အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မိန်းမသားတွေအပေါ် ဂျင်းထည့်နေတာတွေ ရပ်လိုက်ကြပါစို့။

blank

လူပျိုလူလွတ်အမျိုးသားတစ်ယောက် ချက်ပြုတ်လျှော်ဖွပ်နေတာမြင်ရင် လူအများစုက “ အံ မယ်လေး… မိန်းမတစ်ယောက်သာ ကောက်ယူလိုက်စမ်းပါ။ ဒါတွေ ဘာမှလုပ်စရာမလိုတော့ဘူး” ဆို ပြီး ရယ်ပွဲဖွဲ့ပြောလေ့ရှိကြပါတယ်။

မိန်းမသားအချင်းချင်းတောင်မှ ကိုယ့်ဝေယျာဝစ္စကိုယ်မလုပ်ချင်တဲ့ သားဖြစ်သူကို မိခင်တချို့ ပြောလေ့ရှိကြတာက “ အဲ့လိုအပျင်းထူချင်ရင် သားကိစ္စတွေအကုန်လိုက်လုပ်ပေးမယ့် မိန်းမတစ် ယောက်တော့ ယူမှဖြစ်မယ်” တဲ့။

အဲ့ဒါတွေကြည့်ရင် လက်ထပ်ခြင်းနဲ့ပတ်သက်လာရင် အမျိုးသမီးတွေအပေါ် အဲ့ဒီအတွေး အ ခေါ်တွေနဲ့ ခေတ်အဆက်ဆက် ဂျင်းထည့်လာကြတာ သိသာပါတယ်။  မိန်းမယူတာဟာ သားသမီး မွေးခိုင်းဖို့၊ ချက်ပြုတ်သန့်ရှင်းရေးလုပ်ခိုင်းဖို့ ဆိုတဲ့အတွေး အမျိုးသားအများစုခေါင်းထဲမှာ ငယ်ငယ် ကတည်းက စွဲလာကြပါတယ်။ ဒါဟာ ဝမ်းနည်းစရာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးအများစုရဲ့ အိမ်ထောင်ကျစကနေ အသက်အရွယ် ကြီးရင့်ချိန်အထိ အရွယ်သုံးပါးဟာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဖြတ်သန်းကြရပါတယ်။ ခင်ပွန်းသည် အလုပ်ကပြန်လာပြီး ထမင်းပွဲလေးအဆင်သင့်ဝင်စား၊ ဖုန်းတစ်လုံးနဲ့ တီဗွီရှေ့ထိုင်နေ ချိန်မှာ ဇနီးသည်ခမျာမှာတော့ မိုးလင်းကလည်းလုပ်လာတဲ့ အိမ်မှုကိစ္စတွေနဲ့နပမ်းလုံးနေရရှာသေး တာပါ။ ဒါဟာ လူအများစုရဲ့ပတ်ဝန်းကျင်တိုင်းမှာ နေ့စဉ်တွေ့မြင်နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ယုံပါ။ ယောက်ျားတစ်ယောက်က …

  • သူစားပြီးသားပန်းကန်ကို သူကိုယ်တိုင်ဆေးတာမှားတယ်လို့ ဘယ်ပညာရှိကမှ မပြောခဲ့ပါဘူး။
  • သူဝတ်ပြီးသားအဝတ်ကို သူကိုယ်တိုင်လျှော်တာမှားတယ်လို့ ဘယ်ပညာရှိကမှ မပြောခဲ့ပါဘူး။
  • သူအိပ်ခဲ့တဲ့အိပ်ရာကို သူကိုယ်တိုင်ပြန်သိမ်းတာမှားတယ်လို့ ဘယ်ပညာရှိကမှ မပြောခဲ့ပါဘူး။
  • ပျင်းစရာအိမ်မှုကိစ္စတွေကို ဇနီးနဲ့အတူ ဝိုင်းကူလုပ်ပေးတာ မှားတယ်လို့ ဘယ်ပညာရှိကမှ မပြောခဲ့ပါဘူး။

တကယ်တမ်း ယောက်ျားတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်က ဂျင်းထည့်ထားသလို ကလေး တစ်ယောက်လိုပြုစုယုယခံချင်ရုံသက်သက်ဆိုရင် မိန်းမယူနေစရာမလိုပါဘူး။ အမေ့အိမ်မှာနေပြီး တစ် သက်လုံး အမေ့သားလုပ်နေလို့ ရပါတယ်။ တစ်ယောက်တည်းနေပြီး ပြုစုဖို့ လူငှားထားလို့ ရပါတယ်။ လက်တွဲဖော်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘဝတစ်လျှောက်လုံးရဲ့ အကောင်းအဆိုး၊ အနိမ့်အမြင့် အတက်အ ကျမှန်သမျှကို အေးအတူပူအမျှ လက်တွဲရင်ဆိုင်ဖော်၊ ရဲဘော်ရဲဘက်ပါ။ အိုမင်းမစွမ်းဖြစ်လာတဲ့ အခါ အပြန်အလှန်ပြုစုစောင့်ရှောက်ပေးမယ့် ဆေးပေးမီးယူဆိုတဲ့ အဓိပ္ပာယ်ပါ။

အမျိုးသမီးတွေဆိုတာလည်း အမျိုးသားတွေလိုပဲ သွေးနဲ့သားနဲ့တည်ဆောက်ထားတဲ့ ခံစားမှုရှိ သူတွေဖြစ်တဲ့အတွက် မြတ်နိုးခံရထိုက်သူတွေ၊ တန်ဖိုးထားခံရထိုက်သူတွေ၊ အချစ်ခံရထိုက်သူတွေပါ။ အသုံးချခံတွေ မဟုတ်ပါဘူး။ ယောက်ျားသားတွေနဲ့ အတူတူပါပဲ။

ဒါပေမဲ့ ဂန္ထဝင်စာချစ်သူမိန်းမသားတွေရဲ့ ခင်ပွန်းသည်တွေကတော့ အပေါ်မှာ ရေးထားတဲ့ ယောက်ျားသားတွေထဲမှာ မပါဝင်ဘူးလို့ ယုံကြည်ပါတယ်နော်။ ဒါကြောင့် ဒီစာစောင်လေးကို ဖတ်ဖို့ သင့်ခင်ပွန်းကို ဂုဏ်ယူစွာနဲ့ mention လေးခေါ်ပေးလိုက်ပါဦး။