သင့်ရှင်သန်မှုက တခြားသူအတွက်မဟုတ်ပါ။

blank

စာချစ်သူတို့ရေ…

မိသားစုတစ်စုမှာ သမီးလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ မိခင်ဖြစ်သူရဲ့ မျက်လုံးက အညိုအမည်းတွေစွဲပြီး ဒဏ်ရာဖြစ်နေတာကိုတွေ့လို့ သမီးက အကျိုးအကြောင်းမေးပါတယ်။

“ ဘာမှမဖြစ်ပါဘူး” လို့ပဲ အမေဖြစ်သူက အကြည့်ခပ်လွှဲလွှဲနဲ့ ပြန်ဖြေခဲ့တယ်။

သမီးဖြစ်သူအရွယ်ရောက်လို့ အိမ်ထောင်ကျသွားပြီး မကြာခင်မှာ မျက်လုံးမှာ အညိုအမည်း ဒဏ်ရာတွေနဲ့ အိမ်ပြန်လာတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက အကြောင်းရင်းကို မမေးဘဲ နှုတ်ဆိတ်နေခဲ့ တယ်။ ဘာကြောင့်လဲဆိုတော့ ဒါကိုအမေလည်းကြုံနေကျမို့ ထွေထွေထူးထူးမဟုတ်ဘူးလို့ တွေးလို့ပါ။

တကယ်တော့ လက်တွဲဖော်ဖြစ်သူက ကိုယ်ထိလက်ရောက်နာကျင်အောင် လုပ်တာဟာ အကြမ်းဖက်မှုပါ။ မိခင်ဖြစ်သူကိုယ်တိုင်က ဖခင်ဆီက အလားတူနှိပ်စက်မှုတွေ ခံလာရတဲ့အတွက် သမီးဖြစ်သူအလှည့်မှာလည်း ကိုယ်ထိလက်ရောက်နှိပ်စက်တတ်တဲ့ခင်ပွန်းသည်ကို ထားခဲ့ဖို့ အကြံ ဉာဏ်ပေးတော့မှာ မဟုတ်ပါဘူး။

သင်ဟာ အဲ့ဒီလိုသမီးတစ်ယောက်၊ ဒါမှမဟုတ် ဇနီးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီစာလေးကို ဖတ်ကြည့်ပါ။

စိတ်ရူးပေါက်တိုင်း  ရိုက်နှက်နှိပ်စက်တတ်တဲ့ယောက်ျားတစ်ယောက်နဲ့အတူ သင့်ဘဝကို ဘာကြောင့်အဆုံးသတ်ချင်တာလဲ။ ငယ်စဉ်ကတည်းက သင်ရလာခဲ့တဲ့ နာကျင်မှုတွေကော၊ သင့်ကိုယ် ပိုင်မိသားစုလေးက ရလာတဲ့နာကျင်မှုတွေကောပေါင်းစပ်ပြီး သင့်ဘဝတစ်လျှောက်လုံးမှာ ထုံထိုင်း တွေဝေနေရလိမ့်မယ်။

အတ္တကြီးပြီး ခွန်အားသုံးအကြမ်းဖက်တတ်တဲ့ လက်တွဲဖော်အနားကနေထွက်ခွာပြီး သင့်ဘဝ ကို သင်ကိုယ်တိုင်ဖန်တီးပါ။ သင့်နာကျင်မှုနဲ့အမှန်တရားတွေကို အကြောင်းကြောင်းတွေကြောင့် ဖုံးကွယ်ဖို့ကြိုးစားနေတာတွေရပ်တန့်ပစ်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စစ်မှန်တဲ့ဘဝလက်တွဲဖော်ဆိုတာ အေးအတူပူအမျှ သင့်အကောင်းအဆိုးအားလုံးကို မျှဝေခံ စားပေးဖော်ပါ။ အပြန်အလှန် အဖော်သဟဲပြုလို့ရသူပါ။ သင့်ကိုနာကျင်စေဖို့ထက် သင့်ဘဝကို လုံခြုံ နွေးထွေးမှုတွေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ အမြဲအားထုတ်တဲ့သူပါ။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသလို လူတစ်ယောက်က လူတစ်ယောက်ကို အကြောင်းမဲ့သက်သက် နာကျင်အောင် နှိပ်စက် ညှဉ်း ပန်းပိုင်ခွင့်မရှိပါဘူး။

ဒါကြောင့် တခြားသူအတွက်သက်သက် သင့်ဘဝကို ရှင်သန်ပေးနေတာတွေကို ဒီနေ့ပဲ ရပ် လိုက်ပါ။ တရားမမျှတတဲ့အကြမ်းဖက်မှုတွေကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါ။

ဒီစာစောင်လေးကိုဖတ်ပြီး တစ်ခုခုခံစားမိတယ်ဆိုရင် LIKE & SHARE လုပ်လိုက်ပါဦးနော်။