ချစ်တဲ့စိတ်နဲ့ မွန်းကြပ်တဲ့ စိတ်နှစ်ခုအကြား ဘာလုပ်ရမလဲ။

blank

ကျွန်တော့်ချစ်သူက ကျွန်တော့်အပေါ် အရမ်းကို ဆိုးတယ်ဗျာ။ အစပိုင်းမှာ ချစ်လို့ဆိုးတယ်လို့ ခွင့်လွှတ်နားလည်ပေးနိုင်ပေမယ့် အမြဲတမ်းလိုလိုဆိုတော့ ကျွန်တော်မောလာတယ်ဗျာ။ တစ်ခုခုဆိုရင် သူပြောတဲ့အတိုင်းဖြစ်မှ၊ သူတောင်းဆိုတာတွေကို မဖြည့်ဆည်းပေးနိုင်ရင် ကျွန်တော့်ကိုစကားမပြောတော့ဘူး။ အကျိုးသင့်အကြောင်းသင့်ရှင်းပြရင်လည်း နားလည်မပေးဘူး။ သူခေါ်တဲ့အချိန်ပြေးသွားမှ၊ သူစားချင်တာဆိုရင် ဘာပဲဖြစ်နေဖြစ်နေဝယ်ပို့ခိုင်းတယ်။ အဲ့ဒါတွေကို ကျွန်တော်က ချစ်လို့ဆိုးတယ်လို့ နားလည်ပေးနိုင်ပေမယ့် ကျွန်တော်မကြိုက်တာမှန်သမျှကို အရွဲ့တိုက်ပြီးလုပ်တာပဲဗျာ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခုနောက်ပိုင်းမှာဆိုရင် လိုင်းပေါ်မှာ ကောင်လေးတွေနဲ့ အီစီကလီလုပ်တယ်။ ကျွန်တော်ရှင်းတော့လည်း သူက မဟုတ်ဘူးလို့ငြင်းတယ်။ သူကျတော့ လုပ်ချင်ရာလုပ်ပြီး ကျွန်တော့်ကိုအမြဲလွှမ်းမိုးချုပ်ကိုင်တယ်။ ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ အလုပ်မအားဘူးဆိုရင်လည်း နားလည်မပေးဘူး။ ကျွန်တော့်သူငယ်ချင်းတွေ၊ သူ့သူငယ်ချင်းတွေရှေ့ဆို ကျွန်တော့်ကိုအရမ်း အနိုင်ယူပြတယ်။ ကျွန်တော်လေ အစပိုင်းမှာတော့ ချစ်လို့ဆိုတဲ့ စိတ်နဲ့ နားလည်ပေးဖို့ကြိုးစားပေမယ့် ကြာလာတော့ ကျွန်တော့်သိက္ခာတရားတွေ၊ ကျွန်တော့်မာနတွေကို အရမ်းထိခိုက်လာတယ်ဗျာ။ ကျွန်တော်လေ..သူမကို ချစ်တဲ့စိတ်ကတစ်ဖက်၊ မွန်းကြပ်လာတဲ့စိတ်က တစ်ဖက်နဲ့ အရမ်းနေရခက်လာတယ်ဗျာ။

ကျွန်တော် ဘာလုပ်ရမလဲဟင်…။