှစ်လို့ သတ်မှတ်ကြ တာပါ။ ပိုခက်ခဲတာကတော့ ပညာရှင်တွေက “ နံရံ” လို့ အမည်ပေးထားကြတဲ့ ၇ နှစ်မြောက်ဖြစ်ပါ တယ်။ မိသားစုပြဿနာ၊ ကလေးပြုစုစောင့်ရှောက်ရတဲ့ ပြဿနာ၊ စီးပွားရေးကိစ္စတွေနဲ့ အကြမ်းတမ်း ဆုံးရုန်းကန်ရချိန်တွေဖြစ်တာကြောင့်လို့ ဆိုပါတယ်။ အိမ်ထောင်သည်တွေအတွက်တော့ အဲ့ဒီနှစ်က စိန်ခေါ်မှုအများဆုံးပါပဲ။ အဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့အတွက် ပညာရှင်တွေ မျှဝေထားတဲ့ အကြံ ပြုချက်လေးတွေကတော့…

 ၁။ မျှော်လင့်ချက်ကို နည်းနည်းပဲထားပါ။

၂။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးပွင့်လင်းမှုရှိပါ။

၃။ အပြန်အလှန်နားထောင်ပေးပါ။

၎။ အွန်လိုင်းလျှော့သုံးပါ။

၅။ ငွေကြေးပြဿနာတွေကို  ဖြေရှင်းပါ။

ဒီလိုဆိုရင်တော့ အခက်ခဲဆုံးနှစ်တွေကို အောင်မြင်စွာကျော်လွှားနိုင်ပြီး ဇနီးမောင်နှံ ရာသက်ပန်ခရီးလမ်းကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ သင့်မှာလည်း မျှဝေချင်တာလေးတွေရှိရင် comment လေးရေးခဲ့ပါဦးနော်။