သမီး အခုရင့်ကျက်လာပြီ မေမေ

blank

မေမေရေ…

သူများတွေအတွက်တော့ မွေးနေ့ဆိုတာ ပျော်စရာကောင်းတဲ့နေ့ရက်လေးတစ်ခုဖြစ်ပေမဲ့ သမီး အတွက်တော့ အမှတ်တရများစွာနဲ့ ဝမ်းနည်းကြေကွဲရတဲ့နေ့ပေါ့။ ဘာလို့လဲဆိုတော့ သမီးသိပ်ချစ်ရတဲ့ မေမေက လွန်ခဲ့တဲ့ ငါးနှစ်၊ သမီးရဲ့၁၅နှစ်ပြည့်မွေးနေ့မှာ ကွယ်လွန်သွားခဲ့တယ်လေ။ အဲ့ဒီကတည်းက မွေးနေ့ရက်တိုင်းဟာ သမီးအတွက် ပျော်စရာမဟုတ်တော့ဘူး။ မေမေ့ကိုသတိရစိတ်နဲ့ သည်းသည်း ထန်ထန်ငိုကြွေးရတဲ့ နေ့ရက်ဆိုးတစ်ခုသာ ဖြစ်ခဲ့တယ်။

တစ်နှစ်ပြီး တစ်နှစ်ဖြတ်ကျော်လာပေမဲ့ သမီးအတွက်တော့ ခံစားချက်တွေက ဟောင်းနွမ်းမ သွားပါဘူး။ တစ်သက်လုံးလည်း အဲ့ဒီလိုခံစားသွားရတော့မှာလားလို့ သမီးတွေးကြောက်မိတယ်။

သမီးအတွက်တော့ မွေးနေ့ဆိုတာ မေမေ့ကိုသတိရအောင် သတိပေးတဲ့နေ့ပဲ။

လွန်ခဲ့တဲ့ငါးနှစ်တုန်းက ထိတ်လန့်ဖွယ်နေ့ရက်ကို ပြန်သတိရစေတဲ့နေ့ပဲ။

သမီးရဲ့မျက်ရည်တွေကို အတောမသတ်နိုင်ငိုကြွေးမိစေတဲ့နေ့ပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အခုသမီးအသက် ၂ဝ ပြည့်မွေးနေ့မှာ သမီးဘေးမှာသမီးကိုချစ်တဲ့သူတွေအများကြီး ဝန်းရံလို့ ပေါ့။ သမီးမှာ သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ ခက်ခဲမှုတွေကို သမီးကျော်ဖြတ်နေချိန် တ လျှောက်လုံး သမီးဘေးမှာ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပေါ့။ သမီးကို ဝိုင်းကြည့်နေ ကြတဲ့ သူတို့မျက်လုံးလေးတွေထဲမှာ သမီးကိုပျော်ရွှင်စေချင်နေတဲ့ မေတ္တာတရားတွေကို မြင်နေရ တယ်။ ကြင်နာနွေးထွေးမှုတွေကို ခံစားရတယ်။ သမီးအနာဂတ်ကောင်းမွန်စေဖို့ မျှော်လင့်ချက်တွေ တွေ့ရတယ်။

သမီးဘေးမှာ မေမေမရှိတော့ဘူး။ ဒါပေမဲ့ သမီးဘေးမှာ သမီးကိုချစ်တဲ့သူတွေ အများကြီးရှိ နေသေးပါလား၊ လောကကြီးမှာ သမီးကိုနွေးထွေးမှုပေးမယ့်သူတွေ အများကြီးရှိနေသေးတာကို သမီး ဒီမွေးနေ့ရောက်မှ ခံစားမိလာတယ်။

တကယ်တော့ သူတို့တွေဟာ သမီးဘေးမှာသမီးနဲ့အတူတူတောက်လျှောက်ရှိလာခဲ့ကြတာပါ။ သူတို့မှာလည်း သမီးလိုပဲ နာကျင်စရာတွေရှိခဲ့တယ်။ မပြည့်စုံမှုတွေ ကြုံတွေ့ခဲ့တယ်။ အခက်အခဲ တွေ ကျော်လွှားခဲ့ကြရတယ်။ ဒါပေမဲ့ သမီးဘေးမှာလည်း ရှိခဲ့ကြတယ်။ သမီးကို ကူညီခဲ့ကြတယ်။

မေမေရေ…

ဒီနေ့ဟာ သမီးအတွက်တော့ နေ့သစ်တစ်ခုကို စတင်လျှောက်လှမ်းတော့မယ့် နေ့ရက်ပါပဲ။  မေမေ့ကို သမီးချစ်တယ်။ အမြဲတမ်းလည်း လွမ်းနေမယ်။ ပြီးတော့ သမီးကိုချစ်တဲ့သူတွေအတွက် လည်း သမီးကြိုးစားတော့မယ်။ မွေးနေ့မှာ မျက်ရည်တွေနဲ့ ဝမ်းနည်းကြေကွဲနေတဲ့ သမီးကို တမလွန် ကမေမေမြင်ရင်လည်း ပျော်မှာမဟုတ်ပါဘူး။ ကျန်ရှိနေသေးတဲ့ သမီးဘဝကို အကောင်းဆုံးဖြစ် အောင် ခွန်အားတွေအပြည့်နဲ့ ကြိုးစားတော့မယ်နော်။ ကိုယ်တစ်ယောက်တည်းလည်းမဟုတ်ဘူး။ လူသားတိုင်းလည်း လွန်ဆန်လို့မရတဲ့ လောကဓံတရားကို ရင့်ကျက်မှုနဲ့ရင်ဆိုင်တော့မယ့် သမီးအ တွက် မေမေလည်း ကျေနပ်ဝမ်းသာလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

ခံစားမှုရသလေးတွေကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်လိုက်ပါ။