ကိုယ့်ကိုနာကျင်ပင်ပန်းနေစေတဲ့ အချစ်ရေးကို ဘယ်လိုလုပ်ရမလဲ။

blank

လူကိုနာကျင်ဒဏ်ရာရအောင် ရိုက်နှက်တာကိုပဲ လူတွေက အနိုင်ကျင့်တယ်လို့ ယူဆကြတယ်။ စိတ်ထဲမှာ ဒဏ်ရာအနာတရတွေရအောင် ထိုးနှက်တာတွေကကော အနိုင်ကျင့်တာမဟုတ်ဘူးလား။ အချစ်ရေးသာယာအဆင်ပြေအောင် တစ်ဖက်တည်းကပဲ ကြိုးစားနေရတယ်။ တစ်ယောက်တည်းကပဲ အမြဲကြိုးစားနေရတယ်။ တစ်ဖက်သတ်ချည်းပဲ အမြဲကြိုးစားနေရတဲ့အခါ အချစ်ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ပူလောင်လာတယ်။

ဖုန်းအဝင်ကောလ်တွေကို မျှော်ရင်းအမြဲမောပန်းနေရတယ်။

ဂရုစိုက်မှုသေးသေးလေးတွေကိုမျှော်ရင်း ရင်မောနေရတယ်။

သဝန်တိုခြင်းဆိုတာ အချစ်ရေးရဲ့ အနှစ်သာရလို့ သဘောထားပြီး နေရာတိုင်းမှာ လိုက်ချုပ်ချယ်တတ်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအတွက်အချိန်မပေးနိုင်အောင် ချုပ်ကိုင်ထားပေမယ့် လိုချင်တဲ့ဂရုစိုက်မှုတွေကိုတော့ ငတ်မွတ်နေရတယ်။ အချစ်ဆိုတာကလေ ဘာမှန်းသေချာမသိခင်မှာ ရင်မောနေခဲ့ရတယ်။ တွယ်တာလွန်းတာလား၊ ဥပေက္ခာပြုလွန်းတာလား မသိအောင် တွန်းထုတ်လိုက် ဆွဲခေါ်လိုက်နဲ့ တစ်ခါတလေမှာ ကြောင်လေးတစ်ကောင်လို ခံစားရတယ်။ သူ့စိတ်အခြေအနေပေါ်မူတည်ပြီး လူကိုဆက်ဆံတယ်။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို မင်းသမီးလေးတစ်ပါးလို ခံစားရပြီး တစ်ခါတလေမှာတော့ အဖိုးမတန်တဲ့ လူတစ်ယောက်လို ခံစားရပြန်ရော။

ကိုယ်ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြန်ရင် နားမလည်၊ သိုဝှက်ထားပြန်တော့ စိတ်ပင်ပန်း။ သူ့ကိုအပြစ်တင်လိုက်ရင် ပြတ်သားနိုင်မယ့် သူက ပစ်ထားခဲ့မှာ စိုးရိမ်ရပြန်ရော။ သူ့ကိုနားလည်အောင်ကြိုးစားပေးရင်း ကိုယ့်ကိုယ်ကိုတောင် နားမလည်ဖြစ်လာမိတယ်။ ဆုပ်လည်းစူး၊ စားလည်းရူးမယ့် အချစ်ရေးမှာ ပင်ပန်းလိုက်တာ။ ကျွန်မဘာလုပ်ရမလဲဟင်…။