သင်ဟာငွေရေးကြေးရေးဆိုင်ရာအကြမ်းဖက်ခံနေရသူလားဆိုတာသိနိုင်စေဖို့
blank
စာချစ်သူတို့ရေ…
လူအများစုကမိသားစုတစ်စုမှာအိမ်ကောင်း၊ ကားကောင်းနဲ့ ကျောင်းကောင်းကောင်းတက်ကြတာတွေကို မြင်ရင်အားကျတတ်ကြပါတယ်။
တကယ်တမ်းတချို့မိသားစုထဲမှာကိုယ့်ဝင်ငွေကိုယ်မသုံးရဘဲတစ်ယောက်တည်းကဝင်ငွေအားလုံးကိုထိန်းချုပ်ပြီးဖိနှိပ်နေကြတာကိုတော့အပြင်လူတွေကမရိပ်မိတတ်ကြပါဘူး။အဲ့ဒီအရာကိုပြဿနာလို့လည်းလူအများစုကမထင်ကြပါဘူး။
မိသားစုအနေနဲ့လည်းစားဝတ်နေရေးအတွက်နေ့စဉ်းရုန်းကန်နေရတာမို့  အဲ့ဒီလိုကိစ္စတွေကိုတိတ်တဆိတ်ဖြေရှင်းရင်းနဲ့ပဲအချိန်တွေကုန်သွားတတ်ကြတယ်။အထူးသဖြင့် အများရှေ့မှာပေးကမ်းရက်ရောတတ်သူတစ်ယောက်လိုဟန်ဆောင်ပြီးမိသားစုထဲမှာတော့ ငွေကြေးသုံးစွဲမှုကိုချုပ်ကိုင်ဖိနှိပ်တတ်တဲ့သူမျိုးရှိနေခဲ့ရင်ဒါဟာအဲ့ဒီမိသားစုအတွက် ပြဿနာတစ်ခုပါ။ အဲ့ဒီလိုလူမျိုးတွေဟာမိမိလက်တွဲဖော်ကိုကိုယ်ရေးကိုယ်တာအတွက်တောင် ငွေကိုင်သုံးစွဲခွင့်မပေးတတ်ကြပါဘူး။ငွေကြေးနဲ့ ပတ်သက်ပြီးစည်းမျဉ်းတွေ တင်းကြပ်ထားတတ်ကြတယ်။
ဤစာစောင်ကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ဒါကြောင့် သင့်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အသုံးစရိတ်တွေကိုတခြားတစ်ယောက်ကိုထိန်းချုပ် ကန့်သတ်ခွင့်မပေးပါနဲ့ ။ အဲ့ဒီလိုထိန်းချုပ်ခြင်းကြောင့် သင်နဲ့ သင့်လက်တွဲဖော်အကြားတဖြည်းဖြည်းဆက်ဆံရေးတင်းမာလာပြီးငွေကြေးအရဖိနှိပ်မှုအသွင်ဖြစ်လာတတ်ပါတယ်။ အများအမြင်မှာတောက်ပသစ်လွင်တဲ့အရာတွေသုံးစွဲပြတတ်ခြင်းကအဲ့ဒီလိုအတ္တစိတ်ရှိတဲ့လူမျိုးတွေရဲ့ ပရိယာယ်တစ်ခုလည်း ဖြစ်တတ်ပါတယ်။
တကယ်တော့ လူတိုင်းမှာကိုယ်ရှာတဲ့ငွေအတွက် ကိုယ်တိုင်လွတ်လပ်စွာသုံးစွဲခွင့်ရှိပါတယ်။ အဲ့ဒီလွတ်လပ်ခွင့်ကိုတခြားသူကထိန်းချုပ်ထားတာမျိုးမဖြစ်သင့်ပါဘူး။ မိသားစုတိုင်းမှာမတူညီတဲ့ အခြေအနေကိုယ်စီရှိနိုင်ပေမဲ့ ငွေကြေးဆိုင်ရာအကြမ်းဖက်မှုအသွင်ဆောင်နေရင်တော့ အဲ့ဒီအခြေအနေကိုတရားမျှတအောင် ပြောင်းလဲဖို့ ကြိုးစားသင့်ပါတယ်။
စာစောင်လေးနဲ့ပတ်သက်ပြီးပြောစရာလေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။