ရင့်ကျက်တဲ့ မိန်းကလေးတွေရဲ့ အချစ်ရေး…

blank

ရင့်ကျက်တဲ့အမျိုးသမီးတွေဟာ….

၁။ ချစ်သူပေါ်မှာမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ မထားတတ်ကြဘူး။ ချစ်သူကိုအသိအမှတ်ပြုတယ်။ ခံစားချက်တွေကိုလည်းချစ်သူသိအောင် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကြတယ်။

၂။ ချစ်သူကိုအသေးအဖွဲကိစ္စတွေတိုင်းအတွက် ကျေးဇူးတင်စကားဆိုတတ်တယ်။ အချစ်ရေးကိုသာယာပျော်ရွှင်စေမယ့် အသေးအဖွဲကိစ္စတွေတိုင်းကိုဂရုစိုက်တတ်ကြတယ်။

၃။ အချစ်ရေးကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေကိုလျစ်လျူရှုတာမျိုးရှောင်ကြဉ်ကြတယ်။ အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်းအဆင်ပြေအောင် အချိန်ပေးဂရုစိုက်တတ်ကြတယ်။

ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ငွေကြေးနဲ့ပတ်သက်ပြီးချစ်သူ(သို့မဟုတ်) အိမ်ထောင်ဖက်အပေါ်မှာလုံးဝမှီခိုနေတာမျိုးမလုပ်တတ်ဘူး။ ကိုယ်ပိုင်ရပ်တည်ချက်တွေကိုတန်ဖိုးထားပြီးငွေကြေးဆိုင်ရာကိုယ်တိုင်ရဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုကောင်းစွာတည်ဆောက်တတ်ကြတယ်။

၅။ အချစ်ရေးကြောင့် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကိုစွန့်လွတ်ပစ်တာမျိုးကိုရှောင်ကြဉ်ကြတယ်။ အလုပ်အကိုင်နဲ့ အချစ်ရေးကို မျှမျှတတထိန်းချုပ်ပြီးလုပ်ငန်းခွင်ကောအချစ်ရေးကိုပါ အောင်မြင်အောင် တည်ဆောက်နိုင်ကြတယ်။

၆။ ချစ်သူရဲ့ အားနည်းချက်တွေကိုထောက်ပြပြီးစကားနာထိုးတာမျိုး၊ အတိတ်ကအမှားတွေကိုတူးဆွတာမျိုးတွေ မလုပ်တတ်ကြဘူး။ လူတိုင်းမှာအားနည်ချက်တွေရှိတယ်ဆိုတာကိုလက်ခံတဲ့အတွက် ချစ်သူရဲ့ အားနည်းချက်တွေကိုအမှန်အတိုင်းလက်ခံပြီးကောင်းမွန်လာအောင် ကူညီအားပေးတတ်ကြတယ်။

အချစ်ရေးတစ်ခုမှာဘယ်လိုမျိုးရင့်ကျက်မှုတွေ လိုနေသေးတယ်လို့ ထင်ပါသလဲ။ သင့်ရဲ့အမြင်လေးတွေကိုဝေမျှပေးလိုက်ပါဦး။