နာလွယ်တဲ့ ရင်သွေးလေးတွေပိုင်ဆိုင်စေဖို့

blank

စာချစ်သူတို့ရေ…

“ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတာ ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့အခါရှောင်ရှားသင့်တဲ့အရာတစ်ခုပါ။ မိဘတွေဆီက အတုမြင်အတတ်သင်နေတဲ့  ကလေးငယ်တွေကို ထိရောက်မှုရှိစွာသင်ကြားနိုင်တဲ့နည်းလမ်းက မိဘတွေကိုယ်တိုင်က စံနမူနာယူထိုက်တဲ့သူတစ်ယောက်ဖြစ်အောင်နေခြင်းပါပဲ။ ကလေးငယ်တွေကို မိမိစကားနားထောင်တဲ့ ကလေးတွေဖြစ်စေချင်တယ်ဆိုရင်…..

၁။ သင့်ဆီမှာရှိတဲ့ အခက်အခဲအသေးအဖွဲလေးတွေကို သင့်ကလေးငယ်နဲ့ တိုင်ပင်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကလေးငယ်တွေအနေနဲ့ သူ့အခက်အခဲတွေကိုလည်း သင်နဲ့တိုင်ပင်သင့်တယ်ဆိုတာကို နားလည်လာပါမယ်။

၂။ ကလေးတွေကို ဖုန်းအသုံးမပြုစေချင်ဘူးဆိုရင် သင်အသုံးပြုရခြင်းဟာ အလုပ်အတွက်လိုအပ်လို့ဖြစ်ကြောင်းရှင်းပြပါ။ ကလေးရှေ့မှာ ဖုန်းအသုံးပြုတာကို တတ်နိုင်သလောက် ရှောင်ရှားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကလေးကို ဒေါသတကြီးအော်ငေါက်တာမျိုးရှောင်ကြဉ်ပါ။ ဒေါသကိုမြင်ပါများတဲ့ကလေးငယ်တွေဟာ ပေါက်ကွဲလွယ်ပြီး ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်စွမ်းလျော့ကျလာတတ်ပါတယ်။

၎။ ကလေးငယ်တွေမှာ သူတို့တန်ဖိုးထားတဲ့အရာလေးတွေရှိပါတယ်။ သူတို့တန်ဖိုးထားတဲ့အရာလေးတွေကို လေးစားခြင်းဖြင့် သူတို့ရဲ့လေးစားမှုကို ရရှိနိုင်ပါတယ်။

၅။ ကလေးငယ်တွေဟာ မိဘတွေရဲ့ တစ်ဦးပေါ်တစ်ဦးဆက်ဆံပုံ၊ အခြားသူတွေအပေါ်ဆက်ဆံပုံတွေကို အမြဲတမ်းလေ့လာအကဲခတ်နေတာဖြစ်ပါတယ်။ လိမ္မာယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က နမူနာကောင်းတစ်ခုဖြစ်အောင်နေသင့်ပါတယ်။

၆။ ကလေးငယ်တွေဟာ မိဘတွေကိုကြောက်ရွံ့ပြီး ဘာမှမပြောရဲမဆိုရဲဖြစ်နေတာမျိုး မဖြစ်အောင်နေပါ။ မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်လာနိုင်တဲ့အခါ ကလေးငယ်ရဲ့ဘဝမှာ အမှားနည်းလာပြီး မိမိကိုယ်ကိုယုံကြည်မှုလည်း ပိုရှိလာပါတယ်။

၇။ ကလေးငယ်တွေ အမှားတစ်ခုခုကျူးလွန်တဲ့အခါ ခွင့်လွတ်ပေးပါ။ နောက်တစ်ကြိမ်မမှားဖို့ တည်တည်ငြိမ်ငြိမ်နဲ့ပြောပြပေးပါ။ သင်မှားတဲ့အခါမှာလည်း ဝန်ခံပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် လူတိုင်းဟာ မှားတတ်တယ်ဆိုတဲ့သဘောတရားကိုနားလည်လာပြီး ရိုးသားစွာဝန်ခံခြင်းကို သဘောပေါက်လာမယ်။

အထက်ပါအချက်လေးတွေကို လိုက်နာပြီး စံပြမိဘတွေဖြစ်နိုင်ကြပါစေရှင်။

သဘောကျခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။