ချစ်သူတွေကြားမှာ ရိုမန်တစ်အဆန်ဆုံး ချစ်ခွင့်ပန်နည်း ၇ ခု

blank
၁။ ဒင်နာစားရင်း ချစ်ခွင့်ပန်ခြင်း။

နိုင်ငံတကာမှာ ရေပန်းအစားဆုံးချစ်ခွင့်ပန်နည်းတွေထဲက တစ်ခုပါ။ မိန်းကလေးအများစုဟာ ချစ်တဲ့သူဆီက ဒီလိုစိတ်ကူးယဉ်ဆန်ဆန်ချစ်ခွင့်ပန်နည်းကို တိတ်တခိုးမျှော်လင့်လေ့ရှိတတ်ကြပါ တယ်။ သီးသန့်ခန်းလေးတစ်ခုထဲမှာ သူမအနှစ်သက်ဆုံးတေးသွားလေးကို ဖွင့်ထားပြီး ဖယောင်းတိုင် မီးလေးတွေထွန်းထားပါ။ မိန်းမသားတစ်ယောက်အဖို့ မငြင်းရက်စရာ ရိုမန်တစ်အဆန်ဆုံး ချစ်ခွင့်ပန် ခြင်းဖြစ်သွားမှာ အသေအချာပါပဲ။

၂။ လျှပ်တစ်ပြက်ချစ်ခွင့်ပန်ခြင်း။

နှစ်ဦးသားကြားနားလည်မှုရှိနှင့်နေပြီးသားသူတွေအတွက် ပိုအသုံးဝင်တဲ့နည်းလမ်းလေး ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မထားဘဲ ကြုံကြိုက်တဲ့အချိန်ကိုရွေးပြီး ဖွင့်ပြောလိုက်တာက မိန်း ကလေးအတွက်လည်း အံ့အားသင့်စွာ ရင်ခုန်ပျော်ရွှင်သွားစေမှာပါ။

၃။ အထိမ်းအမှတ်နေ့တစ်ခုခုမှာ ချစ်ခွင့်ပန်ခြင်း။

သူမရဲ့မွေးနေ့၊ ဒါမှမဟုတ် ချစ်သူများနေ့၊ ဒါမှမဟုတ် သူမနှစ်သက်တဲ့ ပွဲတော်ရက်တစ်ခုခုမှာ ချစ်ခွင့်ပန်တာက သူမအတွက် ဘယ်တော့မှ မမေ့ပျောက်နိုင်စရာ အမှတ်တရဖြစ်သွားစေမှာ သေချာ ပါတယ်။

၎။ နှစ်ဦးသားအတွက် အမှတ်တရနေရာလေးမှာ ချစ်ခွင့်ပန်ခြင်း။

စုံတွဲတိုင်းမှာ နှစ်ဦးတည်းသိတဲ့ အမှတ်တရကိုယ်ပိုင်နေရာလေးတွေ ရှိတတ်ကြပါတယ်။ သင့် အနေနဲ့ သင်ချစ်နေတဲ့ကောင်မလေးကို ချစ်ခွင့်ပန်မယ်ဆိုရင် ခမ်းနားကြီးကျယ်တဲ့နေရာတွေကို ရွေး ချယ်တာထက် အမှတ်တရကိုယ်ပိုင်နေရာလေးကို ရွေးချယ်တာက ပိုပြီး ရိုမန်တစ်ဆန်ပါတယ်။ သူမ ကို အဲ့ဒီနေရာလေးခေါ်သွားပြီး သင့်ခံစားချက်ကို ဖွင့်ပြောလိုက်တဲ့အခါ သူမ တကယ်ပျော်ရွှင်သွားမှာ အသေအချာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သူမနှစ်သက်တဲ့ ရေဒီယို၊ ဒါမှမဟုတ် ရှိုးတစ်ခုပေါ်ကနေ ချစ်ခွင့်ပန်ခြင်း။

သင့်ကောင်မလေးက ဂီတ၊ ဒါမှမဟုတ် FM အစီအစဉ်လေးတွေ နားထောင်ရတာ နှစ်သက်သူ တစ်ယောက်ဆိုရင် အဲ့ဒီအစီအစဉ်တွေကတစ်ဆင့် တစ်ကမ္ဘာလုံးရှေ့မှာ သူမကို ချစ်ခွင့်ပန်ရမှာ တ ကယ်ကောင်းတဲ့အခွင့်အရေးပါပဲ။ သင့်အနေနဲ့ သင့်ခံစားချက်ကို ဖော်ပြတဲ့ သီးသန့်သီချင်းကိုလည်း တောင်းဆိုနိုင်ပါတယ်။ ဒီနည်းလမ်းက သူမကို လုံးဝအံ့အားသင့်သွားစေမှာပါ။

၆။ အသစ်အဆန်းလေးတွေနဲ့ ချစ်ခွင့်ပန်ခြင်း။

မိန်းကလေးတွေဟာ ပင်ကိုယ်အားဖြင့် နွေးထွေးတဲ့နှလုံးသားရှိသူတွေပါ။ ဒါကြောင့် အားထုတ် မှုသေးသေးလေးပဲ ဖြစ်ပါစေ၊ တီထွင်ဖန်တီးမှုလေးတွေနဲ့ သူမကို ချစ်ခွင့်ပန်ပါ။ ဥပမာ နိုင်ငံတကာ နည်းလမ်းတစ်ခုဖြစ်တဲ့ ချစ်စရာကတ်လေးတွေ ဖန်တီးပေးတာ၊ နည်းပညာသုံးပြီး သူမကို ချစ်ခွင့်ပန်ဖို့ Page လေးတွေ ဖန်တီးတာမျိုးပေါ့။

၇။ စာရေးပြီး ချစ်ခွင့်ပန်ခြင်း။

သင့်မှာ ကဗျာဉာဏ်ရှိရင် သူမအတွက် ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ် သီချင်းတစ်ပုဒ်ဖန်တီးရေးဖွဲ့ ပေးနိုင်ပါတယ်။ သူမက သင့်ရဲ့ထာဝရရည်ရွယ်သူလေးဖြစ်ကြောင်းကို စာတွေ၊ ကဗျာတွေထဲ ထည့် သွင်းရေးဖွဲ့တာက တကယ့်ကိုရိုမန်တစ်ဆန်တဲ့ ချစ်ခွင့်ပန်နည်းတစ်ခုပါပဲ။

နည်းလမ်းလေးတွေကို သဘောကျတယ်ဆိုရင် SHARE လိုက်ပါဦးနော်။