မေမေမရှိတဲ့နောက်…..

blank

သို့…

ချစ်ရပါသော ….မေမေရေ…

မေမေဆုံးပါးသွားပေမယ့် အမြဲသတိရနေတတ်တဲ့စိတ်ကသမီးအတွက်တော့ တကယ့်ကိုခံစားရခက်တဲ့ဝေဒနာဆိုးတစ်ခုပါပဲ။

မေမေမရှိတော့တဲ့အချိန်ကစပြီးသမီးတစ်ယောက်တည်းရုန်းကန်နေထိုင်ဖို့ အစစအရာရာခက်ခဲခဲ့ရတယ်။ စိန်ခေါ်တိုက်ခိုက်မှုတွေများစွာတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ အမှားပေါင်းများစွာလည်းပြုလုပ်ခဲ့မိတယ်…မေမေ။ အဲ့ဒီကနေမှ အဆိုးတွေကိုကျော်ဖြတ်ပြီးအကောင်းဆုံးရှင်သန်ဖို့ နည်းလမ်းတွေကိုရှာဖွေခဲ့တယ်။ ခက်ခက်ခဲခဲကြိုးစားမှုတွေကြောင့် အောင်မြင်မှုတွေများစွာလည်းရခဲ့ပါတယ်။ အဲ့ဒီလိုအဆိုးအကောင်းတွေ ရောနေတဲ့ ဘဝပေးသင်ခန်းစာတွေကသမီးကိုလမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးခဲ့တယ်လေ။

အခုသမီးအရွယ်ရောက်လာတော့ ပတ်ဝန်းကျင်ကသမီးကိုမေမေနဲ့ တူတယ်လို့ ပြောကြတယ်။ မေမေကသမီးရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်မို့ အဲ့ဒီလိုအပြောခံရတာသမီးဖြင့် သိပ်ပျော်တာပဲ။ တကယ်ဆိုမေမေကသမီးအတွက် မိခင်တစ်ယောက်သာမက၊ သူငယ်ချင်းတစ်ယောက်ဆိုလည်းမမှားပါဘူး။ မေမေနဲ့အတူရှိနေခဲ့တဲ့အချိန်လေးတွေကသမီးအတွက် ဘယ်တော့မှ မမေ့နိုင်စရာအမှတ်တရနေ့ရက်လေးတွေပါ။

မေမေ….သမီးအနားကထာဝရထွက်ခွာသွားတော့ သမီးရင်ကွဲမတတ်ခံစားခဲ့ရတယ်။ ဒါပေမဲ့

မေမေမရှိတော့ပေမယ့် မေမေဆိုဆုံးမခဲ့တဲ့အတိုင်းသမီးဘဝကိုအကောင်းဆုံး ကြိုးစားနေထိုင်ခဲ့ပါတယ်။ မေမေ.. သမီးဘေးနားရှိနေတယ်ဆိုတဲ့စိတ်နဲ့ပဲအခက်အခဲတွေကိုလည်းကျော်ဖြတ်ခဲ့တယ်။ မေမေဂုဏ်ယူရမယ့် သမီးတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။

အခုတော့ မေမေဆုံးပါးသွားတာကိုသမီးလက်ခံနိုင်အောင်ပဲ ကြိုးစားတော့မယ်။ တကယ်တော့ ဒါဟာလူတိုင်းမလွန်ဆန်နိုင်တဲ့အရာမဟုတ်လားမေမေ။  ဒါပေမဲ့ မေမေ့ကိုတော့ သမီးဘဝမှာဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ပါဘူး။ အဲ့ဒီစိတ်နဲ့ပဲရှေ့ဆက်ပြီးမေမေဂုဏ်ယူရမယ့် သမီးတစ်ယောက်အဖြစ် ကြိုးစားသွားမယ်လို့ မေမေ့ကိုကတိပေးလိုက်ပါတယ်။

ရောက်ရာဘဝကနေမေမေကြားသိနိုင်ပါစေ။

မေမေ့ကိုအမြဲချစ်နေလွမ်းနေမယ့် သမီး။

ဒီစာစောင်ကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။